စုံတွဲခုံမှာ ရုပ်ရှင်မကြည့်ဖူးဘူးဆိုတဲ့ အောင်မြင့်မြတ်တို့ စုံတွဲ
တစ်ယောက်ကို တစ်ယောက် ပါရမီ ဖြည့်ရင်း ချစ်သူသက်တမ်း လေးနှစ်ကျော် ၅ နှစ် ရှိနေပါပြီ။ အလုပ်သဘောအရ တစ်ယောက်ရှိမှ တစ်ယောက်ဖြစ်သလို ပုဂ္ဂိုလ်ရေးအရလည်း ပြေလည်အောင် နေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က အရင်တည်းက ပြဿနာ အကြီးအကျယ်ဖြစ်လည်း တစ်ညပဲ။ နောက်ရက်ကျရင် ကျွန်တော်လည်း မပြောဖြစ်တော့ဘူး။သူလည်း မပြောဖြစ်တော့ဘူး။ တစ်ခါတစ်လေကျရင် လွန်ခဲ့တဲ့တစ်ပတ် နှစ်ပတ်လောက်က ဘာလို့ရန်ဖြစ်ခဲ့လည်း ဆိုတာပါ မေ့သွားတာ။ ကိုယ်က သူမရှိရင် မဖြစ်သလို သူက ကိုယ်မရှိရင် မဖြစ်ဘူး။ နှစ်ယောက်လုံးက အချင်းချင်း ချိတ်ထားတာဆိုတော့ အလုပ်ကိစ္စရော အပြင်ကိစ္စရော နှစ်ယောက်လုံး တူတူ ရှိနေမှ ဖြစ်တာ။
အစောကြီးထဲက နားလည်မှုရှိအောင် ပြသနာဘယ်လောက်တက်တက် အကြီးကြီး ဖြစ်ကြပြီဆိုရင် စကားတွေ အများကြီး ပြောရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ယောက်ပဲ ရှေ့ဆက်သွားရမယ်ဆိုတာ သိနေတယ်လေ။ အခြားတစ်ယောက်နဲ့ သွားလို့မှ မရတာ။ ဒီနှစ်ယောက်ပဲ ပြန်ပြေလည်အောင်လုပ်ဖြစ်တယ်။” လို့ ဆိုပါတယ်။
စူပါဟီးရိုးကားတွေကို နှစ်သက်တဲ့ အောင်မြင့်မြတ်တို့စုံတွဲက သူများချစ်သူတွေလို စုံတွဲခုံက မကြည့်ဖူးဘူးလို့ သိရပါတယ်။
ဘယ်လို ခံယူချက်ကြောင့် စုံတွဲခုံ မကြည့်လည်း ဆိုတာကိုတော့ အောင်မြင့်မြတ်က ခုလို ပြောသွားပါတယ်။“Public area ထဲမှာပဲ ကြည့်တာများတယ်။ စုံတွဲခုံ ကြီးတော့ သီးသန့်ကြီး သွားမကြည့်ဖြစ်ဘူး။ အမြဲတမ်း တူတူရှိနေတာဆိုတော့ တကူးတကကြီး စုံတွဲခုံ သွားမကြည့်တော့ဘူး။ public area မှာလည်း နှစ်ယောက်နီးနီးလေး ထိုင်ရတာပဲဟာကို။” လို့ ဆိုပါတယ်။အောင်မြင့်မြတ်ကတော့ Line Walker 2 ထဲမှာ ပါဝင်ခွင့်ရသလို အနုပညာခြေလှမ်း တစ်စတစ်စ ကျယ်ပြန့်လာတဲ့ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။Credit -original