Latest Posts

ပရိသတ္ေတြရဲ႕ သံသယဝင္တာခံေနရတဲ့ စိုင္းစိုင္းနဲ႔ ပိုးမမွီသာ

ပိုးမမွီသာဆိုတဲ့ ဆြဲေဆာင္မႈရွိျပီးခ်စ္ဖို႔ေကာင္းတဲ့ ေမာ္ဒယ္မင္းသမီးေခ်ာေလးဟာဆိုရင္ စိုင္းစို္င္းရဲ႕ “သိဂၤါရသီခ်င္းတစ္ပုဒ္” မွာ ပါဝင္သရုပ္ေဆာင္ေပးခဲ့သလို စိုင္းစို္င္းနဲ႔အတူ အျခားအနုုပညာေတြလည္းအတူတူလုပ္ဖူးျပီး ပရိသတ္အခို္င္အမာရရွိထားတဲ့အနုပညာရွင္တစ္ဦးပါ။ ပုိးမမွီသာက ငယ္ငယ္ကတည္းက စိုင္းစိုင္းရဲ႕ပရိသတ္တစ္ဦးလည္းျဖစ္ျပီး စို္င္းစိုင္းနဲ႔ေမာင္နွမလိုခင္မင္တယ္လို႔လည္း အင္တာဗ်ဴးေတြမွာေျဖခဲ့ဖူးပါတယ္။ ဒါေပမယ့္ မၾကာေသးမီက လူမႈကြန္ယက္ေပၚပ်ံ႕နွံ႕လာတဲ့ဓာတ္ပံုေတြေၾကာင့္ ပရိသတ္ေတြက စိုင္းစိုင္းနဲ႔ ပုိးမမီွသာကုိ သုိ႔ေလာသို႔ေလာ အေတြးမ်ားေနၾကရတယ္ဆိုရင္လည္းမမွားပါဘူး။


စုိင္းစုိင္းက ျပီးခဲ့တဲ့ေန႔က သူ႔ရဲ႕ Instagram မွာ မင္းကြန္းျမသိန္းတန္ေစတီမွာ ရုိက္ထားတဲ့ ဓာတ္ပံုေလးကုိတင္ထားခဲ့ပါတယ္။ စုိင္းစိုင္းက ေစတီျဖဴျဖဴရဲ႕ သပၸါယ္လွတဲ့အရိပ္ေအာက္မွာ မတ္တပ္ရပ္ေနတဲ့ ပံုေလးကုိ “ေပါင္းရဖု႔ိအတြက္ ရည္စူးရြယ္ကာ ဘုရားကုိတက္ ကန္ေဘာင္မွာအတူတူထုို္င္ကာ တအားကုိဖက္”ဆုိတဲ့သီခ်င္းစာသားေလးနဲ႔ တင္ထားခဲ့တာျဖစ္လို႔ ဘုရားကုိ ခ်စ္သူနဲ႔အတူတူသြားတာလားလို႔ ပရိသတ္ေတြကထင္ျမင္ယူဆေနၾကတာပါ။ ဒါေပမယ့္ စုိင္းစုိင္းက မၾကာခင္က သူ႔ရဲ႕လူမႈကြန္ယက္မွာ “အသည္းေတြလည္းကြဲပါတယ္”ဆိုတဲ့ status ေလးတင္ထားခဲ့တာလည္းပရိသတ္ေတြေတြ႕လိုက္ရပါတယ္။ အဲဒါေၾကာင့္ စိုုင္းစုိင္းရဲ႕ ခ်စ္သူနဲ႔အခ်စ္ေရးအဆင္ေျပရဲ႕လားလို႔ပရိသတ္ေတြစုိးရိမ္ေနတဲ့အခ်ိန္မွာ စုိင္းစုိင္းက အခုလိုဓာတ္ပံုေလးတင္လိုက္တာပါ။


ဒါေပမယ့္ မေရွးမေနွာင္းမွာပဲ ပိုးမမွီသာကလည္း သူမရဲ႕ လူမႈကြန္ယက္မွာ ျမသိန္းတန္ေစတီမွာရိုက္ထားတဲ့ ဓာတ္ပံုေလးကုိပဲစုိင္းစုိင္းရဲ႕ဓာတ္ပံုထဲကေနရာမွာပဲ ေနာက္လွည့္ျပီးရိုက္ထားတဲ့ ပံုေလးကုိတင္ထားခဲ့ပါတယ္။ ပိုးမမွီသာကFacebook မွာေတာ့ မင္းကြန္းက ဓာတ္ပံုေလးေတြကုိ “ဒီပံုေတြအကုန္လံုးကို မင္းကြန္း ျမသိန္းတန္ဘုရားက ၁၂ ႏွစ္အရြယ္ညီမေလးကဘဲ ႐ိုက္ေပးတာပါ သူေလးက pose ပါသင္ေပးေသးတာ”လို႔ေရးျပီးတင္ထားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြက အဲဒီလုိတုိက္တိုက္ဆိုင္ဆိုင္ေနရာေရာ အက်ႌအဝတ္အစားအေရာင္ပါ ခပ္ဆင္ဆင္တူတဲ့ဓာတ္ပံုေလးေတြနဲ႔ပတ္သက္ျပီး စုိင္းစုိင္းနဲ႔ ပိုးမမွီသာတို႔ ျမသိန္းတန္ေစတီကုိ အတူတူသြားခဲ့တာလား.. ခ်စ္သူေတြျဖစ္ေနၾကျပီလားဆိုတဲ့ ေမးခြန္းေတြနဲ႔ စိတ္ဝင္တစားျဖစ္ေနၾကပါျပီ။

ပရိသတ္ၾကီးေရာ စိုင္းစုိင္းနဲ႔ ပုိးမမွီသာကုိခ်စ္ၾကလား။ ပရိသတ္ေတြထင္သလုိ သူတို႔နွစ္ေယာက္ခ်စ္သူေတြျဖစ္ေနရင္ေရာ သေဘာတူၾကမွာလား။ေျပာခဲ့ၾကပါဦး။

Credit-original

UNICODE

ပရိသတ်တွေရဲ့ သံသယဝင်တာခံနေရတဲ့ စိုင်းစိုင်းနဲ့ ပိုးမမှီသာ
ပိုးမမှီသာဆိုတဲ့ ဆွဲဆောင်မှုရှိပြီးချစ်ဖို့ကောင်းတဲ့ မော်ဒယ်မင်းသမီးချောလေးဟာဆိုရင် စိုင်းစိုင်းရဲ့ “သိင်္ဂါရသီချင်းတစ်ပုဒ်” မှာ ပါဝင်သရုပ်ဆောင်ပေးခဲ့သလို စိုင်းစိုင်းနဲ့အတူ အခြားအနုပညာတွေလည်းအတူတူလုပ်ဖူးပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့အနုပညာရှင်တစ်ဦးပါ။ ပိုးမမှီသာက ငယ်ငယ်ကတည်းက စိုင်းစိုင်းရဲ့ပရိသတ်တစ်ဦးလည်းဖြစ်ပြီး စိုင်းစိုင်းနဲ့မောင်နှမလိုခင်မင်တယ်လို့လည်း အင်တာဗျူးတွေမှာဖြေခဲ့ဖူးပါတယ်။ ဒါပေမယ့် မကြာသေးမီက လူမှုကွန်ယက်ပေါ်ပျံ့နှံ့လာတဲ့ဓာတ်ပုံတွေကြောင့် ပရိသတ်တွေက စိုင်းစိုင်းနဲ့ ပိုးမမှီသာကို သို့လောသို့လော အတွေးများနေကြရတယ်ဆိုရင်လည်းမမှားပါဘူး။

စိုင်းစိုင်းက ပြီးခဲ့တဲ့နေ့က သူ့ရဲ့ Instagram မှာ မင်းကွန်းမြသိန်းတန်စေတီမှာ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုတင်ထားခဲ့ပါတယ်။ စိုင်းစိုင်းက စေတီဖြူဖြူရဲ့ သပ္ပါယ်လှတဲ့အရိပ်အောက်မှာ မတ်တပ်ရပ်နေတဲ့ ပုံလေးကို “ပေါင်းရဖု့ိအတွက် ရည်စူးရွယ်ကာ ဘုရားကိုတက် ကန်ဘောင်မှာအတူတူထိုင်ကာ တအားကိုဖက်”ဆိုတဲ့သီချင်းစာသားလေးနဲ့ တင်ထားခဲ့တာဖြစ်လို့ ဘုရားကို ချစ်သူနဲ့အတူတူသွားတာလားလို့ ပရိသတ်တွေကထင်မြင်ယူဆနေကြတာပါ။ ဒါပေမယ့် စိုင်းစိုင်းက မကြာခင်က သူ့ရဲ့လူမှုကွန်ယက်မှာ “အသည်းတွေလည်းကွဲပါတယ်”ဆိုတဲ့ status လေးတင်ထားခဲ့တာလည်းပရိသတ်တွေတွေ့လိုက်ရပါတယ်။ အဲဒါကြောင့် စိုင်းစိုင်းရဲ့ ချစ်သူနဲ့အချစ်ရေးအဆင်ပြေရဲ့လားလို့ပရိသတ်တွေစိုးရိမ်နေတဲ့အချိန်မှာ စိုင်းစိုင်းက အခုလိုဓာတ်ပုံလေးတင်လိုက်တာပါ။

ဒါပေမယ့် မရှေးမနှောင်းမှာပဲ ပိုးမမှီသာကလည်း သူမရဲ့ လူမှုကွန်ယက်မှာ မြသိန်းတန်စေတီမှာရိုက်ထားတဲ့ ဓာတ်ပုံလေးကိုပဲစိုင်းစိုင်းရဲ့ဓာတ်ပုံထဲကနေရာမှာပဲ နောက်လှည့်ပြီးရိုက်ထားတဲ့ ပုံလေးကိုတင်ထားခဲ့ပါတယ်။ ပိုးမမှီသာကFacebook မှာတော့ မင်းကွန်းက ဓာတ်ပုံလေးတွေကို “ဒီပုံတွေအကုန်လုံးကို မင်းကွန်း မြသိန်းတန်ဘုရားက ၁၂ နှစ်အရွယ်ညီမလေးကဘဲ ရိုက်ပေးတာပါ သူလေးက pose ပါသင်ပေးသေးတာ”လို့ရေးပြီးတင်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေက အဲဒီလိုတိုက်တိုက်ဆိုင်ဆိုင်နေရာရော အင်္ကျီအဝတ်အစားအရောင်ပါ ခပ်ဆင်ဆင်တူတဲ့ဓာတ်ပုံလေးတွေနဲ့ပတ်သက်ပြီး စိုင်းစိုင်းနဲ့ ပိုးမမှီသာတို့ မြသိန်းတန်စေတီကို အတူတူသွားခဲ့တာလား.. ချစ်သူတွေဖြစ်နေကြပြီလားဆိုတဲ့ မေးခွန်းတွေနဲ့ စိတ်ဝင်တစားဖြစ်နေကြပါပြီ။

ပရိသတ်ကြီးရော စိုင်းစိုင်းနဲ့ ပိုးမမှီသာကိုချစ်ကြလား။ ပရိသတ်တွေထင်သလို သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေရင်ရော သဘောတူကြမှာလား။ပြောခဲ့ကြပါဦး။