ဖိလစ်ပိုင် သမ္မတဒူတာတေးကို ဆုံးမလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်
Unicode
အမေ ခရီးတစ်ခါထွက်တာ တစ်ကမ္ဘာလုံးက အမေ့အကြောင်း ပြောပြီး တသသနဲ့ ကျန်ခဲ့ကြတယ် ပါဝါဆိုတာ အဲ့ဒါပဲ ဆိုင်ကယ်စီးလို့ဒဏ်ရာရသွားတဲ့ ဖိလစ်ပိုင် သမ္မတ ဒူတာတေးကို အမကြီးတဦး သဖွယ် သတိပေးဆုံးမလိုက်တဲ့ အမေ ဒေါ်အောင်ဆန်းစုကြည် ။ အမေစု ဂျပန်သို့ရောက်ရှိနေစဉ် ဝန်ကြီးချုပ်က တည်ခင်းဧည့်ခံခဲ့သော ညစာစားပွဲ၌ ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏သမီး ဒါဗာအိုမြို့တော် ဝန် ဆာရာဒူတာတေးနှင့် တွေ့ဆုံ၍ စကားစမြည် ပြောစဉ် ဒူတာတေး၏ကျန်းမာရေးနှင့် ပတ်သက်ပြီး သတိပေးခဲ့ခြင်း ဖြစ်သည်။
လျင်လျင်မြန်မြန်လူငယ်တယောက် မဟုတ်သည့် အတွက် အရွယ်အစားကြီးမားသည့် ဆိုင်ကယ်စီးနင်းသည့် အလုပ်မျိုးကို ရှောင်ရှားရန် သမ္မတဒူတာတေးကို သတိပေးသင့်ကြောင်း သမီးဖြစ်သူ ဆာရာဒူတာတေးနှင့် တွေ့ဆုံစဉ် အမေစုက သတိပေး ပြောကြားခဲ့ပါတယ်။
ဒူတာတေး၏ သမီးဖြစ်သူက အမေစုရဲ့သတိပေး စကားကို သဘောတူလက်ခံခဲ့ပြီး ဖိလစ်ပိုင်သို့ ချစ်ကြည်ရေးခရီး လာရောက်ရန် အမေ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့ကြောင်း သိရှိရပါသည်။Credit-burmese.asia