Latest Posts

မုတၱမၿမိဳမွာ လူေတြ အရွင္လတ္လတ္ ေျမႀကီးေအာက္ေရာက္ၿပီး ေသဆံုးကုန္ၾကတဲ့ ေၾကာက္မက္ဖြယ္ ျဖစ္ရပ္


Zawgyi
မုတၱမျမဳိ႕ သဲျဖဴကုန္းရပ္မွ အိမ္ ကား လူမ်ား အရွင္လတ္လတ္ ေျမႀကီးေအာက္ေရာက္ခဲ႔ရသည္႔ ေၾကာက္မက္ဖြယ္ ေတာင္ျပိဳက်မႈ

9.8.2019 နံနက္ အေစာပို္င္းက မြန္ျပည္နယ္ မုတၲမျမိဳ႕ သဲျဖဳကုန္း ရပ္ ရန္ကုန္-ေမာ္လျမိဳင္သြား လမ္းမႀကီးေဘးရွိ ေတာင္ျပိဳက်မႈေၾကာင္႔ ကားမ်ား ေနအိမ္မ်ား ေျမပိကာ အေရအတြက္ မခန္႔မွန္းႏိုင္ေသးေသာ လူမ်ားစြာ အရွင္လတ္လတ္ ေျမပိေနမႈ ျဖစ္ပြားခဲ႔ပါသည္။

ေမာ္လျမိဳင္ျမိဳ႕ ႏွင္႔ မုတၱမ ေရးႀကီးေန၍ တံတားပိတ္ထား၍ ကားတန္းမ်ားရပ္တန္႔ထားစဥ္ ေတာင္ျပိဳက်မႈ ျဖစ္ပြားခဲ႔ျပီး ကားမ်ားေရာ အိမ္မ်ားပါ ေျမပိမႈ ျဖစ္ပြားခဲ႔သည္ဟု ေျပာသည္ကို သိရပါသည္။


ရန္ကုန္-ေမာ္လျမိဳင္လမ္းလဲ ပိတ္ဆို႔မႈျဖစ္ပြားခဲ႔ပါသည္။ ယခုခ်ိန္ထိ လမ္းပြင္႔ဖို႔ မလြယ္ေသးေပမဲ႔ တာဝန္ရွိသူမ်ားမွ လမ္းအျမန္ပြင္႔ေရး ႀကိဳးစားေဆာင္ရြက္ေနၾကပါသည္။
ေျမႀကီးေအာက္မွ လက္ရွိေနာက္ဆုံးသတင္းအရ ေသဆုံးသူ ၁၀ ဦးခန္႔ ရွိထားျပီး လူေပါင္းမ်ားစြာ ေဆးရုံသို႔ ပို႔ေဆာင္ထားရပါသည္။ လက္ရွိ လဲ တပ္မေတာ္ ရဲတပ္ဖြဲ႔ အေရးေပၚလူမႈကယ္ဆယ္ေရးအဖြဲ႔ေပါင္းစုံမွ ရွာေဖြကယ္ဆယ္ေရးမ်ား ဆက္လက္ေဆာင္ရြက္ေနလ်ွက္ ရွိပါသည္။
ေျမႀကီးေအာက္တြင္ ပိမိေနသည္႔ အိမ္ ကား လူမ်ားစြာက်န္ရွိေနေသး သည္ဟုလည္း ေဒသခံမ်ားထံမွ သိရပါသည္။ ခက္ခက္ခဲခဲ ရွာေဖြကယ္ဆယ္ေနမႈမ်ား ေဆာင္ရြက္ေနၾကရပါသည္။ဝဋ္ေၾကြးမ်ားရွိလ်ွင္ ေၾကၾကပါေစ။

အသက္ရွင္လ်ွက္ အျမန္ဆုံးရွာေဖြ ေတြ႔ရွိႏိုင္ၾကပါေစ။ ကြ်န္ေတာ္တို႔ ေမာ္လျမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႔ဝင္မ်ားမွလည္း ၾသဝါဒါစရိယ ဓမၼနႏၵီဆရာေတာ္ ဦးေဆာင္ျပီး ပိမိေနသည္႔ လူမ်ားစြာ၏ အသက္ကို အျမန္ဆုံးကယ္ထုတ္ႏိုင္ေရး အျခားအသင္းအဖြဲ႔မ်ားစြာတို႔ႏွင္႔ အတူ ရွာေဖြကယ္ဆယ္ေရး ပူးေပါင္းေဆာင္ရြက္လ်ွက္ ရွိပါသည္။ Credit – original
Unicode

မုတ္တမမြို့ သဲဖြူကုန်းရပ်မှ အိမ် ကား လူများ အရှင်လတ်လတ် မြေကြီးအောက်ရောက်ခဲ့ရသည့် ကြောက်မက်ဖွယ် တောင်ပြိုကျမှု9.8.2019 နံနက် အစောပို်င်းက မွန်ပြည်နယ် မုတ္တမမြို့ သဲဖြုကုန်း ရပ် ရန်ကုန်-မော်လမြိုင်သွား လမ်းမကြီးဘေးရှိ တောင်ပြိုကျမှုကြောင့် ကားများ နေအိမ်များ မြေပိကာ အရေအတွက် မခန့်မှန်းနိုင်သေးသော လူများစွာ အရှင်လတ်လတ် မြေပိနေမှု ဖြစ်ပွားခဲ့ပါသည်။

မော်လမြိုင်မြို့ နှင့် မုတ္တမ ရေးကြီးနေ၍ တံတားပိတ်ထား၍ ကားတန်းများရပ်တန့်ထားစဉ် တောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကားများရော အိမ်များပါ မြေပိမှု ဖြစ်ပွားခဲ့သည်ဟု ပြောသည်ကို သိရပါသည်။ရန်ကုန်-မော်လမြိုင်လမ်းလဲ ပိတ်ဆို့မှုဖြစ်ပွားခဲ့ပါသည်။ ယခုချိန်ထိ လမ်းပွင့်ဖို့ မလွယ်သေးပေမဲ့ တာဝန်ရှိသူများမှ လမ်းအမြန်ပွင့်ရေး ကြိုးစားဆောင်ရွက်နေကြပါသည်။

မြေကြီးအောက်မှ လက်ရှိနောက်ဆုံးသတင်းအရ သေဆုံးသူ ၁၀ ဦးခန့် ရှိထားပြီး လူပေါင်းများစွာ ဆေးရုံသို့ ပို့ဆောင်ထားရပါသည်။ လက်ရှိ လဲ တပ်မတော် ရဲတပ်ဖွဲ့ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ပေါင်းစုံမှ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်ဆောင်ရွက်နေလျှက် ရှိပါသည်။မြေကြီးအောက်တွင် ပိမိနေသည့် အိမ် ကား လူများစွာကျန်ရှိနေသေး သည်ဟုလည်း ဒေသခံများထံမှ သိရပါသည်။ ခက်ခက်ခဲခဲ ရှာဖွေကယ်ဆယ်နေမှုများ ဆောင်ရွက်နေကြရပါသည်။ဝဋ်ကြွေးများရှိလျှင် ကြေကြပါစေ။

အသက်ရှင်လျှက် အမြန်ဆုံးရှာဖွေ တွေ့ရှိနိုင်ကြပါစေ။ ကျွန်တော်တို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များမှလည်း သြဝါဒါစရိယ ဓမ္မနန္ဒီဆရာတော် ဦးဆောင်ပြီး ပိမိနေသည့် လူများစွာ၏ အသက်ကို အမြန်ဆုံးကယ်ထုတ်နိုင်ရေး အခြားအသင်းအဖွဲ့များစွာတို့နှင့် အတူ ရှာဖွေကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်လျှက် ရှိပါသည်။Credit – original