Latest Posts

အမာခံပရိသတ်တစ်ယောက်ရဲ့အဖြစ်ချင်ဆုံးဆန္ဒကိုလိုက်လျောကာ အိမ်သို့သွားရောက်တွေ့ဆုံအားပေးခဲ့တဲ့ မိုးအောင်ရင်ရဲ့ ဗီဒီယိုဖိုင်

လတ်တလောမှာဆိုရင်တော့ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို အရင်ကထက် နှစ်ဆသုံးဆပိုပြီးရရှိနေပြီဖြစ်တဲ့ မိုးအောင်ရင်ဟာ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ပြပန်လည်လုပ်ကိုင်နေတာကိုတွေ့ပါတယ်နော်။ ဟိုးအရင်ကတည်းက သရုပ်ဆောင်ကောင်းတဲ့ မင်းသားချောတစ်ယောက်ဖြစ်တဲ့အတွက် အခုလို အနုပညာလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်လာတဲ့ အခါမှာလည်း သူဟာ အရင်ကထက်ပိုကောင်းတဲ့ အနုပညာဖန်တီးမှုတွေကို ပရိတ်သတ်တွေချပြနိုင်ဖို့ကြိုးစားလျက်ရှိပါတယ်နော်။


မိုးအောင်ရင်ဟာ သူ့ကိုဘဝတစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ အခက်အခဲတွေကြားမှာ အရှုံးမပေးဘဲနဲ့ ဘယ်လောက်ပင်ပန်းပင်ပန်းကြိုးစားရုန်းကန်ကာ ပရိတ်သတ်တွေရဲ့ရှေ့တော်မှောက်ကို ပြန်လည်ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်နော်။ အရည်အချင်းရှိတဲ့အနုပညာရှင်တစ်ယောက်ကို အနုပညာလောကထဲမှာ ပြန်တွေ့ရလို့လည်း ပရိတ်သတ်တွေကဝမ်းသာပီတိဖြစ်နေကြပါတယ်နော်။

လတ်တလောမှာတော့ မိုးအောင်ရင်ဟာ အမာခံပရိသတ်တစ်ယောက်ရဲ့အဖြစ်ချင်ဆုံးဆန္ဒကိုလိုက်လျောကာ အိမ်သို့သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ မိုးအောင်ရင်ဟာ ကျန်မာရေးချို့တဲ့တဲ့ အမာခံပရိသတ်ကို သွားရောက်တွေ့ဆုံအားပေးရာမှာ Live လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မိုးအောင်ရင်နဲ့ သူ့ရဲ့ အမာခံပရိသတ်တို့တွေ့ဆုံမှု ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။





Video ကြည့်ရန်

Photo Credit : Cele Gabar
Unicode
 Photo Credit : Cele Gabar