Latest Posts

ကိုရီးယားမင်းသား Ryu Sang-Wook နဲ့ ရုပ်ရှင်ရိုက်ဖို့ ချင်းပြည်နယ်ကို ထွက်ခွာသွားတဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော်မင်းသမီးလေး ဝတ်မှုံရွှေရည်ကတော့ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်တိုင်းကို စိတ်ရောကိုယ်ပါနစ်ပြီး အကောင်းဆုံး သရုပ်ဆောင်တတ်သူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် နိုင်ငံခြားက ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အာရှနိုင်ငံတော်တော်များများကလည်း အားပေးလက်ခံခြင်း ခံရတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဝတ်မှုံရွှေရည်က ကိုရီးယားမင်းသား Ryu Sang-Wook နဲ့ ရိုက်ကူးလက်စဖြစ်နေတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ချင်းပြည်နယ် တီးတိန်မြို့ကို သွားနေပြီ ဖြစ်ပါတယ်။

“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဇင်ယော်မောင်မောင်နဲ့ မင်းသန့်မောင်မောင်က ရိုက်ကူးပုံဖော်မှာ ဖြစ်ပါတယ်။ ထိုဇာတ်ကားကြီးမှာ ဝတ်မှုံရွှေရည်နဲ့အတူတူ ကိုရီးယားမင်းသား Ryu Sang-Wook နဲ့ ကျော်ထက်အောင်တို့က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

“တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို လွနိခဲ့တဲ့ နှစ်လကျော်ကတည်းက ကိုရီးယားနိုင်ငံမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ ဇာတ်ဝင်ခန်းတွေကို ချင်းပြည်နယ်မှာ ဆက်လက်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ကတော့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံး သရုပ်ဆောင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေလည်း “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။Source: Big 5 Production & Wutt Hmone hwe Yi’s fb\Credit-original