မိဘမဲ့ ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တဲ့ ကျော်ထက်အောင်
Unicode
ကျော်ထက်အောင် ဆိုတာကတော့ Myanmar Idol Season 1မှာ အစီစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို စတင်ဝင်ရောက် လာခဲ့သူပဲဖြစ်ပါတယ် ။ လက်ရှိမှာတော့ Myanmar Idol Season 4မှာလည်း အစီစဉ် တင်တက်သူ အဖြစ် ပါဝင်ဆောင်ရွက်နေတယ် ဆိုတာကိုတော့ Myanmar Idol Season 4ကိုကြည့်နေကြတဲ့ ပရိသတ်တွေ သိရှိပြီးသားပါ။ ဒါပေမယ့် ကျော်ထက်အောင် တစ်ယောက်ကတော့ အခု အလုပ်ကိစ္စတစ်ခုနဲ့ မိုးကုတ်နယ် ဘက်ကို ရောက်ရှိနေတယ် ထင်ပါတယ်။
သူ့ရဲ့ Facebook အကောင့်မှာလည်း မိုးကုတ်ရောက်တဲ့ ပုံရိပ်တွေကို တွေမြင့်ရမှပဲဖြစ်ပါတယ် ။ အဲ့ဒီလို ခရီးသွားနေစဉ်မှာပဲ စိတ်သဘောထားကောင်းတဲ့ ကျော်ထက်အောင်နဲ့အဖွဲ့ကတော့ အဲ့ဒီဖက် ဒေသမှရှိတဲ့ မိဘမဲ့ကျောင်းက ကျောင်းသားလေးတွေကို သွားရောက်ပြီး ပစ္စည်းနဲ့ငွေကြေးတွေကို လှူခဲ့ပါသေးတယ် ။ အဲ့ဒီလို လှူဒါန်းမှုတွေပြုလုပ်ပြီးချိန်မှာလည်း အမှတ်တရဓာတ်ပုံတွေ တွဲရိုက်ခဲ့ကြပါတယ် ။ မြင့်မားလှတဲ့ အရပ်နဲ့ အသံဩဇာကောင်းတဲ့ ကျော်ထက်အောင်ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရာမှာလည်း အရည်ချင်းပြည့်မီ သူတစ်ယောက်ဖြစ်ပြီး သူရဲ့ ထွက်ရှိပြီးသား ရုပ်ရှင်တွေမှာလည်း ဝေဖန်ခံရမှု နည်းတဲ့ သရုပ်ဆောင်တစ်ယောက် အဖြစ်နဲ့လည်း ပရိသတ်တွေ ရင်ထံမှာ နေရာရပြီးသားဖြစ်ပါတယ် ။
ပရိသတ်တွေက အချစ်ရေးကိုစိတ်ဝင်စားနေကြပေမယ့် ကျော်ထက်အောင်ကတော့ မတုန်မလှုပ်နဲ့ သူ့လုပ်စရာရှိတဲ့အလုပ်တွေကိုပဲ ဆက်လက် လုပ်ဆောင်နေပါတယ် ။သူရဲ့ ရှေ့ဆက်အနုပညာ ရည်မှန်းချက်တွေကိုလည်း မကြာခဏ မီဒီယာတွေနဲ့အင်တာဗျူးမှာ ပြောပြလေ့ရှိတဲ့ ကျော်ထက်အောင်ကတော့ မျက်နှာခွဲစိတ်ပြုပြင်တုန်းကလည်း ပါးချိုင့်လေးကို ပျောက်သွားမှာ စိုးလို့ဆိုပြ အင်တာဗျူးတစ်ခုမှာ ပြောပြသွားတာကို အမှတ်ရပါသေးတယ် ။ အခုကျနော် တို့တင်ဆက်ပေးသွားတဲ့ သတင်းလေးဖြစ်တဲ့ ကျော်ထက်အောင်တို့သွား လှူဒါန်းခဲ့ကြတဲ့ အပေါ်မှာ သာဓုခေါ်နိုင်ကြပါစေ။Credit-original