ကားဒက္ဘုတ္ေပၚမွာ ဘုရားဆင္းတု၊ အရုပ္၊ ေရေမႊးပုလင္း ဘာတခုမွ မတင္ပါနဲ႔
Zawgyi
ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ အရုပ္ေတြတင္တာ ၊ ဘုရားဆင္းတုေတာ္ေတြ တင္ကုိးကြယ္တာ ၊ အေမႊးနံ. ပုလင္းေတြ တင္တာ ၊ ဖုန္းတင္တဲ့ စင္ေတြတင္တာ ၊ ပန္းအုိးေလးေတြတင္တာ ၊ ဖန္စီ္ပစၥည္းအလွအပေတြ ဆင္တာ ၊ အေပၚကေန အျခားအစြပ္ အအုပ္ေတြအုပ္တာ ေတြ ေတာ္ေတာ္ေလးေတြ.လာရပါတယ္ ၊ ဟိုးတေလာေလးကဆုိ နတ္ရုပ္ေတြ ပန္းေတြ ၊ ဘုရားဆင္းတုေတာ္ေတြ ကုိ ကားဒက္ဘုတ္အျပည့္ တင္ျပီး ကုိးကြယ္ထားတာေတြမ်ားလာပါတယ္
ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ ပစၥည္းေတြ လံုး၀(လံုး၀)ကုိတင္မထားသင့္ပါဘူး ၊ ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ ပစၥည္းေတြတင္တယ္ဆုိတာ အရမ္းအႏၱရာယ္မ်ားပါတယ္။
ဘာေၾကာင့္ ကား ဒက္ဘုတ္ (Dashboard) ေပၚပစၥည္းေတြ မတင္သင့္လဲဆုိရင္ေတာ့ ကားမွာပါ၀င္တဲ့ SRS AirBag (Supplemental Restraint System ) ဆုိတဲ့ အသက္ကယ္ေလအိတ္ေတြေၾကာင့္ပါပဲ။ အခုေနာက္ပုိင္းေပၚ ေမာ္ဒယ္ျမင့္ ကားေတြမွာ Airbag (ေလအိတ္)ေတြက အနည္းဆံုး ၂ လံုးကေန ၄ လံုး ၆ လံုး ၈ လံုးအစရွိသျဖင့္ ပါ၀င္ပါတယ္ ။ အခုေခတ္ ဘယ္ကားမွာမဆုိ ကားေရွ.မွာ ထုိင္ေနတဲ့ Driver နဲ. Passenger အတြက္ ကား ဒက္ဘုတ္ (Dashboard) ေပၚမွာ Airbag ၂ ခုေတာ့ အနည္းဆံုးတပ္ဆင္ထားပါတယ္ ။Airbag System ဘယ္လုိ အလုပ္လုပ္သလဲ ?
Airbag System တခုဘယ္လုိအလုပ္လုပ္သလဲဆုိရင္ အေပၚမွာ ေျပာခဲ့တဲ့ ပစၥည္း အစိတ္အပုိင္းေတြ အကုန္ စုေပါင္းအ လုပ္လုပ္ပါတယ္ ၊ ပထမဆံုး Crash Sensor က ယာဥ္တုိက္မွဳျဖစ္တဲ့အခါ တုိက္မွဳျဖစ္သြားတဲ့ အရွိန္နဲ.ျပင္းထန္မွဳေတြကုိ တြက္ဆျပီး Airbag Control Unit ကုိ သတင္းပုိ.ပါတယ္ ၊ အဲ့ကေနမွတဆင့္ Airbag အတြင္းပုိင္းက Chemical ပစၥည္းေတြကုိ Reaction တခု သက္ေရာက္ေစျပီး ေလအိတ္ေတြကုိ ေဖာင္းကားပြင့္ထြက္ေစပါတယ္ ။
ပံုမွန္အားျဖင့္ Crash Sensor ေတြကုိ Mass-Type Sensor နဲ. Roller -Type Sensor ေတြကုိ အသံုးမ်ားၾကျပီး ကားရဲ. အေရွ.ဘန္ဘာတန္းနဲ. ကားအင္ဂ်င္ေတြရဲ. ၾကားထဲမွာတပ္ဆင္ထားေလ့ရွိပါတယ္။ ဒီေလာက္ဆုိရင္ ကား Airbag System တခု ဘယ္လုိ အလုပ္လုပ္သလဲဆုိတာ အၾကမ္းမ်ဥ္နားလည္သြားမယ္ထင္ပါတယ္ ၊ ဒီလုိနားလည္သြားမယ္ဆုိရင္ ကားဒက္ဘုတ္ေပၚမွာ ဘာေၾကာင့္ ပစၥည္းေတြ မတင္သင့္လဲဆုိတာ အလုိလုိနားလည္သြားေလာက္ပါျပီ။
ကားေလအိတ္ေတြ ပြင့္ထြက္လာတယ္ဆိုတာ အမ်ားထင္သလုိ ေလအိတ္ထဲ ေလေတြေအးေအးေဆးေဆး၀င္လာတာမ်ိဳး မဟုတ္ပါဘူး ၊ အႏၱရာယ္ ျဖစ္တဲ့ အခ်ိန္္ အကာအကြယ္ရဖုိ.အတြက္ ေလအိတ္ရဲ.အတြင္းပုိင္းမွာ အရမ္းကုိ လွ်င္ျမန္တဲ့ အရွိန္နဲ.ဓာတုေဗဒေပါက္ကြဲမွဳေတြျဖစ္စဥ္ေတြျဖစ္ျပီး ေလအိတ္ေဖာင္းကားပြင့္ထြက္လာတာမုိ. ၊ကားဒက္ဘုတ္ေပၚမွာ တင္ထားတဲ့ပစၥည္းေတြဟာ ေလအိတ္နဲ.အတူလြင့္စင္ထြက္ျပီး ကားအတြင္းပုိင္းမွာရွိတဲ့ လူေတြကုိ အသက္အႏၱရာယ္ထိခုိက္သည္အထိ အႏၱရာယ္ေပးႏုိင္ပါတယ္။
ဒီပစၥည္းေတြက လူေတြကုိ မထိခုိက္မိဘူးဆုိရင္ေတာင္ ေလအိတ္ပြင့္တဲ့ ျဖစ္စဥ္ကုိ အေႏွာက္အယွက္ေပးႏုိင္တာမုိ. ယာဥ္တုိက္မွဳျဖစ္စဥ္မွာ ကားအတြင္းပုိင္းက လူေတြအတြက္ အကာအကြယ္ေတြ ေလ်ာ့နည္းသြားနုိင္ပါတယ္ ။ ဒါေၾကာင့္ ကားဒက္ဘုတ္ေပၚမွာ အမ်ိဳးမ်ိဳးေသာ ပစၥည္းေတြတင္အသံုးျပဳတာဟာ အလြန္မွားယြင္းျပီး အႏၱရာယ္မ်ားလွတဲ့ အျပဳအမူ တခုပါ ။
ေနာက္တခ်က္ အထူးသတိေပးမွဳအေနနဲ. ေျပာခ်င္တာက ကား Seat Belt ဆုိတဲ့ ထုိင္ခံုခါးပတ္ပါ ၊ ယာဥ္တုိက္မွဳျဖစ္စဥ္မွာ အဓိက အကာကြယ္ေပးတာက ထုိင္ခံုခါးပတ္ျဖစ္ပါတယ္ ၊ကားမွာပါတဲ့ ေလအိတ္မဟုတ္ပါဘူး ၊ က်ေနာ္အေပၚမွာလည္း ရွင္းျပထားသလုိ. Airbag System ကုိ SRS airbag လုိ.ေခၚရတဲ့ အေၾကာင္းကလည္း အဲ့ဒါပါပဲ ၊ အသက္ကယ္ အစီအစဥ္ ရဲ. အဓိက တာ၀န္ကုိ ထမ္းေဆာင္တာ Airbag မဟုတ္ပါဘူး ၊ ဒီေကာင္ကအရံအေနနဲ. တာ၀န္ထမ္းေဆာင္တာပါ ။
ကားထုိင္ခံု ခါးပတ္မပတ္ဘဲ ၊ ကားတုိက္မွဳျဖစ္လုိ. ေလအိတ္ေတြပြင့္တယ္ဆုိရင္ ကားရဲ.ေရြ.လ်ားေနတဲ့ အရွိန္နဲ. လုိက္ပါ ေနတဲ့ လူကုိ ရုတ္တရက္ ဖမ္းထိန္းခ်ဳပ္ ထားမယ့္ ခါးပတ္မရွိတဲ့ အတြက္ အရွိန္ထိန္းမထားႏုိင္ဘဲျပင္းထန္စြာ ပြင့္ထြက္ လာတဲ့ ေလအိတ္္ေတြနဲ. ေစာင့္မိျပီး ဇက္က်ိဳးတာ ၊ နံရုိးေတြက်ိဳးတာေတြ ျဖစ္ႏုိင္ပါတယ္ ။ က်ေနာ့္ အသိမိတ္ေဆြ တေယာက္ ဆုိရင္လည္း အျမန္လမ္းမွာ ကားေမွာက္တာ ေလအိတ္ေတြပြင့္ပါလွ်က္ ထုိင္ခံုခါးပတ္ မပတ္မိလုိ. သူ.ကား ယာဥ္ေမာင္းေရာ ၊ သူကုိယ္တုိင္ပါ အသက္ဆံုးရွံဳးမွဳျဖစ္ခဲ့ဖူးပါတယ္ ။
ဒါေၾကာင့္ စာဖတ္သူမိတ္ေဆြေတြအေနနဲ. ကားေမာင္းမယ္ ၊ ကားစီးမယ္ဆုိရင္ ၁ ။ ထုိင္ခံုခါးပတ္ပတ္ၾကပါ ။ ၂ ။ ကားဒက္ဘုတ္ေပၚမွာ ပစၥည္းေတြတင္တဲ့ အက်င့္ကုိ စြန္.လႊတ္ၾကပါ။ ၃ ။ အရွိန္တင္ အလြန္အကၽြံ ေမာင္းနွင္တာမ်ိဳး မလုပ္ဘဲ သတိနဲ.ေမာင္းနွင္ၾကပါ။Credit – original
Unicode
ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ အရုပ်တွေတင်တာ ၊ ဘုရားဆင်းတုတော်တွေ တင်ကိုးကွယ်တာ ၊ အမွှေးနံ. ပုလင်းတွေ တင်တာ ၊ ဖုန်းတင်တဲ့ စင်တွေတင်တာ ၊ ပန်းအိုးလေးတွေတင်တာ ၊ ဖန်စီ်ပစ္စည်းအလှအပတွေ ဆင်တာ ၊ အပေါ်ကနေ အခြားအစွပ် အအုပ်တွေအုပ်တာ တွေ တော်တော်လေးတွေ.လာရပါတယ် ၊ ဟိုးတလောလေးကဆို နတ်ရုပ်တွေ ပန်းတွေ ၊ ဘုရားဆင်းတုတော်တွေ ကို ကားဒက်ဘုတ်အပြည့် တင်ပြီး ကိုးကွယ်ထားတာတွေများလာပါတယ်
ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေ လုံးဝ(လုံးဝ)ကိုတင်မထားသင့်ပါဘူး ၊ ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ ပစ္စည်းတွေတင်တယ်ဆိုတာ အရမ်းအန္တရာယ်များပါတယ်။
ဘာကြောင့် ကား ဒက်ဘုတ် (Dashboard) ပေါ်ပစ္စည်းတွေ မတင်သင့်လဲဆိုရင်တော့ ကားမှာပါ၀င်တဲ့ SRS AirBag (Supplemental Restraint System ) ဆိုတဲ့ အသက်ကယ်လေအိတ်တွေကြောင့်ပါပဲ။ အခုနောက်ပိုင်းပေါ် မော်ဒယ်မြင့် ကားတွေမှာ Airbag (လေအိတ်)တွေက အနည်းဆုံး ၂ လုံးကနေ ၄ လုံး ၆ လုံး ၈ လုံးအစရှိသဖြင့် ပါ၀င်ပါတယ် ။ အခုခေတ် ဘယ်ကားမှာမဆို ကားရှေ.မှာ ထိုင်နေတဲ့ Driver နဲ. Passenger အတွက် ကား ဒက်ဘုတ် (Dashboard) ပေါ်မှာ Airbag ၂ ခုတော့ အနည်းဆုံးတပ်ဆင်ထားပါတယ် ။
Airbag System ဘယ်လို အလုပ်လုပ်သလဲ ?
Airbag System တခုဘယ်လိုအလုပ်လုပ်သလဲဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ ပစ္စည်း အစိတ်အပိုင်းတွေ အကုန် စုပေါင်းအ လုပ်လုပ်ပါတယ် ၊ ပထမဆုံး Crash Sensor က ယာဉ်တိုက်မှုဖြစ်တဲ့အခါ တိုက်မှုဖြစ်သွားတဲ့ အရှိန်နဲ.ပြင်းထန်မှုတွေကို တွက်ဆပြီး Airbag Control Unit ကို သတင်းပို.ပါတယ် ၊ အဲ့ကနေမှတဆင့် Airbag အတွင်းပိုင်းက Chemical ပစ္စည်းတွေကို Reaction တခု သက်ရောက်စေပြီး လေအိတ်တွေကို ဖောင်းကားပွင့်ထွက်စေပါတယ် ။
ပုံမှန်အားဖြင့် Crash Sensor တွေကို Mass-Type Sensor နဲ. Roller -Type Sensor တွေကို အသုံးများကြပြီး ကားရဲ. အရှေ.ဘန်ဘာတန်းနဲ. ကားအင်ဂျင်တွေရဲ. ကြားထဲမှာတပ်ဆင်ထားလေ့ရှိပါတယ်။ ဒီလောက်ဆိုရင် ကား Airbag System တခု ဘယ်လို အလုပ်လုပ်သလဲဆိုတာ အကြမ်းမျဉ်
နားလည်သွားမယ်ထင်ပါတယ် ၊ ဒီလိုနားလည်သွားမယ်ဆိုရင် ကားဒက်ဘုတ်ပေါ်မှာ ဘာကြောင့် ပစ္စည်းတွေ မတင်သင့်လဲဆိုတာ အလိုလိုနားလည်သွားလောက်ပါပြီ။ကားလေအိတ်တွေ ပွင့်ထွက်လာတယ်ဆိုတာ အများထင်သလို လေအိတ်ထဲ လေတွေအေးအေးဆေးဆေးဝင်လာတာမျိုး မဟုတ်ပါဘူး ၊
အန္တရာယ် ဖြစ်တဲ့ အချိန်် အကာအကွယ်ရဖို.အတွက် လေအိတ်ရဲ.အတွင်းပိုင်းမှာ အရမ်းကို လျှင်မြန်တဲ့ အရှိန်နဲ.ဓာတုဗေဒပေါက်ကွဲမှုတွေဖြစ်စဉ်တွေဖြစ်ပြီး လေအိတ်ဖောင်းကားပွင့်ထွက်လာတာမို. ၊ကားဒက်ဘုတ်ပေါ်မှာ တင်ထားတဲ့ပစ္စည်းတွေဟာ လေအိတ်နဲ.အတူလွင့်စင်ထွက်ပြီး ကားအတွင်းပိုင်းမှာရှိတဲ့ လူတွေကို အသက်အန္တရာယ်ထိခိုက်သည်အထိ အန္တရာယ်ပေးနိုင်ပါတယ်။
ဒီပစ္စည်းတွေက လူတွေကို မထိခိုက်မိဘူးဆိုရင်တောင် လေအိတ်ပွင့်တဲ့ ဖြစ်စဉ်ကို အနှောက်အယှက်ပေးနိုင်တာမို. ယာဉ်တိုက်မှုဖြစ်စဉ်မှာ ကားအတွင်းပိုင်းက လူတွေအတွက် အကာအကွယ်တွေ လျော့နည်းသွားနိုင်ပါတယ် ။ ဒါကြောင့် ကားဒက်ဘုတ်ပေါ်မှာ အမျိုးမျိုးသော ပစ္စည်းတွေတင်အသုံးပြုတာဟာ
အလွန်မှားယွင်းပြီး အန္တရာယ်များလှတဲ့ အပြုအမူ တခုပါ ။နောက်တချက် အထူးသတိပေးမှုအနေနဲ. ပြောချင်တာက ကား Seat Belt ဆိုတဲ့ ထိုင်ခုံခါးပတ်ပါ ၊ ယာဉ်တိုက်မှုဖြစ်စဉ်မှာ အဓိက အကာကွယ်ပေးတာက ထိုင်ခုံခါးပတ်ဖြစ်ပါတယ် ၊ကားမှာပါတဲ့ လေအိတ်မဟုတ်ပါဘူး ၊ ကျနော်အပေါ်မှာလည်း
ရှင်းပြထားသလို. Airbag System ကို SRS airbag လို.ခေါ်ရတဲ့ အကြောင်းကလည်း အဲ့ဒါပါပဲ ၊ အသက်ကယ် အစီအစဉ် ရဲ. အဓိက တာဝန်ကို ထမ်းဆောင်တာ Airbag မဟုတ်ပါဘူး ၊ ဒီကောင်ကအရံအနေနဲ. တာဝန်ထမ်းဆောင်တာပါ ။
ကားထိုင်ခုံ ခါးပတ်မပတ်ဘဲ ၊ ကားတိုက်မှုဖြစ်လို. လေအိတ်တွေပွင့်တယ်ဆိုရင် ကားရဲ.ရွေ.လျားနေတဲ့ အရှိန်နဲ. လိုက်ပါ နေတဲ့ လူကို ရုတ်တရက် ဖမ်းထိန်းချုပ် ထားမယ့် ခါးပတ်မရှိတဲ့ အတွက် အရှိန်ထိန်းမထားနိုင်ဘဲပြင်းထန်စွာ ပွင့်ထွက် လာတဲ့ လေအိတ််တွေနဲ. စောင့်မိပြီး ဇက်ကျိုးတာ ၊ နံရိုးတွေကျိုးတာတွေ ဖြစ်နိုင်ပါတယ် ။ ကျနော့် အသိမိတ်ဆွေ တယောက် ဆိုရင်လည်း အမြန်လမ်းမှာ ကားမှောက်တာ လေအိတ်တွေပွင့်ပါလျှက် ထိုင်ခုံခါးပတ် မပတ်မိလို. သူ.ကား ယာဉ်မောင်းရော ၊ သူကိုယ်တိုင်ပါ အသက်ဆုံးရှုံးမှုဖြစ်ခဲ့ဖူးပါတယ် ။ဒါကြောင့် စာဖတ်သူမိတ်ဆွေတွေအနေနဲ. ကားမောင်းမယ် ၊ ကားစီးမယ်ဆိုရင် ၁ ။ ထိုင်ခုံခါးပတ်ပတ်ကြပါ ။ ၂ ။ ကားဒက်ဘုတ်ပေါ်မှာ ပစ္စည်းတွေတင်တဲ့ အကျင့်ကို စွန်.လွှတ်ကြပါ။ ၃ ။ အရှိန်တင် အလွန်အကျွံ မောင်းနှင်တာမျိုး မလုပ်ဘဲ သတိနဲ.မောင်းနှင်ကြပါ။Credit – original