အဝလွန်ပြီး ရုပ်ဆိုးနေတဲ့ ဖက်တီးလေးကို သစ္စာမပျက်ဘဲ လက်ထပ်ခဲ့တဲ့ ကောင်မလေး
အဝလွန်ပြီး ရုပ်ဆိုးနေတဲ့ ဖက်တီးလေးကို သစ္စာမပျက်ဘဲ လက်ထပ်ခဲ့တဲ့ ကောင်မလေး
ပေါင် ၂၆၅ ပေါင်ရှိတဲ့ Kudi ဆိုတဲ့ အရမ်းဝတဲ့ ကောင်လေးဟာ ၁၀ နှစ်ကြာ တွဲပြီး နောက်မှာတော့ Puwadol ဆိုတဲ့ ကောင်မလေးနဲ့ လက်ထပ် လိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ အတွဲကို အများအမြင်မှာ လိုက်ဖက်မှု မရှိဘူးလို့ ဆိုကြပေမဲ့ သူတို့ နှစ်ယောက်ကတော့ တစ်ယောက် အပေါ် တယောက် မေတ္တာ မပျက်ခဲ့ ပါဘူး ။
သူတို့ အတွဲဟာ ထိုင်းနိုင်ငံက ဖြစ်ပါတယ်။ အရမ်းဝတဲ့ Kudi ကို တင်စားတဲ့အနေနဲ့ သူ့ရဲ့ ချစ်သူ Puwadol က ”Ball ” လို့ ခေါ်ပါတယ်။ Puwadol ဟာ သေးသွယ်လျတဲ့ ခန္ဓာကိုယ်နဲ့ ကိုယ်အလေးချိန်က ၉၇ ပေါင်ပဲ ရှိတာကြောင့် သူ့ချစ်သူ Kudi နဲ့ အတူတူ တွဲသွားတဲ့ အခါ မျိုးမှာ Kudi က အမြဲ လှောင်ပြောင်ခံ ရပါတယ် ။
Puwadol ရဲ့ အရွယ် အစားဟာ သူ့ချစ်သူ Kudi ရဲ့ တဝက်စာ တောင် မရှိပါဘူး။ ဒါပေမဲ့ ဒီလို ဝေဖန် တိုက်ခိုက်မှုတွေကြားက သူတို့ နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲ မဖြုတ်ခဲ့ ကြပါဘူး။
Puwadol ဟာ သူနာပြု အလုပ် လုပ်ကိုင်ပြီး သူ့ရဲ့ ချစ်သူကို ဝိတ်ချဖို့ အတွက် အစီစဉ် ရှိပေမဲ့ အကြောင်း တစ်ခုခုကြောင့် ဝိတ်မချဖြစ် ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့နှစ်ဦးအတွက် အရေးကြီး ဆုံးက တစ်ယောက်နဲ့ တစ်ယောက် ချစ်နေဖို့သာ အရေကြီးပြီး ကျန်တာတွေ သိပ်ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။
Puwadol ဟာ သူ့အတွက်တော့ အရမ်းကို သစ္စာရှိတဲ့ မိန်းကလေး တစ်ဦးလို့ Kudi က ဆိုပါတယ်။ သူတို့ချစ်သူ သက်တမ်း ၁၀ နှစ် ကြာပြီး နောက်မှာတော့ လက်ထပ်လိုက် ကျပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ Puwadol က သူ့အတွက် လှပတဲ့ သမီးလေး တစ်ယောက် မွေးဖွားပေးခဲ့ ပါတယ်။ သူတို့နှစ်ဦးရဲ့ လုပ်ရပ်ဟာ အချစ်မှာ မျက်စိမရှိဘူး ဆိုတာကို သက်သေ ပြလိုက် တာပဲ ဖြစ်ပါတယ်။
Credit \\ original