Latest Posts

မြန်မာနိုင်ငံသား တစ်ဦးပေါ်တွင် တရုတ်နိုင်ငံ၏ ကြွေးမြီ ကျပ် ၁ သိန်း ၂ သောင်းခန့် တင်ရှိနေ

မြန်မာနိုင်ငံသား တစ်ဦးပေါ်တွင် တရုတ်ကြွေးမြီ ကျပ် ၁ သိန်း ၂ သောင်းခန့်တင်ရှိနေအတိုးနှုန်းမြင့်သည့် တရုတ်ကြွေးမြီများ ပြန်ဆပ်နိုင်ရေး နည်းလမ်းရှာရန် လွှတ်တော်အမတ်များ တိုက်တွန်းပြည်ပကြွေးမြီကန်ဒေါ်လာသန်းတစ်သောင်းကျော်အနက် တရုတ်နိုင်ငံကြွေးမြီ သန်းလေးထောင်ရှိအတိုးနှုန်းမြင့်သော တရုတ်နိုင်ငံကြွေးမြီများ ပြန်ဆပ်နိုင်ရေး နည်းလမ်းရှာရန် ယမန်နေ့ကကျင်းပသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်း သည်။၂၀၁၈ ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာထုတ်ပြန် ရေးနှင့် ယင်းအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်၊ သဘောထားမှတ်ချက်အစီရင်ခံစာ တို့နှင့်ပတ်သက်ပြီး ဇန်နဝါရီ ၂၄ ရက်က ကျင်းပ သည့် ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးစဉ် ထိုသို့ ပြောကြားခဲ့ သည်။‘တရုတ်ရဲ့ ကြွေးမြီဝန်ထုပ် ဝန်ပိုးအနေနဲ့ တရုတ်ကြွေးမြီက လေးဘီလီယံကျော်ရှိပါတယ်။ ပျမ်းမျှအတိုးနှုန်းဟာ လေးရာခိုင် နှုန်းဝန်းကျင်မှာ ရှိပါတယ်။ တရုတ်ကြွေးမြီအများစုဟာ အရင်အစိုးရအဆက်ဆက်က ချေးယူခဲ့ တဲ့ ငွေတွေ ဖြစ်ပြီးတော့မှ ယခုအခါ ကြွေးမြီပြန်ဆပ်ရမယ့်ကာလကို ဆိုက်ရောက်နေပြီဖြစ်ပါတယ်’’ ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးသန်းစိုးက ပြောသည်။ချောက်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးကလည်း ‘‘ချေးငွေ စုစုပေါင်း တစ်သောင်းကျော်မှာ တရုတ်နိုင် ငံက ချေးထားတာ ဒေါ်လာသန်း လေးထောင်ကျော်ဖြစ်ပါတယ်။ သူ့အနေနဲ့ အတိုးနှုန်းလည်း မြင့်တယ်။ ဒါကြောင့်မို့လို့ စာချုပ်မှာ ပါငြားသော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ ဒီပိုက်ဆံကို အမြန်ဆုံးဆပ်ပေးဖို့အတွက် အကြံပြုတိုက်တွန်းချင်ပါတယ်’’ဟု ပြောသည်။
တရုတ်ကြွေးမြီများ မည်သို့ ပြန်ဆပ်ရန်နှင့် ပတ်သက်ပြီး နည်းလမ်းရှာရန် ကြွေးမြီပြန်ဆပ်ရေး မဟာဗျူဟာနည်းလမ်း အထူး အရေးကြီးလိုအပ်ကြောင်း ဦးသန်း စိုးက ပြောသည်။
‘တချို့လက်တင်အမေရိက တချို့နိုင်ငံတွေမှာ သူတို့ရဲ့ပြည် တွင်းထုတ်ကုန်အနေနဲ့ ပြန်ဆပ်ပါ တယ်။ အဲဒီအတွေ့ အကြုံတွေက ပြီးခဲ့တဲ့နှစ်ပေါင်း ၁၀ နှစ်၊ ၁၅ နှစ် လောက်က သုတေသနစာတမ်း တွေမှာ ဖတ်ခဲ့ဖူးပါတယ်။ ဥပမာ ငှက်ပျောသီးနဲ့ ဆပ်တာမျိုး၊ ကော် ဖီနဲ့ ဆပ်တာမျိုး၊ ပြောင်းနဲ့ပြန် ဆပ်တာမျိုး ဆပ်လို့ရပါတယ်’’ ဟု ၎င်းက ဆိုသည်။နိုင်ငံတကာတွင် အစိုးရအ ချင်းချင်း ဆက်သွယ်ညှိနှိုင်းပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဦးသန်းစိုးက ပြောသည်။
‘‘အဲဒီတော့ ကျွန်တော်တို့နိုင် ငံမှာလည်း အထူးသဖြင့် ဆန်၊ ကျွန်တော်တို့နိုင်ငံ ထုတ်ကုန်တော် တော်များများနဲ့ တရုတ်ကို ပြန်ဆပ်တဲ့နေရာမှာ Product တွေနဲ့ ဆပ် မယ်ဆိုရင် ကြွေးမြီဝန်ထုပ်ဝန်ပိုး က တစ်နည်းတစ်ဖုံ ရှင်းလင်းလာမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။
၂၀၁၈ မတ်လ ၃၁ ရက်ထိ ပြည်ပကြွေးမြီပေးဆပ်ရန် ကျန် ငွေကန်ဒေါ်လာ သန်းပေါင်း (၁၀,၂၀၀) ကျော်ရှိရာ ကာလ အပိုင်းအခြားအလိုက် ဖော်ပြမည်ဆိုပါက ၁၉၈၈ မတိုင်မီကာလမှ ချေးယူငွေဒေါ်လာသန်း ၄,၂၀၀ ကျော်၊ ၁၉၈၈-၈၉ မှ ၂၀၁၀-၁၁ အထိ သန်း ၂,၇၄၀ ကျော်၊ ၂၀၁၁-၁၂ မှ ၂၀၁၅-၁၆ ထိ သန်း ၃,၁၄၀ ကျော်၊ ၂၀၁၆-၁၇ မှ ၂၀၁၇-၁၈ ထိ ၉၁ သန်းကျော်ဖြစ်သည်။
ကြွေးမြီနှင့် ပတ်သက်ပြီး ထုတ်ပြန်ရှင်းလင်းမှုများ ဆောင်ရွက်ပါက ကာလအပိုင်းအခြား အလိုက် ပြည်ပချေးငွေအခြေအ နေများကို ဖော်ပြသင့်ကြောင်း ဦးဘိုကြီးက ပြောသည်။‘‘ဘာကြောင့်လဲဆိုရင် ပြည် သူတွေလည်း သိစေချင်တယ်။ တာဝန်ရှိတဲ့ လုပ်ကိုင်သွားတဲ့လူ တွေလည်း တာဝန်ယူမှု၊ တာဝန်ခံ မှု သိစေချင်လို့ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။
ပြည်ပချေးငွေအများစုသည် ဆိုင်းငံ့ကာလ ၁၀ နှစ်အထိနှင့် ဆိုင်းငံ့ကာလအပါအဝင် ချေးငွေ သက်တမ်း ၄၀ နှစ်ထိရှိပြီး ပြည်ပ ချေးငွေပေါ် အရင်းနှင့်အတိုးပြန် လည်ပေးဆပ်ရမည့် ခန့်မှန်းချက် များအရ ၂၀၁၉-၂၀ မှ ၂၀၂၁-၂၀၂၂ အထိ ဘဏ္ဍာနှစ်သုံးနှစ် တွင် နှစ်စဉ်ကန်ဒေါ်လာသန်း ၉၀၀ ခန့် ပေးဆပ်ရမည်ဖြစ်သည်။Creditaungparsay
Unicode