Latest Posts
UNICODE
ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ပိုင်တံခွန်ရဲ့ ဖုန်း Wallper ထဲက ကောင်မလေးက ဘယ်သူလဲနိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာပါ တော်တော်လေး အောင်မြင်နေတာပဲ ဖြစ်ပါတယ်။
ပိုင်တံခွန် လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဘန်ကောက်ကိုရောက်ခိုက် မုန့်ဝယ်စားနေတဲ့ ပိုင်တံခွန်ရဲ့ ပုံကို သူ့ရဲ့ ဓာတ်ပုံဆရာက အမှတ်တမဲ့ ဓာတ်ပုံရိုက်လိုက်ရာမှ ကောင်မလေးတွေ အသည်းကွဲခဲ့ရပါတယ်။
ထိုပုံထဲမှာ ပိုင်တံခွန်က မိန်းကလေးတစ်ယောက်ရဲ့ ပုံကို သူ့ရဲ့ ဖုန်းမှာ Wallpaper တင်ထားတာကြောင့် ပရိသတ်တွေ အသည်းကွဲခဲ့ရတာပဲ ဖြစ်ပြီး ပိုင်တံခွန်ရဲ့ ဖုန်း Wallpaper ထဲက မိန်းကလေးက ဘယ်သူလဲဆိုတာကို စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
တကယ်တော့ Wallpaper ထဲက မိန်းကလေးက ထိုင်းမင်းသမီးလေး Baifern Pimchanok ရဲ့ ပုံလေးပဲ ဖြစ်ပါတယ်။ Baifern Pimchanok ကို ‘Crazy Little Thing Called Love’ ဆိုတဲ့ အချစ်ဇာတ်ကားလေးနဲ့ မြန်မာ ပရိသတ်တွေ တော်တော်များများ ကြိုက်ကြတာပဲ ဖြစ်ပါတယ်။
ပိုင်တံခွန်ကည်း Baifern Pimchanok ရဲ့ ပရိသတ်တစ်ယောက်ပဲ ဖြစ်မယ် ထင်တယ်နော်။ အခုဆိုရင် ပိုင်တံခွန်အတွက် အသည်းကွဲနေတဲ့ မိန်းကလေးတွေလည်း ရှင်းရှင်းလင်းလင်း သိရလို့ စိတ်အေးလောက်ပြီ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။Credit - original