Latest Posts

မန္တလေး ကျောက်စိမ်း စေတီမှ ကျောက်အချို့ကို တရုတ် ခရီးသွားအချို့ယူငင်

မႏၲေလးတိုင္း ေဒသႀကီး အမရပူရၿမိဳ႕နယ္အတြင္းရွိ ေဝေရာ စနေက်ာက္စိမ္းေစတီေတာ္ႀကီးမွ ေက်ာက္စိမ္းျဖတ္စအခ်ိဳ႕ကို တ႐ုတ္ခရီးသြားမ်ားက ယူငင္မႈျဖစ္ပြားခဲ့ေၾကာင္း ေဝေရာစနေက်ာက္စိမ္းေစတီေတာ္ႀကီး ေဂါပကအဖြဲ႕ထံမွ သိရွိရသည္။ ေက်ာက္စိမ္းေစတီေတာ္ႀကီး အေရွ႕ဘက္မုခ္ရွိ ကိုးလုံး ပုတီးေနရာတြင္ သံဆန္ခါကာရံထားရွိသည့္ အဆင့္နိမ့္ ေက်ာက္စိမ္းအခ်ိဳ႕ကို ယူသြားခဲ့ျခင္းျဖစ္ၿပီး ယူေနစဥ္ေတြ႕ရွိခဲ့ေၾကာင္း ေဂါပကအဖြဲ႕အတြင္းေရးမႉး ဦးေမာင္ေမာင္ဦးက ေျပာၾကားသည္။
“ေက်ာက္စိမ္းကေတာ့ အဆင့္နိမ့္ ေက်ာက္စိမ္းေတြပါ။ နားမလည္လို႔ လုပ္တယ္ထင္ပါတယ္။ အေရွ႕ဘက္မုခ္ ကိုးလုံးပုတီးေနရာက သံဆန္ခါေလးေတြနဲ႔ ျဖတ္စေလးေတြ ထားထားတယ္။ အဲဒါေလးေတြကို ႏွိုက္ယူသြားတာေပါ့။ ယူေနတုန္းေတြ႕လို႔ ျပန္သိမ္းလိုက္တယ္။ သူတို႔ကို ဒီလိုမလုပ္ဖို႔ ပညာေပးလက္မွတ္ ထိုးခိုင္းတယ္။ ေစတီေတာ္ကို အလႉေတာ္ေငြ လႉခိုင္းတယ္။ ဒဏ္ေၾကးသေဘားမ်ိဳးပါ။ သူတို႔လည္း ကုသိုလ္ရေအာင္လို႔ပါ”ဟု ၎ကရွင္းျပသည္။ ေဝေရာစနေက်ာက္စိမ္းေစတီႏွင့္ ေက်ာက္စိမ္းလိုဏ္ဂူသည္ မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ဆင္ရြာျမင္းမႉးေက်းရြာအုပ္စု ကြင္းအမွတ္ ၆၂၈ တြင္တည္ရွိၿပီး ေက်ာက္စိမ္းမ်ားျဖင့္ ျပဳလုပ္တည္ထားျခင္းျဖစ္သည္။ ေက်ာက္စိမ္းေစတီသို႔ တစ္ရက္လၽွင္ တ႐ုတ္ခရီးသြား ၃၀၀၀ မွ ၄၀၀၀ ၾကား လာေရာက္ၿပီး တ႐ုတ္ခရီးသြားအခ်ိဳ႕က စက္တင္ဘာလ ဒုတိယပတ္အတြင္းက ယူငင္ခဲ့ျခင္းျဖစ္ေၾကာင္း ေဝေရာစန ေက်ာက္စိမ္းေစတီေတာ္ႀကီး ေဂါပကအဖြဲ႕ထံမွ သိရသည္။
မႏၲေလးတြင္ တ႐ုတ္ခရီးသည္မ်ားကို ေစာင့္ၾကည့္ေလ့လာ သုံးသပ္တင္ျပေရးအဖြဲ႕ကို ဖြဲ႕စည္းထားၿပီးျဖစ္သည့္အတြက္ ယင္အဖြဲ႕အေနႏွင့္ ၾကပ္ၾကပ္မတ္မတ္ ေဆာင္ရြက္သင့္ၿပီး ဧည့္လမ္းညႊန္မ်ားတြင္လည္း တာဝန္ရွိေၾကာင္း မႏၲေလးဧည့္လမ္းညႊန္အခ်ိဳ႕က ေျပာၾကားသည္။Credit-original
Unicode
မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ ဝေရော စနကျောက်စိမ်းစေတီတော်ကြီးမှ ကျောက်စိမ်းဖြတ်စအချို့ကို တရုတ်ခရီးသွားများက ယူငင်မှုဖြစ်ပွားခဲ့ကြောင်း ဝေရောစနကျောက်စိမ်းစေတီတော်ကြီး ဂေါပကအဖွဲ့ထံမှ သိရှိရသည်။ ကျောက်စိမ်းစေတီတော်ကြီး အရှေ့ဘက်မုခ်ရှိ ကိုးလုံး ပုတီးနေရာတွင် သံဆန်ခါကာရံထားရှိသည့် အဆင့်နိမ့် ကျောက်စိမ်းအချို့ကို ယူသွားခဲ့ခြင်းဖြစ်ပြီး ယူနေစဉ်တွေ့ရှိခဲ့ကြောင်း ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။“ကျောက်စိမ်းကတော့ အဆင့်နိမ့် ကျောက်စိမ်းတွေပါ။ နားမလည်လို့ လုပ်တယ်ထင်ပါတယ်။ အရှေ့ဘက်မုခ် ကိုးလုံးပုတီးနေရာက သံဆန်ခါလေးတွေနဲ့ ဖြတ်စလေးတွေ ထားထားတယ်။ အဲဒါလေးတွေကို နှိုက်ယူသွားတာပေါ့။ ယူနေတုန်းတွေ့လို့ ပြန်သိမ်းလိုက်တယ်။ သူတို့ကို ဒီလိုမလုပ်ဖို့ ပညာပေးလက်မှတ် ထိုးခိုင်းတယ်။ စေတီတော်ကို အလှူတော်ငွေ လှူခိုင်းတယ်။ ဒဏ်ကြေးသဘေားမျိုးပါ။ သူတို့လည်း ကုသိုလ်ရအောင်လို့ပါ”ဟု ၎င်းကရှင်းပြသည်။ ဝေရောစနကျောက်စိမ်းစေတီနှင့် ကျောက်စိမ်းလိုဏ်ဂူသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာအုပ်စု ကွင်းအမှတ် ၆၂၈ တွင်တည်ရှိပြီး ကျောက်စိမ်းများဖြင့် ပြုလုပ်တည်ထားခြင်းဖြစ်သည်။ ကျောက်စိမ်းစေတီသို့ တစ်ရက်လျှင် တရုတ်ခရီးသွား ၃၀၀၀ မှ ၄၀၀၀ ကြား လာရောက်ပြီး တရုတ်ခရီးသွားအချို့က စက်တင်ဘာလ ဒုတိယပတ်အတွင်းက ယူငင်ခဲ့ခြင်းဖြစ်ကြောင်း ဝေရောစန ကျောက်စိမ်းစေတီတော်ကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
မန္တလေးတွင် တရုတ်ခရီးသည်များကို စောင့်ကြည့်လေ့လာ သုံးသပ်တင်ပြရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ယင်အဖွဲ့အနေနှင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်ပြီး ဧည့်လမ်းညွှန်များတွင်လည်း တာဝန်ရှိကြောင်း မန္တလေးဧည့်လမ်းညွှန်အချို့က ပြောကြားသည်။Credit-original