Latest Posts

ဒေါ်အောင်ဆန်းစုကြည်အကြောင်း ကျောင်းမှာရှင်းပြနိုင်ခဲ့တဲ့ သမီးလေးအတွက်ဂုဏ်ယူနေတဲ့လူမင်း

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတွေထဲမှာ တစ်ယောက်အပါဝင်ဖြစ်ပြီး အသက်ကြီးပေမယ့် နုပျိုနေဆဲ ဖြစ်တဲ့ဝါရင့် မင်းသားကြီးလူမင်းကတော့ ချစ်ရတဲ့ ဇနီး၊ သားလေး သမီးလေးတွေနဲ့အတူ သာယာတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့မင်းသား တစ်လက်ပါ ။
အနုပညာအလုပ်တွေ မအားလပ်အောင်လုပ်နေရတဲ့ကြားက သားနဲ့သမီးကို အချိန်ပေးပြီး ကောင်းမွန်စွာသွန်သင်ဆုံးမ အုပ်ထိန်းနိုင်တဲ့ လူမင်းကြောင့် သားနဲ့သမီးဟာ ထူးချွန်ထက်မြတ်တဲ့ သူတွေဖြစ်နေကြတာပါ ။

လတ်တလောမှာလည်း Open Hou​se ကျောင်းမှာ အမေစုနဲ့ပတ်သက်ပြီး ရှင်းပြနိုင်ခဲ့တဲ့ သမီးလေး ဧရာဝတီလူမင်း အတွက် ဖေဖေလူမင်း နဲ့ မေမေ ခင်စံပယ်ဦးတို့က ဂုဏ်ယူနေကြတာပါ ။ ” Open House ကျောင်းမှာ ဖွားဖွားစုအ​ကြောင်း​ရှင်းပြပြောပြခဲ့တဲ့သမီး​လေး  မိဘရဲ့တိုက်တွန်းမှုမပါသူ့စိတ်​ရွေးချယ်ထားတာ ” ဆိုတဲ့စာသားနဲ့အတူ သမီးလေး ဧရာဝတီက မိဘတွေရဲ့တိုက်တွန်းမှု တစ်စုံတရာမပါဝင်ဘဲ သူမကိုယ်တိုင် အမေစုအကြောင်းကိုရွေးချယ် ပြောပြခဲ့တာဖြစ်တယ်လို့ လူမင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာက တဆင့်ပရိသတ်တွေကို မျှဝေပေးထားတာဖြစ်ပါတယ်။

အနုပညာရှင် မောင်နှမတွေဖြစ်တဲ့ ခို်င်သင်းကြည် ၊ မေခလာ နဲ့ ဇော်ဇော်တို့ကလည်း သမီးလေးအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်ချက်လေးတွေ ရေးသားထားကြတာတွေ့ရပါတယ် ။ပရိသတ်ကြီးကလည်း အရမ်းကိုတော်တဲ့ သမီးလေး ဧရာဝတီအတွက် ဂုဏ်ပြုစကားလေးတွေ ပြောပေးသွားပါဦးနော် ။Credit-original
Unicode