တောက်ပလွန်းတဲ့ မျက်ဝန်းတစ်စုံနဲ့ ညှို့အားပြင်းပြင်း လှနေတဲ့ ဖွေးဖွေး
နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။
ဖွေးဖွေးက အသက်သုံးဆယ်ကျော် အရွယ်ကို ရောက်နေပြီဖြစ်ပေမယ့် အသားအရည်လေးကောင်းပြီး အရင်တုန်းကအတိုင်းပဲ မပြောင်းလဲ လှနေဆဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
ဖွေးဖွေးက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီး မကြာခင်မှာလည်း ဒေါင်း၊ မိုးဟေကိုတို့နဲ့အတူတူ “Love Equation” ရုပ်ရှင်ဇာတ်ကားကြီးကို ရီုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။
ဖွေးဖွေးကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်တဲ့ မင်းသမီးလေး တစ်လက်ပဲ ဖြစ်ပါတယ်။
ဖွေးဖွေးကတော့ ဘယ်အချိန်ကြည့်ကြည့် ပရိသတ်တွေရဲ့ အသည်းနှလုံးကို ညှို့ယူဖမ်းစားနိုင်တဲ့ မင်းသမီးလေး တစ်လက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖွေးဖွေးရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။Credit -original