Latest Posts
UNICODE
မော်လမြိုင်က ပရိသတ်တွေဆီသွားရင်း မွေးနေ့အကြို Surprise လုပ်ခံလိုက်ရတဲ့ ဖွေးဖွေးရဲ့ဗီဒီယို
မြန်မာနိုင်ငံမှာ ပရိသတ်တွေ အချစ်ရဆုံးနဲ့ အအောင်မြင်ဆုံးသော မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ အကယ်ဒမီဖွေးဖွေးကတော့ သူမရဲ့အနုပညာအပေါ်ထားရှိတဲ့ စိတ်ကြောင့် ချစ်ကြတဲ့ပရိသတ်တွေ ပိုပိုပြီး များလာတာပါ။ ပရိသတ်တွေရဲ့အချစ်တော် ဖွေးစိန်လေးကတော့ မကြာသေးခင် အချိန်လေးအတွင်းမှာ အသက် ၃၁ နှစ်တိတိ ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖွေးဖွေးက “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားအတွက် မော်လမြိုင်က ပရိသတ်တွေဆီသွားရင်း မွေးနေ့အကြို Surprise လုပ်ခံလိုက်ရတဲ့အကြောင်း ပရိသတ်တစ်ဦးက တင်ထားတာ တွေ့ရပါတယ်။ မထင်မှတ်ထားတဲ့ Surprise မို့ ဖွေးစိန်လေးတစ်ယောက် အရမ်းကို ပျော်နေတာပါနော်။
ချစ်ပရိသတ်တွေအတွက် သူမကို ချစ်တဲ့ ပရိသတ်ဆီက မွေးနေ့ Surprise လေးရခဲ့လို့ အရမ်းပျော်နေတဲ့ ဖွေးစိန်လေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ဖွေးဖွေးကို Surprise လုပ်ပေးခဲ့တဲ့ မော်လမြိုင်က ပရိသတ်လေးကတော့ “Pre happy birthday ပါ ဖွေးစိန် 🎉😘” ဆိုပြီး သူမချစ်ရတဲ့ အနုပညာရှင်ကို Surprise လုပ်ပေးခဲ့တဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။ဖွေးဖွေးကို မွေးနေ့အကြို Surprise လုပ်ပေးခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ဗီဒီယို
ပရိသတ်အချစ်တော် မင်းသမီးချောလေး ဖွေးဖွေးကတော့ လာမယ့် သြဂုတ်လ (၉) ရက်နေ့မှာ အသက် ၃၁ နှစ် တိတိ ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း ချစ်ရတဲ့ ရွှေမင်းသမီးလေး ဖွေးစိန်ရဲ့ အသက် ၃၁ နှစ်ပြည့်မွေးနေ့လေးအတွက် ကြိုပြီး မွေးနေ့ဆုတောင်းစကားလေးတွေ ပြောသွားခဲ့ပါဦးနော်။Credit  -original