Latest Posts


ပရိသတ်အချစ်တော် မင်းသားချောလေး စည်သူဝင်းနဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်တို့နှစ်ယောက်ကတော့ ဇာတ်လမ်းတွဲလေး တွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ အနုပညာရှင်တွေပဲ ဖြစ်ကြပါတယ်။ ပရိသတ်တွေက သူတို့နှစ်ယောက်ကို ”မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲလေးမှာ ရဲသွေးနဲ့ ဆိုင်းမိုင်တို့စုံတွဲလေးအဖြစ် ပိုမိုချစ်ခင်အားပေးခဲ့ရတာ ဖြစ်ပါတယ်။ အတွဲညီလွန်းတဲ့ သူတို့နှစ်ယောက်ကတော့ မောင်နှမအရင်းတွေလို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ကြပါတယ်။


စည်သူဝင်းနဲ့ ပိုးကြာဖြူခင်တို့နှစ်ယောက်က မကြာခဏဆိုသလို အနုပညာအလုပ်တွေကို အတူလက်တွဲကာ လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ရှိုးပွဲတွေတိုင်းမှာ သူတို့နှစ်ယောက်က စုံတွဲလေးအဖြစ် ပါဝင်လျှောက်လှမ်းရသလို ကြော်ငြာနဲ့ photo shooting လေးတွေလည်း အတူတူရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း ပိုးကြာဖြူခင်က ”သူနဲ့မဂ္ဂဇင်းရိုက်နေပါတယ်” ဆိုပြီး စည်သူဝင်းနဲ့ပုံလေးတွေကို တင်ပေးထားပါတယ်။



စည်သူဝင်းနဲ့ ပိုးကြာဖြူခင်တို့က ချစ်ချစ်ခင်ခင်နဲ့ နှစ်ယောက်သား ဆင်တူပို့စ်လေးတွေ ပြိုင်တူပေးနေကြတာပဲ ဖြစ်ပါတယ်။ အမြဲတမ်းအတွဲညီပြီး လိုက်ဖက်လွန်းတဲ့ သူတို့နှစ်ဦးကို ပရိသတ်တွေက တစ်နေ့တစ်ခြားအချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စည်သူဝင်းနဲ့ ပိုးကြာဖြူခင်တို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။



Source : Poe Kyar Phyu Khin;Credit-“Myanmarload’