ဘဝမမေ့ဘဲ ဆွေမျိုးတွေရှိတဲ့ နေရာအထိ သွားရောက် ဂါရဝပြုခဲ့တဲ့ စွမ်းဇာနည်
Unicode
ပရိသတ်ကြီးရေ.. စွမ်းဇာနည်လို့ ဆိုလိုက်တာနဲ့ ဇာတ်သဘင်လောကမှာ ပရိသတ်တွေ အခိုင်အမာနဲ့ ထိပ်တန်းကနေ အောင်မြင်မှုတွေ အခိုင်အမာရရှိထား ဇာတ်မင်းသားချောလေးကို ပြေးမြင်မှာပါနော်။ စွမ်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ဇာတ်မင်းသားလေး စွမ်းဇာနည်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံး ရရှိထားပြီး သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေအားပေးလက်ခံမှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စွမ်းဇာနည်တစ်ယောက် နယ်မှာရှိတဲ့ ဆွေမျိုးတွေကို သွားရောက် ဂါရဝပြုကန်တော့ခဲ့တယ်လို့သိရပါတယ် ။ စွမ်း ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ – ပခုက္ကူနယ်မြို့လေးမှာ ကွယ်လွန်ခဲ့ကြတဲ့အဖိုး အဖွား အဖေ နဲ့ ဦးလေးတို့ရှိတဲ့ အုတ်ဂူလေးကိုသားဒီနေ့လာကန်တော့ဖြစ်ပါတယ်သားကောင်းမှုကုသိုလ်ပြုသမျှအရာအားလုံးအဖိုး အဖွား အဖေ နဲ့ ဦးလေးတို့ ရောက်ရာဘုံဘဝမှနေပြီး သာဓုခေါ်နိုင်ကြပါစေ ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။
စွမ်းတစ်ယောက် အခုလိုနိုင်ငံတလွှားမှာ လျျှမ်းလျှမ်းတောက် အောင်မြင်နေပေမယ့် ဘဝမမေ့ဘဲ ဆွေမျိုးမိဘတွေရှိရာကို တကူးတက လာရောက်ကန်တော့ခဲ့တာလေးက လေးစားဖို့ကောင်းနေပြန်ပါတယ်။ ပရိသတ်ကြီးရေ စွမ်းအတွက် အမှတ်တရစကားလေးတွေမှတ်ချက်ပေးခဲ့ကြပါဦး။Crediit-original