ငယ်ငယ်တုန်းက SSC ဆေးရုံကြီးရှေ့ မှာ အသုပ်ရောင်းခဲ့ရတဲ့ အကြောင်းပြောလာတဲ့ ဖြူဖြူထွေး
Unicode
ပရိသတ်တွေ ကို ရယ်စရာဟာသ video လေးများ နဲ့ တင်ဆက်ပေးရင်း နာမည်ကြီးလာတဲ့ ဖြူဖြူထွေးဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ ဝါသနာ အနပညာပိုးကြောင့် ခုဆိုရင် ကြော်ငြာများစွာ နဲ့ အနုပညာလှုပ်ရှားမှုများစွာ လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက်ငယ်ငယ်တုန်းက SSC ဆေးရုံကြီးရှေ့ မှာ အသုပ်ရောင်းခဲ့ရတဲ့အကြောင်းပြောထားတဲ့ ဖြူဖြူထွေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ဖြူဖြူထွေးက Online ပေါ်မှာ ရယ်စရာဟာသ video လေးတွေရိုက်ရင်း ကနေပရိသတ်တွေအားပေးမှုများလာပြီး ခုဆိုရင်အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင် အနုပညာအလုပ်တွေ လုပ်ကိုင်နေတာပါ။ဖြူဖြူထွေးက သူမ ရန်ကုန်စရောက်တုန်းက ငယ်ငယ်တုန်းက SSC ဆေးရုံကြီးရှေ့ မှာ အသုပ်ရောင်းခဲ့ရတဲ့ အကြောင်းကို ခုလို ပြောထားပါတယ်။
ဖြူဖြူထွေး က ” ၁၀ပေလောက်ပဲရှိတဲ့ အခန်းလေးမှာ ခြေဆန့်နေခဲ့ရတာ နေတဲ့ အိမ်လေးက SSC ဆေးရုံနောက်မှာနေတာ။ SSC ဆေးရုံရှေ့မှာ အသုပ်ရောင် စားပွဲထိုးလုပ်ရင်း အစ်မကို ပြောဖူးတယ် မမ ညီမလေး တနေ့ကျရင် အဲဒီဆေးရုံ ပေါ်ကြီးကနေ လက်ပြနိုင်ရမယ်လို့ ။ ပြီးတော့ ညီမပြောတဲ့စကားတိုင်းက ဖြစ်တယ်။SSC ပေါ်မှာ စာမေးပွဲဝင်ဖြေပြီး ညီမ သူနာပြု အလုပ်ရသွားတယ်။ ” လို့ပြောထားပါတယ်။
ပြီးတော့ ” TV ကြည့်ပြီး MMDC က TV Presenter လုပ်ချင်သွားပြန်ရော။ အစ်မကို မမ ညီမလေး TV မှာ ပါအောင်လုပ်ပြမယ်ပြောပြီး Presenter လုပ်ဖြစ်တယ်။ပြီးတော့ ငယ်ငယ်တုန်းက ချမ်းသာတဲ့ သူငယ်ချင်းတွေ အားကျတယ် သူတို့က ကျောင်းကို ကားနဲ့လာကြတော့ နောက်ပိုင်း ညီမအောင်မြင်လာတော့ ကားဝယ်စီးပြီး စာမေးပွဲ သွားဖြေခဲ့တယ် တိုက်ခန်းအကောင်းစားကြီးမှာလည်း နေချင်တယ် နောက်ဝယ်နိုင်တော့မှာပါ ညီမပြောတဲ့ အရာတိုင်းက ဖြစ်တယ်ဆိုတော့” လို့ ပြောထားပါတယ်။Credit-burmese asia