Latest Posts

ရန်ကုန်မှာကျန်ခဲ့တဲ့ ကြောင်လေးကို Video Call ခေါ်ပြီး အလွမ်းသယ်နေတဲ့ ပိုင်တံခွန်


နိုင်ငံကျော် သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်က လက်ရှိမှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံးအချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေထိပါ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ကြံခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ချောမောတဲ့ရုပ်ရည်ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာပါ။

ပိုင်တံခွန်က လက်ရှိမှာတော့ သူ့ရဲ ပထမဆုံး Fan Meeting ပွဲကို ကျင်းပဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။


ပိုင်တံခွန်က ဘန်ကောက်ကိုရောက်ခိုက် သူ့ရဲ့အချစ်တော် ကြောင်လေးကို တော်တော်လေး လွမ်းနေပုံပါပဲ။ Fan Meeting ကိစ္စနဲ့ မအားလပ်တဲ့ကြားက သူ့ရဲ့ကြောင်လေးကို Video Call ခေါ်ပြီး အလွမ်းသယ်နေတာ ကြာ်နူးစရာပါပဲ။
ကြောင်လေးကို အလွမ်းသယ်နေတဲ့ ပိုင်တံခွန်ရဲ့ ဗီဒီယို

ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကိုချစ်တတ်ပြီး သူ့ရဲ့ကြောင်လေးကိုဆိုညတအားချစ်တဲ့သူတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကို သဘောကျကြမယ် ထင်ပါတယ်နော်။


Credit  \\  original