တစ်နေ့တစ်ခြား ဖခင်ဖြစ်သူ Song Il Gook နဲ့ ပိုမိုတူပြီး ချောမောလာကြတဲ့ အမြွှာ (၃) ယောက်
၂၀၁၄ ခုနှစ် ဇူလိုင်လမှာစတင်ပြီး အစီအစဉ်မှာ ဖခင်ဖြစ်သူနဲ့အတူ ပါဝင်ခဲ့တဲ့သူတို့လေးတွေဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာတော့ အစီအစဉ်ကနေ နှုတ်ဆက်ထွက်ခွာခဲ့ကြပါတယ်။ ၂ နှစ်နီးပါးမျှ ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ သူတို့လေးတွေဟာ တောင်ကိုရီးယားပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်အားပေးခြင်းကိုရရှိခဲ့ယုံသာမက နိုင်ငံတကာက ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းလည်းရရှိခဲ့သူတွေဖြစ်ပါတယ်။
အစီအစဉ်ကနေ ထွက်ခွာခဲ့ြ့ပီးတဲ့နောက်မှာလည်း ပရိသတ်တွေဟာ သူတို့လေးတွေကို မေ့လို့မရသေးတာကြောင့် Song Il-kook က အင်စတာဂရမ်အကောင့်တစ်ခုဖွင့်ပြီး သားဖြစ်သူတွေရဲ့ ပုံရိပ်လေးတွေကို အလျဉ်းသင့်သလိုတင်ပေးခဲ့သလို အပြင်မှာတွေ့ကြတဲ့ ပရိသတ်တွေကလည်း သူတို့လေးတွေရဲ့ ပုံတွေကိုရိုက်ယူပြီး နိုင်ငံတကာက ပရိသတ်တွေအတွက် မျှဝေလို့ပေးခဲ့ကြပါတယ်။
အခုတစ်ဖန်မှာလည်း အမြွှာ ၃ ယောက်ရဲ့ တစ်နေ့တစ်ခြား အရွယ်ရောက်ကြီးပြင်းလာတဲ့ ပုံရိပ်တစ်ခုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လျှက်ရှိပြီး ပရိသတ်တွေကို နှစ်ခြိုက်သဘောကျစေလျှက်ရှိနေပါတယ်။ အဲဒီပုံလေကတော့ ပွဲအခမ်းအနားတစ်ခုကို အတူတူတက်ရောက်လာကြတဲ့ သားအဖ ၄ ယောက်ရဲ့ Selfie ပုံတစ်ပုံဖြစ်ပြီး အဆိုပါပုံလေးကို ကြည့်လိုက်ရင် အမြွှာ ၃ ယောက်လုံးဟာ ဖခင်ဖြစ်သူနဲ့ တစ်နေ့တစ်ခြားပိုတူုပြီး ချောမောလာတာကို တွေ့ရပါတယ်။
ပရိသတ်တို့ရဲ့ အချစ်တော်လေးတွေဖြစ်ကြတဲ့ အမြွှာလေး ၃ ယောက်ကတော့ တကယ်ကို မျက်စိတစ်မှိတ်အတွင်းမှာတင် အရွယ်ရောက်ကြီးပြင်းလာကြတာပဲနော်။ ဘယ်လိုလဲ ပရိသတ်ကြီးရေ အမြွှာ ၃ ယောာက်ကို အလွမ်းပြေကြရဲ့လား။Credit-Mia (Momolay
Zawgyi
တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ မင်းသား Song Il Kook ကိုတော့ မြန်မာပရိသတ်တွေက “ဂျူမုံ” လို့ အသိများကြတဲ့အပြင် ချစ်စရာအရမ်းကောင်းတဲ့ သားယောကျာ်းလေး အမြွှာ (၃) ယောက်ရဲ့ ဖေဖေအဖြစ်လည်း အသိများကြပါတယ်။ Return of Superman အစီအစဉ်ကနေတဆင့် ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ Song Daehan, Song Minguk, Song Manse ဆိုတဲ့ အမြွှာလေး (၃) ယောက်ရဲ့ ချစ်စရာကောင်းမှု၊ သိတတ်နားလည်မှုနဲ့ လိမ္မာယဉ်ကျေးမှုတွေဟာ ကြည့်ရှုသူပရိသတ်တွေကို အသည်းတယားယားဖြစ်စေခဲ့ပြီး အချစ်စိတ်တွေတိုးစေခဲ့ပါတယ်။
အစီအစဉ်ကနေ ထွက်ခွာခြဲ့ပီးတဲ့နောက်မှာလည်း ပရိသတ်တွေဟာ သူတို့လေးတွေကို မေ့လို့မရသေးတာကြောင့် Song Il-kook က အင်စတာဂရမ်အကောင့်တစ်ခုဖွင့်ပြီး သားဖြစ်သူတွေရဲ့ ပုံရိပ်လေးတွေကို အလျဉ်းသင့်သလိုတင်ပေးခဲ့သလို အပြင်မှာတွေ့ကြတဲ့ ပရိသတ်တွေကလည်း သူတို့လေးတွေရဲ့ ပုံတွေကိုရိုက်ယူပြီး နိုင်ငံတကာက ပရိသတ်တွေအတွက် မျှဝေလို့ပေးခဲ့ကြပါတယ်။