Latest Posts

နှင်းဆီကိုကျွန်တော်မသတ်ပါဘူးဗျာ နှင်းဆီက ကျွန်တော်ကို သတ်သွားတာပါဆိုတဲ့ တင်မောင်ကျော်

စည္သူ၀င္းကေတာ့ MRTV 4မွစင္တင္ေပးလိုက္ေသာ ရုပ္သံဇာတ္လမ္းတြဲမင္းသားတစ္ဦးအျဖစ္ အနုပညာေလာကကိုစတင္ ၀င္ေရာက္လာသူျဖစ္ျပီး ပရိသတ္အခိုင္အမာရရိွထားသူလည္းျဖစ္ပါတယ္။ က်ရာဇာတ္ရုပ္မ်ားကို သဘာ၀က်က် ပီျပင္စြာသရုပ္ေဆာင္မႈေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္၀န္းရံျခင္းကိုခံေနရပါတယ္။သူကေတာ့ ” ဆံုဆည္းျခင္းမိုးတိမ္မ်ား”၊”အိပ္မက္ေက်ာ့ကြင္း”၊” ေႏြကႏာၱဦး”၊”မိုးေကာင္းကင္အိပ္မက္”စသည့္ဇာတ္လမ္းတြဲၾကီးမ်ားမွာလည္း ပရိသတ္ေတြရဲ႕ တခဲနက္ခ်စ္ခင္အားေပးမႈရရိွထားပါေသးတယ္။


လတ္တေလာမွာေတာ့ ျပသေနဆဲျဖစ္တဲ့ စာေရးဆရာမၾကီး မစႏၵာ ရဲ႕နာမည္ၾကီး ၀တၳဳအား ရုပ္သံဇာတ္လမ္းတြဲအျဖစ္ ျပန္လည္ရိုက္ကူးထားတဲ့ “ႏွင္းဆီ”ရုပ္သံဇာတ္လမ္းတြဲၾကီး မွာ ပါ၀င္သရုပ္ေဆာင္ထားပါတယ္။ထိုရုပ္သံဇာတ္လမ္းတြဲၾကီးမွာေတာ့ စြဲေဆာင္မႈရွိလြန္းသည့္ ကိုယ္ႏႈတ္အမူအယာမ်ားျဖင့္ ျပဳစားတတ္ျပီး မ်က္နာမ်ားသူ”တင္ေမာင္ေက်ာ္” ဟာ ပရိသတ္ေတြအတြက္ အျမင္ကပ္စရာေကာင္းေအာင္ကို သူရဲ႕ ထူးျခားတဲ့ အနုပညာစြမ္းရည္ေတြကို ခ်ျပထားပါတယ္။


လက္ရိွမွာေတာ့ “ႏွင္းဆီ “ရုပ္ရွင္ဇာတ္လမ္းတြဲၾကီးထဲမွာေတာ့ “ႏွင္း” တစ္ေယာက္ အဆိပ္မိျပီး ေသသြားတဲ့ အမႈအေပၚမွာ သံသယ ျဖစ္စရာေကာင္းေလာက္ေအာင္ “ႏွင္း”မေသခင္မွာ ေနာက္ဆံုးေတြ႔ခဲ့တဲ့ “တင္ေမာင္ေက်ာ္” ကေတာ့ လူသတ္သမားလို႔ စြပ္စြဲခံေနရပါတယ္။” ႏွင္းဆီကိုလည္းကၽြန္ေတာ္ခ်စ္ပါတယ္။ေမာ္ကိုလည္းကၽြန္ေတာ္ခ်စ္ပါတယ္။မိန္းကေလး ေတာ္ေတာ္မ်ားမ်ားကိုလည္း ကၽြန္ေတာ္ ခ်စ္တာပါဘဲ။ႏွင္းဆီကို ကၽြန္ေတာ္မသတ္ပါဘူးဗ်ာ ႏွင္းဆီကကၽြန္ေတာ့ကိုသတ္သြားတာပါ” လို႔ ပရိသတ္အခ်စ္ေတာ္ မင္းသားေခ်ာ စည္သူ၀င္းကေတာ့ သူရဲ႕ လူမႈကြန္ရက္ စာမ်က္နာမွ ေဖာ္ျပထားပါတယ္။ ပရိသတ္ၾကီးေရ တင္ေမာင္ေက်ာ္ တစ္ေယာက္ ႏွင္းကို တကယ္သတ္ခဲ့တာလား။Source: Si Thu Win;Credit-DarDar-CeleGabar
Unicode
” နှင်းဆီ က ကျွန်တော်ကို သတ်သွားတာပါဆိုတဲ့ တင်မောင်ကျော် ”
စည်သူဝင်းကတော့ MRTV 4မှစင်တင်ပေးလိုက်သော ရုပ်သံဇာတ်လမ်းတွဲမင်းသားတစ်ဦးအဖြစ် အနုပညာလောကကိုစတင် ဝင်ရောက်လာသူဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်များကို သဘာဝကျကျ ပီပြင်စွာသရုပ်ဆောင်မှုကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းကိုခံနေရပါတယ်။သူကတော့ ” ဆုံဆည်းခြင်းမိုးတိမ်များ”၊”အိပ်မက်ကျော့ကွင်း”၊” နွေကန္တာဦး”၊”မိုးကောင်းကင်အိပ်မက်”စသည့်ဇာတ်လမ်းတွဲကြီးများမှာလည်း ပရိသတ်တွေရဲ့ တခဲနက်ချစ်ခင်အားပေးမှုရရှိထားပါသေးတယ်။လတ်တလောမှာတော့ ပြသနေဆဲဖြစ်တဲ့ စာရေးဆရာမကြီး မစန္ဒာ ရဲ့နာမည်ကြီး ဝတ္ထုအား ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ “နှင်းဆီ”ရုပ်သံဇာတ်လမ်းတွဲကြီး မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ထိုရုပ်သံဇာတ်လမ်းတွဲကြီးမှာတော့ စွဲဆောင်မှုရှိလွန်းသည့် ကိုယ်နှုတ်အမူအယာများဖြင့် ပြုစားတတ်ပြီး မျက်နာများသူ”တင်မောင်ကျော်” ဟာ ပရိသတ်တွေအတွက် အမြင်ကပ်စရာကောင်းအောင်ကို သူရဲ့ ထူးခြားတဲ့ အနုပညာစွမ်းရည်တွေကို ချပြထားပါတယ်။လက်ရှိမှာတော့ “နှင်းဆီ “ရုပ်ရှင်ဇာတ်လမ်းတွဲကြီးထဲမှာတော့ “နှင်း” တစ်ယောက် အဆိပ်မိပြီး သေသွားတဲ့ အမှုအပေါ်မှာ သံသယ ဖြစ်စရာကောင်းလောက်အောင် “နှင်း”မသေခင်မှာ နောက်ဆုံးတွေ့ခဲ့တဲ့ “တင်မောင်ကျော်” ကတော့ လူသတ်သမားလို့ စွပ်စွဲခံနေရပါတယ်။” နှင်းဆီကိုလည်းကျွန်တော်ချစ်ပါတယ်။မော်ကိုလည်းကျွန်တော်ချစ်ပါတယ်။မိန်းကလေး တော်တော်များများကိုလည်း ကျွန်တော် ချစ်တာပါဘဲ။နှင်းဆီကို ကျွန်တော်မသတ်ပါဘူးဗျာ နှင်းဆီကကျွန်တော့ကိုသတ်သွားတာပါ” လို့ ပရိသတ်အချစ်တော် မင်းသားချော စည်သူဝင်းကတော့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှ ဖော်ပြထားပါတယ်။ ပရိသတ်ကြီးရေ တင်မောင်ကျော် တစ်ယောက် နှင်းကို တကယ်သတ်ခဲ့တာလား။Source: Si Thu Win;Credit-DarDar-CeleGabar