Latest Posts

ပန်းရောင်ခြယ် ပထမဆုံးပါဝင် သရုပ်ဆောင်ထားတဲ့ လိပ်ပြာ ရုပ်သံဇာတ်လမ်းတွဲ

ဂေရဟမ္ရဲ႕ သမီးဦးျဖစ္သလို သီခ်င္းဆိုေကာင္းၿပီး ခ်စ္စရာေကာင္းတဲ့ ႐ုပ္ရည္ေၾကာင့္ ပရိသတ္အားေပးမႈအျပည့္ရရွိထားတဲ့ ပန္းေရာင္ျခယ္က ‘လိပ္ျပာ’ ႐ုပ္သံဇတ္လမ္းတြဲမွာလည္း အဓိကမင္းသမီးေနရာကေန ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒီဇာတ္ကားက သူရဲ႕ ပထမဆုံးသ႐ုပ္ေဆာင္ထားတဲ့ ႐ုပ္သံဇာတ္လမ္းတြဲလဲျဖစ္ပါတယ္။

လိပ္ျပာ ႐ုပ္သံဇာတ္လမ္းတြဲကို ေအာက္တိုဘာ (၂၄) ရက္ ၾကာသပေတးေန႔ ည ၈ နာရီ အခ်ိန္CANAL + မွာ စတင္ျပသခဲ့တာလည္းျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ ပန္းေရာင္ျခယ္ကေတာ့ ငယ္႐ြယ္ထက္ျမက္တဲ့ ရဲေမ ေလးလိပ္ျပာအျဖစ္နဲ႔ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။
ဒီ႐ုပ္သံဇာတ္လမ္းတြဲမွာ ခါရာ၊ ပန္းေရာင္ျခယ္၊ ဂ်ဴးဂ်ဴးေက၊ မင္းဦး တို႔အပါအဝင္ အျခားသ႐ုပ္ေဆာင္ေတြလဲ ပါဝင္ထားပါတယ္။
ပန္းေရာင္ျခယ္ဟာ လက္ရွိ သီခ်င္း MTV ေတြမွာ ပါဝင္သ႐ုပ္ေဆာင္ေနၿပီး Samsung ဖုန္း Brand ရဲ႕ကိုယ္စားလွယ္ အျဖစ္လည္းေဆာင္႐ြက္ေနပါတယ္။ Samsung Galaxy A80 အတြက္ G Fatt နဲ႔အတူတူ ဖန္တီးသီဆိုထားတဲ့ ‘ႀကိဳး’ သီခ်င္းဟာလည္း ပရိတ္သတ္အားေပးမႈ အမ်ားႀကီးရရွိခဲ့ပါတယ္။Credit-burmese.asia
Unicode
ဂရေဟမ်ရဲ့ သမီးဦးဖြစ်သလို သီချင်းဆိုကောင်းပြီး ချစ်စရာကောင်းတဲ့ ရုပ်ရည်ကြောင့် ပရိသတ်အားပေးမှုအပြည့်ရရှိထားတဲ့ ပန်းရောင်ခြယ်က ‘လိပ်ပြာ’ ရုပ်သံဇတ်လမ်းတွဲမှာလည်း အဓိကမင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားက သူရဲ့ ပထမဆုံးသရုပ်ဆောင်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲလဲဖြစ်ပါတယ်။
လိပ်ပြာ ရုပ်သံဇာတ်လမ်းတွဲကို အောက်တိုဘာ (၂၄) ရက် ကြာသပတေးနေ့ ည ၈ နာရီ အချိန်CANAL + မှာ စတင်ပြသခဲ့တာလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပန်းရောင်ခြယ်ကတော့ ငယ်ရွယ်ထက်မြက်တဲ့ ရဲမေ လေးလိပ်ပြာအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီရုပ်သံဇာတ်လမ်းတွဲမှာ ခါရာ၊ ပန်းရောင်ခြယ်၊ ဂျူးဂျူးကေ၊ မင်းဦး တို့အပါအဝင် အခြားသရုပ်ဆောင်တွေလဲ ပါဝင်ထားပါတယ်။
ပန်းရောင်ခြယ်ဟာ လက်ရှိ သီချင်း MTV တွေမှာ ပါဝင်သရုပ်ဆောင်နေပြီး Samsung ဖုန်း Brand ရဲ့ကိုယ်စားလှယ် အဖြစ်လည်းဆောင်ရွက်နေပါတယ်။ Samsung Galaxy A80 အတွက် G Fatt နဲ့အတူတူ ဖန်တီးသီဆိုထားတဲ့ ‘ကြိုး’ သီချင်းဟာလည်း ပရိတ်သတ်အားပေးမှု အများကြီးရရှိခဲ့ပါတယ်။Credit-burmese.asia