ျမန္မာႏိုင္ငံမွာ သာသနာ့တာ၀န္ေတြ လာေရာက္ထမ္းေဆာင္ေနတဲ႔ အေမရိကန္မွ သီလရွင္ဆရာႀကီး ေဒၚဝဇီရညာဏီ
ဘုရားသမီးေတာ္ အေမရိကန္မွ သီလရွင္ဆရာႀကီး ေဒၚဝဇီရညာဏီ”
ျမန္မာစကားကို ကြ်မ္းက်င္စြာေျပာတတ္ျပီး ဓမၼာစရိယလည္း ေအာင္ၿပီးပါျပီ..ျမန္မာျပည္မွာ သီတင္းသုံးရင္း သာသနာျပဳေနပါတယ္..ပ႑ိတရာမ ဆယ္မိုင္ကုန္းတရားရိပ္သာသို႔ႏွစ္စဥ္ ႏိုင္ငံျခားသားေယာဂီမ်ားလာေရာက္၍ တရားအားထုတ္ၾကပါတယ္..(ဒီဇင္ဘာလနဲ႔ ဇန္နဝါရီလမ်ားကို ႏိုင္ငံျခားသားေယာဂီမ်ားအတြက္သီးသန္႔အခ်ိန္အခ်ိန္ေပးတယ္လို႔ သိရပါတယ္) ဒီဆရာႀကီးဟာ တရားစခန္းမွာအဂၤလိပ္ျမန္မာ ဘာသာျပန္အျဖစ္ ကူညီေပးရင္းသာ့သနာတာဝန္ကို ထမ္းေဆာင္ေနပါတယ္..
သီလရွင္ဝတ္လ်ွင္ ဘယ္လိုအက်ိဳးေက်းဇူးရမွာလဲ သီလရွင္ ဝတ္ျခင္းသည္ ဝတ္သူႏွင့္ ဝတ္သူ၏ မိဘမ်ား၌ မည္ကဲ့သို႔ အက်ိဳးေက်းဇူး ရိွႏိုင္သည္ကို ႐ွင္းျပေတာ္မူပါဘုရား။ ဗုဒၶစာေပတြင္ ၁။ဥပသမၸဒ ပဗၺဇၨ ၂။သာမေဏရပဗၺဇၨ ၃။ဣသိပဗၺဇၨႏွင့္ ၄။ပရိဗၺာဇက ပဗၺဇၨ ဟူ၍ ပဗၺဇၨ ေလးမ်ိဳးရိွပါသည္။ရဟန္းျပဳျခင္း၊ သာမေဏျပဳျခင္း၊ ရေသ့ျခင္းႏွင့္ သီလရွင္ျပဳျခင္းဟု ဆိုရပါမည္။သီလရွင္မွာ အမွတ္ (၄) ပရိဗၺာဇက ပဗၺဇၨ ျဖစ္၍ အမ်ိဳးသမီးမ်ားအေနျဖင့္ ဝမ္းေျမာက္ ဂုဏ္ယူဖြယ္ေကာင္းလွပါသည္။
အမွန္အားျဖင့္ မိန္းကေလးတစ္ဦးအေနႏွင့္ မိမိ၏ အလွအပ ဗန္းတင္ ပစၥည္းျဖစ္ေသာ ဆံပင္ကို ရိတ္ပယ္လိုက္ႏိုင္ျခင္းပင္ အလြန္ခဲယဥ္းေသာကိစၥျဖစ္၍ပစၥည္းဥစၥာ ရတနာေရႊေငြတို႔ကို စြန္႔လႊတ္သကဲ့သို႔ ေနကၡမၼပါရမီတစ္မ်ိဳးပင္ ျဖစ္ပါသည္။
ထို႔ေနာက္လူဝတ္ေၾကာင္ကို ပယ္၍ သီလရွင္ ဝတ္ ဖန္ရည္ဆိုးဝတ္ကို ဝတ္ကာလူတို႔ ေဆာက္တည္ႏိုင္ ခဲေသာ၈ပါး၊ ၉ပါး၊ ၁၀ပါး သီလမ်ားကို နိစၥေဆာက္တည္ ေနႏိုင္ျခင္း စာေပက်မ္းဂန္သင္ အံႏိုင္ျခင္း တရားစာေပ ေလ့လာျခင္း သမထ ဝိပႆနာဘာဝနာမ်ားကို ပြားမ်ားေနထိုင္းျခင္း စသည္ျဖင့္ ဘုရားသာသနာကို ခ်ီးေျမႇာက္ႏိုင္ျခင္းမွာ မိန္းမဘဝပင္ ျဖစ္ေသာ္လည္း ျမင့္ျမတ္လွပါသည္။
ဘဝေပါင္းမ်ားစြာက လင္ယူသားေမြးေလာကီေရးကိစၥမ်ားျဖင့္သာ အကုသိုလ္နယ္ပယ္ ဒုဂၢတိ နယ္ပယ္တြင္ က်င္လည္ရာက်င္လည္ေၾကာင္း က်င့္ၾကံေနခဲ့ရာမွ ယခုဘုရားသာသနာ၌ ေတြ႕ခိုက္တြင္ မဂ္ဖိုလ္ ရေရး အသက္ေပး အားထုတ္ရျခင္း သာသနာ့ႏြယ္ဝင္ ျဖစ္ခြင့္ရျခင္းတို႔မွာ ဘဝ၏အႏွစ္သာရ အစစ္ပင္ျဖစ္ပါသည္။
သမီးကို မိမိတို႔ကိုယ္တိုင္ သာသနာ့ႏြယ္ဝင္ အျဖစ္သို႔ ပို႔ေဆာင္ေပးၾကေသာ မိဘမ်ားမွာလည္း သာသနႏုဂၢဟ ကုသိုလ္ထူးကို ဆည္းပူးၾကသူမ်ားပင္ ျဖစ္၍ လြန္စြာ အက်ိဳးႀကီးလွပါသည္။ဒါ့ေၾကာင့္ သီလရွင္ဝတ္ျခင္းမွာ အက်ိဳးေက်းဇူး မ်ားလွပါသည္။Credit:original uploader
Unicode ျဖင့္ဖတ္ရန္
ဘုရားသမီးတော် အမေရိကန်မှ သီလရှင်ဆရာကြီး ဒေါ်ဝဇီရညာဏီ”မြန်မာစကားကို ကျွမ်းကျင်စွာပြောတတ်ပြီး ဓမ္မာစရိယလည်း အောင်ပြီးပါပြီ..မြန်မာပြည်မှာ သီတင်းသုံးရင်း သာသနာပြုနေပါတယ်..ပဏ္႑ိတရာမ ဆယ်မိုင်ကုန်းတရားရိပ်သာသို့နှစ်စဉ် နိုင်ငံခြားသားယောဂီများလာရောက်၍ တရားအားထုတ်ကြပါတယ်..(ဒီဇင်ဘာလနဲ့ ဇန်နဝါရီလများကို နိုင်ငံခြားသားယောဂီများအတွက်သီးသန့်အချိန်အချိန်ပေးတယ်လို့ သိရပါတယ်) ဒီဆရာကြီးဟာ တရားစခန်းမှာအင်္ဂလိပ်မြန်မာ ဘာသာပြန်အဖြစ် ကူညီပေးရင်းသာ့သနာတာဝန်ကို ထမ်းဆောင်နေပါတယ်..
သီလရှင်ဝတ်လျှင် ဘယ်လိုအကျိုးကျေးဇူးရမှာလဲ သီလရှင် ဝတ်ခြင်းသည် ဝတ်သူနှင့် ဝတ်သူ၏ မိဘများ၌ မည်ကဲ့သို့ အကျိုးကျေးဇူး ရှိနိုင်သည်ကို ရှင်းပြတော်မူပါဘုရား။ ဗုဒ္ဓစာပေတွင် ၁။ဥပသမ္ပဒ ပဗ္ဗဇ္ဇ ၂။သာမဏေရပဗ္ဗဇ္ဇ ၃။ဣသိပဗ္ဗဇ္ဇနှင့် ၄။ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဟူ၍ ပဗ္ဗဇ္ဇ လေးမျိုးရှိပါသည်။
ရဟန်းပြုခြင်း၊ သာမဏေပြုခြင်း၊ ရသေ့ခြင်းနှင့် သီလရှင်ပြုခြင်းဟု ဆိုရပါမည်။သီလရှင်မှာ အမှတ် (၄) ပရိဗ္ဗာဇက ပဗ္ဗဇ္ဇ ဖြစ်၍ အမျိုးသမီးများအနေဖြင့် ဝမ်းမြောက် ဂုဏ်ယူဖွယ်ကောင်းလှပါသည်။အမှန်အားဖြင့် မိန်းကလေးတစ်ဦးအနေနှင့် မိမိ၏ အလှအပ ဗန်းတင် ပစ္စည်းဖြစ်သော ဆံပင်ကို ရိတ်ပယ်လိုက်နိုင်ခြင်းပင် အလွန်ခဲယဉ်းသောကိစ္စဖြစ်၍ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ကို စွန့်လွှတ်သကဲ့သို့ နေက္ခမ္မပါရမီတစ်မျိုးပင် ဖြစ်ပါသည်။
ထို့နောက်လူဝတ်ကြောင်ကို ပယ်၍ သီလရှင် ဝတ် ဖန်ရည်ဆိုးဝတ်ကို ဝတ်ကာလူတို့ ဆောက်တည်နိုင် ခဲသော၈ပါး၊ ၉ပါး၊ ၁၀ပါး သီလများကို နိစ္စဆောက်တည် နေနိုင်ခြင်း စာပေကျမ်းဂန်သင် အံနိုင်ခြင်း တရားစာပေ လေ့လာခြင်း သမထ ဝိပဿနာဘာဝနာများကို ပွားများနေထိုင်းခြင်း စသည်ဖြင့် ဘုရားသာသနာကို ချီးမြှောက်နိုင်ခြင်းမှာ မိန်းမဘဝပင် ဖြစ်သော်လည်း မြင့်မြတ်လှပါသည်။ဘဝပေါင်းများစွာက လင်ယူသားမွေးလောကီရေးကိစ္စများဖြင့်သာ အကုသိုလ်နယ်ပယ် ဒုဂ္ဂတိ နယ်ပယ်တွင် ကျင်လည်ရာကျင်လည်ကြောင်း ကျင့်ကြံနေခဲ့ရာမှ ယခုဘုရားသာသနာ၌ တွေ့ခိုက်တွင် မဂ်ဖိုလ် ရရေး အသက်ပေး အားထုတ်ရခြင်း သာသနာ့နွယ်ဝင် ဖြစ်ခွင့်ရခြင်းတို့မှာ ဘဝ၏အနှစ်သာရ အစစ်ပင်ဖြစ်ပါသည်။
သမီးကို မိမိတို့ကိုယ်တိုင် သာသနာ့နွယ်ဝင် အဖြစ်သို့ ပို့ဆောင်ပေးကြသော မိဘများမှာလည်း သာသနနုဂ္ဂဟ ကုသိုလ်ထူးကို ဆည်းပူးကြသူများပင် ဖြစ်၍ လွန်စွာ အကျိုးကြီးလှပါသည်။ဒါ့ကြောင့် သီလရှင်ဝတ်ခြင်းမှာ အကျိုးကျေးဇူး များလှပါသည်။Credit:original uploader