“စစ်ကား” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်မှာဖြစ်ပြီး နေတိုး ၊ ကျော်ကျော်ဗို ၊ ရွှေထူး ၊ ထူးအောင် နေမျိုးအောင် ၊ နေထူးနိုင် ၊ အောင်ပိုင် ၊ ကျော်ဇောဟိန်း ၊ညီညီမင်းထက် ၊ အေးမြတ်သူ ၊နွယ်ဒါလီထွန်း ၊ ရွှေရင်အေး နှင့် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
UNICODE
“စစ်ကား” ရုပ်ရှင်ကန်တော့ပွဲကို တက်ရောက်ခဲ့တဲ့ နေတိုးရဲ့ ပုံရိပ်များ
ပရိသတ်တွေချစ်တဲ့ မင်းသားချောနေတိုးက ဆယ်ကျော်သက်အရွယ်တည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး အခုချိန်ထိတိုင် အောင်မြင်မှုလမ်းမပေါ်မှာ လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။ အနေအေးပြီး တည်ငြိမ်လွန်းတဲ့ နေတိုးကို ပရိသတ်တွေကလည်း ချစ်ကြသလို လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမများကလည်း ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာတော့ သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ဒီကနေ့ သြဂုတ်လ(၈)ရက်နေ့မှာတော့ နေတိုးက ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်တဲ့ “စစ်ကား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲအခမ်းအနားကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်တွေအတွက် “စစ်ကား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ကန်တော့ပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ နေတိုးရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။“စစ်ကား” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်မှာဖြစ်ပြီး နေတိုး ၊ ကျော်ကျော်ဗို ၊ ရွှေထူး ၊ ထူးအောင် နေမျိုးအောင် ၊ နေထူးနိုင် ၊ အောင်ပိုင် ၊ ကျော်ဇောဟိန်း ၊ညီညီမင်းထက် ၊ အေးမြတ်သူူ ၊နွယ်ဒါလီထွန်း ၊ ရွှေရင်အေး နှင့် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
နေတိုးကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေလျက်ရှိပါတယ်။
နေတိုးကတော့ ဘယ်အချိန်ကြည့်ကြည့် သန့်ပြန့်ခန့်ညားနေတာပဲနော်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit - original