(၆)လအတွင်း မိန်းမ အယောက်(၁၀၀၀)ကျော်နဲ့ အိပ်ခဲ့တယ်လို့ ၀န်ခံလာတဲ့ အမေရိကန် Rapper တစ်ဦး
ဟောလီဝုဒ် နဲ့ နယူးယောက်ခ် ရဲ့ အနုပညာရပ်ဝန်းတခွင် မှာ Rapper တွေ အဖြစ် ရပ်တည်နေတဲ့ အဆိုောတ် အများစုဟာ လူမည်း တွေဖြစ်ပြီး Rap နဲ့ Hip Hop ဂီတကို လူမည်းတွေက သီဆိုရင် ပိုမိုက်တယ် လို့ ဆိုပြီး အမှန်အကန်အားပေးကြတဲ့ ပရိသတ်တော်တော်များများလည်း ရှိပါတယ်။ လူမည်းဂီတသမားတော်တော်များများကတော့ သူ့တို့ရဲ့ သီချင်း၊ စာသား ၊ တီးလုံးတွေ အစအဆုံးထိ ကိုယ်တိုင် ဖန်တီးသူတွေ ဖြစ်ပြီး တော်တော်များများကလည်း ချမ်းသာတဲ့သူတွေ ဖြစ်ကြပါတယ်။
ချမ်းသာတဲ့ လူမည်းအများစုကတော့ Rapper လောကမှာ ပိုနေရာယူထားပြီး အရက်၊ ကလပ်၊ ဘား နဲ့ မိန်းကလေးတွေနဲ့ ပတ်သက်မှုကတော့ အပျင်းဖြေကစားစရာ သက်သက်လောက်သာ ရှိမယ်လို့ ဆိုရမှာပါ။ထို့အတူ အသက်(၂၂) နှစ်သာ ရှိသေးတဲ့ ရုပ် ခပ်ဖြောင့်ဖြောင့် လူမည်း Rapper အဆိုတော်Bluefaceတစ်ယောက်ကတော့ (၆)လအတွင်း မိန်းမ အယောက်(၁၀၀၀)ကျော်နဲ့ အိပ်ခဲ့တယ်လို့ ၀န်ခံလာခဲ့ပြန်ပါတယ်။
Big-boy TV လို့ အမည်ရတဲ့ အစီအစဉ်တစ်ခု မှာ သူ့ရဲ့ လူမှုရေး အကြောင်း တော်တော်များများကို ဖွင့်ဟခဲ့ပြီး (၆) လအတွင်းမှာ အမျိုးသမီးငယ် စုစုပေါင်း အ ယောက် (၁၀၀၀) ကျော်နဲ့ အိပ်ခဲ့ပြီး လက်ရှိမှာလည်း ရည်းစား (၆) ယောက် ရှိတယ် လို့ သိရပါတယ်။ သူ့ရဲ့ရည်းစားတွေက တစ်ယောက်နဲ့ တစ်ယောက် သိတဲ့ပြင် ရန်ဖြစ် အချင်းပွားတာမျိုးမရှိပဲ လက်ရှိမှာလည်း ရည်းစား နှစ်ယောက် နဲ့ တစ်အိမ်ထဲမှာ အတူတူ နေထိုင်ပါတယ်။ မကြာသေးမီက ရည်းစားဖြစ်သူ အမျိုးသမီးလေးကို Live မှာ စနောက်ကျီစယ်မှု အကြောင်းပြချက်နဲ့ အဆက်ဖြတ်ခဲ့ဖူးပြီး လက်ရှိမှာ ရည်းစားစုစုပေါင်း(၆) ယောက် အပြင် ရည်းစားနှစ်ယောက်နဲ့တော့ တစ်အိမ်ထဲ ၊ တစ်အိပ်ယာထဲ (၃) ယောက်အတူတူ နေထိုင်ကြတယ်လို့လည်း ဖွင့်ဟ ၀န်ခံလာခဲ့ပြန်ပါတယ်။ ကဲ… ဆယ်လီကမ္ဘာရဲ့ အမျိုးသားပရိသတ် တွကော အားကျနေပြီလား… ဗျို့ …။
credit- celegabar