နားထောင်ရင်း ကြက်သီးတွေထလာရတဲ့ မြန်မာအိုင်ဒေါက ဒိုင်တွေရဲ့ဖျော်ဖြေမှုကြီး 😱❤️
Unicode
ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေကြတဲ့ Myanmar Idol Season (4) ကတော့ ထူးချွန်လွန်းတဲ့ ဒိုင်တွေရယ်၊ အရည်အချင်းပြည့်ဝတဲ့ ပြိုင်ပွဲဝင်တွေရယ်ကြောင့်ပါ စတင်ကတည်းက အောင်မြင်မှုတွေ ရရှိနေတာပါ။ လတ်တလောမှာတော့ မြန်မာအိုင်ဒေါက ဒိုင်တွေ ဘယ်လောက်ထိ ထူးချွန်ကြောင်း ဖျော်ဖြေပြသထားတဲ့ ဗီဒီယိုတစ်ခုက လူမှုကွန်ယက်မှာ တော်တော်လေး ပေါက်နေတာ တွေ့ရပါတယ်။ ဦးအောင်ကိုလတ်က ဂစ်တာတီး၊ ဖြူဖြူကျော်သိန်းက သီဆိုပြီး၊ တင်ဇာမော်ရဲ့ဟာမိုနီလိုက်ချက်တွေနဲ့ ပြီးပြည့်စုံတဲ့ အဆိုပါဗီဒီယိုလေးကတော့ တင်ပြီးပြီးချင်း နာရီပိုင်းအတွင်းမှာ ကြည့်ရှုသူ ၁ မီလီယံကျော်အထိ ရှိသွားပြီပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် လတ်တလော လူမှုကွန်ယက်မှာ အရမ်းပေါက်နေတဲ့ မြန်မာအိုင်ဒေါက ဒိုင်လူကြီးတွေရဲ့အမိုက်စား ဖျော်ဖြေမှုဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။အဆိုပါ ဗီဒီယိုလေးကိုတော့ မြန်မာအိုင်ဒေါရဲ့ ပေ့ချ်မှ “ဖြူဖြူ ဘယ်မှာလဲ” ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ်။ မြန်မာအိုင်ဒေါရဲ့ဒိုင်သုံးယောက်နဲ့အတူ အစီအစဉ် တင်ဆက်သူ ကျော်ထက်အောင်ကလည်း အနောက်ကနေ ဟာမိုနီလိုက်ပေးရင်း ပါဝင်ခဲ့တာလည်း တွေ့ရပါတယ်နော်။ဖြူဖြူကျော်သိန်းရဲ့”လှည့်စားလိုက်” သီချင်းကို အမိုက်စားတင်ဆက်ခဲ့တဲ့ ဗီဒီယို
Myanmar Idol ပြိုင်ပွဲကတော့ Season 1 ကတည်းက အောင်မြင်မှုတွေရရှိခဲ့တာ အခုဆိုရင် Season 4 အထိ ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ Myanmar Idol Season 4 မှာလည်း ဘယ်သူက Winner ဖြစ်သွားဦးမလဲဆိုတာ အရမ်းကို စိတ်ဝင်စားဖို့ ကောင်းလှပါတယ်နော်။ ချစ်ပရိသတ်တွေလည်း ဒိုင်ဆိုတဲ့အတိုင်း အရည်အချင်းဘယ်လောက်ထိ ပြည့်ဝလဲဆိုတာ ပြသခဲ့တဲ့ ဦးအောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့ သုံးဦးရဲ့ဖျော်ဖြေတင်ဆက်မှုကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။Credit-Swelsone;Source : momolay