အရက္ေၾကာင့္ လမ္းေဘးေရာက္ေနတဲ့ ပညာတတ္တစ္ဦး (သိတဲ့သူမ်ား ဆက္သြယ္ေပးၾကပါ)
Zawgyi
အရက္ေၾကာင့္ ပညာတတ္ေတြ လမ္းေဘးေရာက္ေနရပါလားးးး
က်ံဳးေဘး၂၆လမ္း ၇၃လမ္းနဲ႔၇၄လမ္းၾကားမွာထမင္းထုတ္သြားေဝရင္းေတြ႕တာပါ။ က်ဴရွင္ဆရာဦးမင္းစည္သူတဲ့ သူ႔အိမ္ကလူေတြသိေအာင္တင္ေပးလိုက္ပါတယ္။
ဆရာမင္းစည္သူ B.E ( Civil ) အရင္ကရန္ကုန္ၿမိဳ႕၃၅လမ္းမွာက်ဴရွင္ျပခဲ့တယ္ လို႔ေျပာပါတယ္။ ေနာက္ေတာ့အရက္ေၾကာင့္ဘဝပ်က္ၿပီး မႏၲေလးေရာက္လာကာ ျဖစ္သလိုေန၊ျဖစ္သလိုစားက်ံဳးေဘး မွာေနေနပါတယ္။ မႏၲေလးကျမန္မာစာက်ဴရွင္ဆရာ ဆရာဦးမ်ိဳးေအာင္နဲ႔လဲရင္းႏွီးခဲ့ဖူးပါတယ္လို႔ေျပာပါတယ္။ ဒီဆရာ့ကို သူ႔အသိေဆြမ်ိဳးမ်ားကေတြ႕သြားလို႔ျပန္ေခၚမယ္ဆိုရင္ကၽြန္ေတာ္စီစဥ္ၿပီးျပန္ပို႔ေပးပါမယ္။ ေအာက္ပါကၽြန္ေတာ့္ဖုန္းနံပါတ္ကိုဆက္သြယ္လို႔ရပါတယ္။
ONE TO ONE ကေလးလူနာကူညီေရ
ကိုဝမ္း ဖုန္း ၀၉၇၆၅၇၆၅၁၇၉ (မႏၲေလးၿမိဳ႕)
Credit – baganthar
Unicode
အရက်ကြောင့် ပညာတတ်တွေ လမ်းဘေးရောက်နေရပါလားးးး
ကျုံးဘေး၂၆လမ်း ရ၃လမ်းနဲ့ရ၄လမ်းကြားမှာထမင်းထုတ်သွားဝေရင်းတွေ့တာပါ။ ကျူရှင်ဆရာဦးမင်းစည်သူတဲ့ သူ့အိမ်ကလူတွေသိအောင်တင်ပေးလိုက်ပါတယ်။
ဆရာမင်းစည်သူ B.E ( Civil ) အရင်ကရန်ကုန်မြို့၃၅လမ်းမှာကျူရှင်ပြခဲ့တယ် လို့ပြောပါတယ်။ နောက်တော့အရက်ကြောင့်ဘဝပျက်ပြီး မန္တလေးရောက်လာကာ ဖြစ်သလိုနေ၊ဖြစ်သလိုစားကျံုးဘေး မှာနေနေပါတယ်။ မန္တလေးကမြန်မာစာကျူရှင်ဆရာ ဆရာဦးမျိုးအောင်နဲ့လဲရင်းနှီးခဲ့ဖူးပါတယ်လို့ပြောပါတယ်။ ဒီဆရာ့ကို သူ့အသိဆွေမျိုးများကတွေ့သွားလို့ပြန်ခေါ်မယ်ဆိုရင်ကျွန်တော်စီစဉ်ပြီးပြန်ပို့ပေးပါမယ်။ အောက်ပါကျွန်တော့်ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရပါတယ်။
ONE TO ONE ကလေးလူနာကူညီရေ
ကိုဝမ်း ဖုန်း ၀၉၇၆၅၇၆၅၁၇၉ (မန္တလေးမြို့)

