Latest Posts

ပရိသတ်များအားလုံး ပလတ်စတစ်ကို စနစ်တကျသုံးစွဲဖို့ လှုံ့ဆော်ပေးလိုက်တဲ့ စိုင်းစိုင်း

မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအ၀င်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကတော့ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးကိုယ်တိုင်သီဆိုနေတဲ့ တေးရေးအဆိုတော်တစ်ယောက်ပါ။

ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ ပံ့ပိုးတဲ့ နေရာမှာလည်း ထူချွန်ထက်မြတ်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ တစ်ချိန်က ဂျွန်လွင်မော်ဒယ်အေဂျင်ဆီရဲ့ မော်ဒယ်တစ်ယောက်အဖြစ် အသက်မွေးခဲ့ရသူတစ်ဦးပါ။

လတ်တလောမှာတော့ စိုင်းစိုင်းက” ပိတောက်ကတဲ့ဂီတ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုးမမှီသာ၊အကယ်ဒမီ အေးမြတ်သူ၊ အကယ်ဒမီကျော်သူတို့နဲ့ အတူစိတ်အားထက်သန်စွာ ပါဝင်ပုံဖော်သွားမှာ ဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ စိုင်းစိုင်းနဲ့ ပိုးမမှီသာတို့ရဲ့ ပထဆုံး နှစ်ယောက်အတူရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့ အကယ်ဒမီပိုင်ဖြိုးသုက စီနီယာတစ်ယောက်အနေနဲ့ လေ့ကျင်သင်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ “ကျွန်တော့်ပရိသတ်များအားလုံး ပလတ်စတစ်နဲ့ ပလတ်စတစ်ဘူး သုံးစွဲတာတွေကို အတတ်နိုင်ဆုံး ဆင်ခြင်ကြရအောင် သုံးပြီးရင်လည်း စနစ်တကျလွှင့်ပစ်တဲ့ ပုံစံမျိုး ကျင့်သုံးကြရအောင်ပါခင်ဗျာ။ကျွန်တော်ကိုယ်တိုင်လည်း အတတ်နိုင်ဆုံးဆင်ခြင်ပါတော့မယ်” ဆိုပြီးတော့ ပရိသတ်များအားလုံး ပလတ်စတစ်ကို စနစ်တကျသုံးစွဲဖို့ လှုံ့ဆော်ပေးလိုက်တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ စိုင်းစိုင်းရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါ။Credit -original