Latest Posts

နှင်းဆီပရိသတ်ကြီးကို မညာချင်လို့ ၂နှစ်ကျော်ထားခဲ့တဲ့ ဆံပင်တွေကိုစွန့်ခဲ့တယ်ဆိုတဲ့ စည်သူဝင်း

န့စဥ္ ည (၇) နာရီတိုင္း ပရိသတ္ေတြ စိတ္ဝင္တစား ေစာင့္ေမွ်ာ္ၾကည့္ရႈခဲ့ရတဲ့ “နွင္းဆီ” ဇာတ္လမ္းတြဲက တျဖည္းျဖည္းနဲ့ ဇာတ္ရွိန္အျမင့္ဆံုးကို ေရာက္ရိွေနျပီ ျဖစ္ပါတယ္။ ဒီကေန့မွာေတာ့ “နွင္းဆီ” ဇာတ္လမ္းတြဲရဲ့ အပိုင္း (၂၄) ေနာက္ဆံုး ဇာတ္သိမ္းပိုင္းကို ထုတ္လႊင့္ျပသမွာပဲ ျဖစ္ပါတယ္။ ေလးပတ္တာမွ် စြဲစြဲလန္းလန္း ၾကည့္ရႈခဲ့ရတဲ့ ဇာတ္လမ္းတြဲၾကီး ဇာတ္သိမ္းေတာ့မယ္ဆိုေတာ့ ပရိသတ္ေတြက ဝမ္းနည္းေနၾကတာကို ေတြ့ရပါတယ္။
မေန့က အပိုင္း (၂၃) မွာေတာ့ နွင္းတစ္ေယာက္ သူမဘဝကို အေနွာင့္အယွက္ေပးခဲ့တဲ့ တင္ေမာင္ေက်ာ္ကို အကြက္ခ်ျပီး ေခ်ာက္ခ်ဖို့ ၾကံစည္ခဲ့ျပီး ကိုယ့္ကိုကိုယ္ ေသေၾကာင္းၾကံခဲ့တာကို ေတြ့ရမွာ ျဖစ္ပါတယ္။ မိန္းကေလးေတြက အရုပ္လို သေဘာထား ဆက္ဆံခဲ့တဲ့ တင္ေမာင္ေက်ာ္လည္း နွင္းနဲ့က်မွ ဘယ္လိုုေတြ တန္ျပန္ခံစားရမလဲဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

ဒီကေန့ “နွင္းဆီ” ဇာတ္လမ္းတြဲ ဇာတ္သိမ္းပိုင္းမွာေတာ့ တင္ေမာင္ေက်ာ္တစ္ေယာက္ ဘယ္လို ျပစ္ဒဏ္မ်ိဳး က်ခံရမလဲဆိုတာကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ ေသခ်ာတာကေတာ့ တင္ေမာင္ေက်ာ္က နွင္းကို သတ္တယ္ဆိုတဲ့အမႈနဲ့ ေထာင္နန္းစံရမွာ ျဖစ္ပါတယ္။

တင္ေမာင္ေက်ာ္အျဖစ္ သရုပ္ေဆာင္ထားတဲ့ စည္သူဝင္းက “ႏွင္းဆီ ပရိတ္သတ္ႀကီးကို မညာခ်င္လို႔ အစစ္ေတြဘဲေပးခ်င္လို႔ ၂ႏွစ္ေက်ာ္ထားခဲ့တဲ့တန္းဖိုးထားရတဲ့ ဆံပင္ကိုစြန္႔ခဲ့တယ္🌹 ေက်နပ္တယ္🙏” ဆိုျပီး ဇာတ္သိမ္းပိုင္းမွာ သူျမတ္နုိးခဲ့ရတဲ့ ဆံပင္ေတြကို ျဖတ္ခဲ့ရတယ္လို့ သိရပါတယ္။

တင္ေမာင္ေက်ာ္ကေတာ့ ေနာက္ဆံုး အဆံုးသတ္မွာ ဘာေတြျဖစ္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။ ပရိသတ္ၾကီးလည္း ဒီေန့ျပသမယ့္ “နွင္းဆီ” ဇာတ္လမ္းတြဲ ဇာတ္သိမ္းပိုင္းကို ေစာင့္ေမွ်ာ္အားေပးဖို့ မေမ့ပါနဲ့ေနာ္။Credit-SwelsoneSource : momolay
Unicode
န့စဉ် ည (၇) နာရီတိုင်း ပရိသတ်တွေ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲက တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်အမြင့်ဆုံးကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ “နှင်းဆီ” ဇာတ်လမ်းတွဲရဲ့ အပိုင်း (၂၄) နောက်ဆုံး ဇာတ်သိမ်းပိုင်းကို ထုတ်လွှင့်ပြသမှာပဲ ဖြစ်ပါတယ်။ လေးပတ်တာမျှ စွဲစွဲလန်းလန်း ကြည့်ရှုခဲ့ရတဲ့ ဇာတ်လမ်းတွဲကြီး ဇာတ်သိမ်းတော့မယ်ဆိုတော့ ပရိသတ်တွေက ဝမ်းနည်းနေကြတာကို တွေ့ရပါတယ်။
မနေ့က အပိုင်း (၂၃) မှာတော့ နှင်းတစ်ယောက် သူမဘဝကို အနှောင့်အယှက်ပေးခဲ့တဲ့ တင်မောင်ကျော်ကို အကွက်ချပြီး ချောက်ချဖို့ ကြံစည်ခဲ့ပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ မိန်းကလေးတွေက အရုပ်လို သဘောထား ဆက်ဆံခဲ့တဲ့ တင်မောင်ကျော်လည်း နှင်းနဲ့ကျမှ ဘယ်လိုတွေ တန်ပြန်ခံစားရမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဒီကနေ့ “နှင်းဆီ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းမှာတော့ တင်မောင်ကျော်တစ်ယောက် ဘယ်လို ပြစ်ဒဏ်မျိုး ကျခံရမလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ တင်မောင်ကျော်က နှင်းကို သတ်တယ်ဆိုတဲ့အမှုနဲ့ ထောင်နန်းစံရမှာ ဖြစ်ပါတယ်။တင်မောင်ကျော်အဖြစ် သရုပ်ဆောင်ထားတဲ့ စည်သူဝင်းက “နှင်းဆီ ပရိတ်သတ်ကြီးကို မညာချင်လို့ အစစ်တွေဘဲပေးချင်လို့ ၂နှစ်ကျော်ထားခဲ့တဲ့တန်းဖိုးထားရတဲ့ ဆံပင်ကိုစွန့်ခဲ့တယ်🌹 ကျေနပ်တယ်🙏” ဆိုပြီး ဇာတ်သိမ်းပိုင်းမှာ သူမြတ်နိုးခဲ့ရတဲ့ ဆံပင်တွေကို ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။
တင်မောင်ကျော်ကတော့ နောက်ဆုံး အဆုံးသတ်မှာ ဘာတွေဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ပရိသတ်ကြီးလည်း ဒီနေ့ပြသမယ့် “နှင်းဆီ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းကို စောင့်မျှော်အားပေးဖို့ မမေ့ပါနဲ့နော်။Credit-SwelsoneSource : momolay