မသည်းအုံ နဲ့ မကြာဥ ကို အတွဲလိုက် ပြန်တွေ့ရအုံးမယ့် ပုဂံမျှော် ရုပ်ရှင်ဇာတ်ကားကြီး
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အတိုင်းထက်အလွန် ရရှိခဲ့တဲ့ မုန်းစွဲရုပ်ရှင်ဇာတ်ကားထဲမှာ အကယ်ဒမီ တစ်ပြေးခဲ့ကြတဲ့ မင်းသမီးနှစ်ဦးဖြစ်တဲ့ ဖွေးဖွေးနဲ့ အေးဝတ်ရည်သောင်းတို့ကို နောက်ထက်တစ်ကြိမ် တွဲဖက်ပြီး တွေ့မြင်ရအုံးမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးလုံးဟာ ပရိသတ်တွေကိုယ်စီရှိကြသလို ဖွေးစိန်လေးကတော့ အကယ်ဒမီ၃ဆု ထိုက်ထိုက်တန်တန်ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးပါ။ မအေးသောင်းကတော့ အနုပညာလောကနဲ့ ခဏဝေးကွာသွားခဲ့ပြီး ဒုတိယအကြိမ်မြောက် ပြန်လည်အောင်မြင်လာတဲ့ မင်းသမီးတစ်လက်လို့ ဆိုရမှာပါ။
မအေးသောင်းဟာ မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ သိပ်လှတဲ့ကိုယ်လုံးလေးကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကိုလဲ ရရှိခဲ့သူပါ။ သူမက မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးကို ပထမဆုံးအကြိမ် ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှတော့ ဇာတ်လမ်းတွဲတွေကိုလဲ ရိုက်ကူးပုံဖော်လာပြီ ဖြစ်ပါတယ်။
မကြာခင်မှာလဲ 7th Sense Film Production မှ ထပ်မံရိုက်ကူးမယ့် ပုဂံမျှော်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အကယ်ဒမီ မြင့်မြတ်နဲ့ အတူ အကယ်ဒမီ ဖွေးဖွေး နဲ့ အေးဝတ်ရည်သောင်း တို့က ပါဝင်ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တကယ့်ကို သရုပ်ကောင်းတဲ့ အနုပညာရှင်တွေ ဖန်တီးမယ့် ရုပ်ရှင်ဇာတ်ကားကြီးက ဘယ်လောက်တောင် ဆွဲဆောင်မှုတွေ ရှိနေမလဲ ဆိုတာကို စောင့်မျှော်နေကြပါဦးနော်။ ဖတ်ရှု့ပေးသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original