Latest Posts

ဆီးဂိမ်းတွင်အောင်မြင်မှုရရှိနိုင်ရန် ကိုယ်ပိုင်စရိတ်ဖြင့် မလေးရှားတွင် သွားရောက်လေ့ကျင့်တော့မယ့် သက်ထားသူဇာ

အီဂျစ်နိုင်ငံမှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ ကြက်တောင်မယ်လေး သက်ထားသူဇာ တစ်ယောက်ကတော့ မလေးရှားနိုင်ငံကနေ တဆင့် အိန္ဒိယကို ဆက်လက်သွားရောက်မှာ ဖြစ်ပြီးတော့ အဲ့ဒီနောက်မှာတော့ ဆီးဂိမ်းပြိုင်ပွဲဝင်ရမယ့် ဖိလစ်ပိုင်နိုင်ငံကို ဆက်လက်ထွက်ခွာ သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မလေးရှားကို နှစ်ပတ်ကြာ သွားရောက်မှာကတော့ လေ့ကျင့်ရေးအတွက် ဖြစ်တယ်လို့ သူမရဲ့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်က ပြောပြပါတယ်။ ဒီခရီစဉ်တွေအတွက်တော့ ကိုယ့်အစီအစဉ်နဲ့သာ ကိုယ်သွားရတာပါလို့ ထုတ်ဖော်ပြောဆိုပါတယ်။
မလေးရှားမှာ နိုဝင်ဘာ လ ၁၈ ရက်နေ့အထိ လေ့ကျင့်မှာဖြစ်ပြီးတော့ အဲ့ဒီကနေအိန္ဒိယ ကို သွားရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီးတော့ ၎င်းက တစ်ဆင့် မြန်မာနိုင်ငံကိုခေတ္တပြန်လာပြီး မကြာခင်မှာပဲ ဖိလစ်ပိုင်နိုင်ငံကို ဆီးဂိမ်းပြိုင်ပွဲအတွက် သွားရောက်သွားမြှ ဖြစ်တယ်လို့ သိရှိရပါတယ်။ဒါကြောင့် ကိုယ့်စားရိတ်နဲ့ကိုယ် သွားပြိုင်တဲ့ မြန်မာ့လက်ရွေးစင် နိုင်ငံ့ဂုဏ်ဆောင်ကြက်တောင်မယ်လေး သက်ထားသူဇာကို အားပေးကြဖို့ မမေ့ပါနဲ့ဦးနော်။Credit-burmese.asi
Unicode