Latest Posts
ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ အမိုက်စားပို့စ်တွေနဲ့ လှနေတဲ့ ပိုင်ဖြိုးသု
Unicode
ဆရာဝန်၊ ရုပ်ရှင်မင်းသမီးချောလေး ပိုင်ဖြိုးသုက သူမရဲ့ ပါရမီထူးချွန်မှုကြောင့် အကယ်ဒမီဆုကြီးတစ်ဆုကို ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက ဒါရိုက်တာ ဏကြီးနဲ့ လက်ထပ်ပြီး အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်နေသလို Fatty Gangstar Production ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုကိုလည်း တည်ထောင်ထားတာ ဖြစ်ပါတယ်။
အနေအထိုင် သိမ်မွေ့ပြီး ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသုကို ဒီနေ့မှာတော့ အမိုက်စားပို့စ်တွေနဲ့ လှနေတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပိုင်ဖြိုးသုရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပိုင်ဖြိုးသုက “ကိုယ်တွေ ၂ ယောက် OPPO Reno 2 ရဲ့ quad camera ရိုက်ချက်တွေအောက်မှာ ဘယ်လိုတောင် လှပြီးလန်းနေတာလဲ ” ဆိုပြီး မျှဝေထားပါတယ်။
ပိုင်ဖြိုးသုနဲ့အတူတူ မင်းသားချော ပိုင်တံခွန်ကလည်း အရမ်းကို စတိုင်လ်ကျနေတာမို့ နှစ်ယောက်သား အရမ်းလိုက်ဖက်ညီနေတာကို တွေ့ရပါတယ်။ပိုင်ဖြိုးသုကတော့ လူကောင်သေးသေးလေးနဲ့ အရုပ်လေးတစ်ရုပ်လို အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ပိုင်ဖြိုးသုနဲ့ စတိုင်လ်ကျမိမိုက်နေတဲ့ ပိုင်တံခွန်တို့ရဲ့ ပုံရိပ်တေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးတင်ရှိပါတယ်။Credit-burmese.asia