Latest Posts

ေရက်သြားေပမယ့္လည္း ေရးၿမိဳ႕မွာ ျပန္လည္ေနထိုင္ေရး အခက္အခဲရွိေန


Zawgyicodeျဖင့္ဖတ္ရန္

ေရၿမိဳ႕ေရႀကီးမႈဟာ အိမ္အလုံးလိုက္ေရေနာက္ေမ်ာပါသြားတာေတြကမ်ားတဲ့အတြက္ အခုလိုေရျပန္က်သြားေပမယ့္လည္း မူလေနအိမ္ေတြမွာ ျပန္လည္ထူေထာင္ၿပီးေနထိုင္ဖို႔ အခက္အခဲေတြရွိေနတယ္လို႔ သိရပါတယ္။

မြန္ျပည္နယ္၊ ေရးၿမိဳ႕မွာ ၾသဂုတ္လ(၉)ရက္ေန႕က စတင္ၿပီး မိုးအဆက္မျပတ္႐ြာသြန္းခဲ့မႈေၾကာင့္ တစ္ၿမိဳ႕လုံးေရနစ္ျမဳပ္ခဲ့ကာ ဒီကေန႕ ၾသဂုတ္လ(၁၂)ရက္ေန႕မွာေတာ့ ေရးၿမိဳ႕ေပၚမွာေရက်သြားၿပီး သြားလို႔လာလို႔ရေပမယ့္ ၿမိဳ႕နယ္မွာရွိတဲ့ ေက်း႐ြာေတြမွာေတာ့ ေရႀကီးေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

“ ေရးၿမိဳ႕ထဲမွာေတာ့ အရင္ေန႕ေတြက အိမ္တစ္ဝက္ေလာက္ျမဳပ္တဲ့ အိမ္ေတြေတာင္ျပန္ေပၚလာၿပီ။ ေရက မေန႕ကကတည္းက တျဖည္းျဖည္းက်ေနတာ။ ဒီမနက္မွာေတာ့ သိသိသာသာက်သြားတယ္။ ေက်း႐ြာဘက္ေတြမွာေတာ့ ေရကမက်ေသးဘူး။

ခုၿမိဳ႕ေပၚမွာလည္း ေရက်သြားတယ္ဆိုေပမယ့္ အိမ္ေတြကေတာ့ ျပန္ေနလို႔မရေသးဘူး။ အားလုံးက ခုထိကယ္ဆယ္ေရးစခန္းမွာပဲ ရွိေသးတယ္” လို႔ ၾသဂုတ္လ(၁၂)ရက္ေန႕ မြန္းလြဲ(၁)နာရီေလာက္က ေရးၿမိဳ႕ကယ္ဆယ္ေရးလုပ္ငန္းေဆာင္႐ြက္ေနသူတစ္ဦးမွ Duwunကို ေျပာပါတယ္။

လက္ရွိမွာေတာ့ေရးၿမိဳ႕မွာ ကယ္ဆယ္ေရးစခန္း(၄)ခုဖြင့္လွစ္ထားၿပီး ေရေဘးသင့္ျပည္သူအေရအတြက္က မ်ားလြန္းလို႔ အတိအက်ေျပာလို႔ မရဘူးလို႔ ေျပာပါတယ္။

ေရးၿမိဳ႕ရဲ႕ ေရေဘးကယ္ဆယ္ေရးနဲ႕ ကူညီေထာက္ပံ့ေရးလုပ္ငန္းေတြကိုေတာ့ ရန္ကုန္၊ မႏၱေလး၊ မြန္ျပည္နယ္၊ ဘားအံတို႔ အပါအဝင္ နယ္ေျမေဒသစုံက လာၿပီး ကူညီေထာက္ပံ့ေရးလုပ္ငန္းေတြေဆာင္႐ြက္ေပးေနတယ္လို႔ သိရပါတယ္။

ေရၿမိဳ႕ေရႀကီးမႈဟာ အိမ္အလုံးလိုက္ေရေနာက္ေမ်ာပါသြားတာေတြကမ်ားတာေၾကာင့္ အခုလိုေရျပန္က်သြားေပမယ့္လည္း ျပန္လည္ထူေထာင္ၿပီးေနထိုင္ဖို႔ အခက္အခဲေတြရွိေနပါတယ္။ ေရးၿမိဳ႕ရဲ႕ ေရႀကီးမႈမွာ လူေသဆုံးတာမ်ိဳးမရွိေပမယ့္ ျပန္လည္ေနထိုင္ေရးအတြက္ေတြကိုေတာ့ အမ်ားႀကီး လုပ္ေဆာင္ရအုံးမွာ ျဖစ္တယ္လို႔ သိရပါတယ္။Credit -original

Unicode

ရေမြို့ရေကြီးမှုဟာ အိမ်အလုံးလိုက်ရေနောက်မျောပါသွားတာတွေကများတဲ့အတွက် အခုလိုရေပြန်ကျသွားပေမယ့်လည်း မူလနေအိမ်တွေမှာ ပြန်လည်ထူထောင်ပြီးနေထိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။မွန်ပြည်နယ်၊ ရေးမြို့မှာ သြဂုတ်လ(၉)ရက်နေ့က စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တစ်မြို့လုံးရေနစ်မြုပ်ခဲ့ကာ ဒီကနေ့ သြဂုတ်လ(၁၂)ရက်နေ့မှာတော့ ရေးမြို့ပေါ်မှာရေကျသွားပြီး သွားလို့လာလို့ရပေမယ့် မြို့နယ်မှာရှိတဲ့ ကျေးရွာတွေမှာတော့ ရေကြီးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ ရေးမြို့ထဲမှာတော့ အရင်နေ့တွေက အိမ်တစ်ဝက်လောက်မြုပ်တဲ့ အိမ်တွေတောင်ပြန်ပေါ်လာပြီ။ ရေက မနေ့ကကတည်းက တဖြည်းဖြည်းကျနေတာ။ ဒီမနက်မှာတော့ သိသိသာသာကျသွားတယ်။ ကျေးရွာဘက်တွေမှာတော့ ရေကမကျသေးဘူး။ ခုမြို့ပေါ်မှာလည်း ရေကျသွားတယ်ဆိုပေမယ့် အိမ်တွေကတော့ ပြန်နေလို့မရသေးဘူး။ အားလုံးက ခုထိကယ်ဆယ်ရေးစခန်းမှာပဲ ရှိသေးတယ်” လို့ သြဂုတ်လ(၁၂)ရက်နေ့ မွန်းလွဲ(၁)နာရီလောက်က ရေးမြို့ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးမှ  ပြောပါတယ်။

လက်ရှိမှာတော့ရေးမြို့မှာ ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူအရေအတွက်က များလွန်းလို့ အတိအကျပြောလို့ မရဘူးလို့ ပြောပါတယ်။ ရေးမြို့ရဲ့ ရေဘေးကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကိုတော့ ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ်၊ ဘားအံတို့ အပါအဝင် နယ်မြေဒေသစုံက လာပြီး ကူညီထောက်ပံ့ရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ရေမြို့ရေကြီးမှုဟာ အိမ်အလုံးလိုက်ရေနောက်မျောပါသွားတာတွေကများတာကြောင့် အခုလိုရေပြန်ကျသွားပေမယ့်လည်း ပြန်လည်ထူထောင်ပြီးနေထိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။ ရေးမြို့ရဲ့ ရေကြီးမှုမှာ လူသေဆုံးတာမျိုးမရှိပေမယ့် ပြန်လည်နေထိုင်ရေးအတွက်တွေကိုတော့ အများကြီး လုပ်ဆောင်ရအုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။Credit -original