Latest Posts

နင်နဲ့ငါနဲ့ပြောမိရင်တောင် မောင်က မျက်နှာ ပျက်နေတာဆိုတဲ့ ဘေဘီမောင်

မနဲ့မောင် ဇာတ်လမ်းလေးကြောင့် ပရိသတ်အားကျတဲ့ စုံတွဲလေးတစ်တွဲအဖြစ် လက်ခံထားကြတဲ့ ဘေဘီမောင်တို့ ချစ်သူနှစ်ဦးက သူတို့ နှစ်ယောက်ကြား ဆက်ဆံရေးကို ခုလိုပြောပြခဲ့ပါတယ်။Facebook ပေါ်မှာ အမှတ်မထင် ရေးလိုက်တဲ့ Comment နဲ့ပတ်သတ်ပြီး ဝေဖန်ခံရတဲ့ အပေါ်သူမှက ဟုတ်ကဲ့ ဒီပွဲကို လာရင်

သတင်းသမားနဲ့တွေ့ရလို့ သတင်းအမှန်ကို ပြောချင်နေတာဆိုတော့ အဆင်ပြေသွားတာပေါ့နော်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘာမှလည်းမဟုတ်ဘူး ဘာရယ်မဟုတ်ဘူး ယောကျာ်းလေးတွေက မိန်းကလေးကို လက်ပါတာ မကောင်းဘူး ဆိုပြီး မောင်လေးတစ်ယောက်ရဲ့ Post အောက်မှာ အမကြုံဖူးတယ်

မကောင်းဘူး ဆိုပြီး ရေးလိုက်မိတာကို Screenshot ရိုက်ပြီး သူနဲ့ အမနဲ့ ရိုက်ထားတဲ့ ပုံတွေနဲ့ ဘယ်လို Caption တွေရေးကြမှန်းလည်းမသိဘူး တင်ကြတော့ တော်တော်လေးကို စိတ်မကောင်းဖြစ်သွားတာ ပေါ့။

အဓိကကတော့ သူ့ကိုဆဲတာလေ ပြောတော့ ရိုးသားတယ်ဆို အဲ့ဒါ ရိုးသားတာလားလို့ အခုတောင် ရိုက်တာ ယူပြီးရင် ပိုဆိုးမယ် လမ်းခွဲရင် ခွဲဆိုတော့ မဟုတ်မှမဟုတ်တာလေ။

အမကတောင်သူ့လက်မောင်းကို ပုပ်နေအောင်ရိုက်သေးတယ် စတာပါ ဖွဖွလေးရိုက်တာပါ။ အဲ့လိုပြောင်းပြန်ကြီး ဖြစ်နေတော့ အမကရီချင်တာပေါ့။ အမကသူ့ကို တစ်ခါတစ်လေကြရင် မောင်လေးကို ဆုံးမတာရှိတယ်။

ကိုယ်ကပဲ သူ့ကို ပြောဆိုတယ် ဆုံးမတယ် အဲ့လိုရှိတော့ ပြောင်းပြန်ကြီးဆိုတော့ အမကသူ့အစား စိတ်မကောင်းဖြစ်တာပါ။ အမက နင်နဲ့ငါနဲ့ ပြောရင်တောင် သူက မျက်နှာမကောင်းတက်တဲ့ လူမျိုး ဆိုတော့ သူ့အတွက်ကို တော်တော်လေး ဖြေဆယ်မရဖြစ်နေတာ အခုမှပဲ အမှန်ကို ပြောခွင့်ရတော့တယ်။

ကျွန်တော်က ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှမသိဘူး အမပြောမှသိတာ။ Facebook လည်း မကြည့်ဖြစ်ဘူးဆိုတော့ မသိလိုက်ဘူး။ ပြောစရာရှိတယ်လို့ အမကပြောတော့မှ သိတာ။

သိတော့လည်းဘာမှမဖြစ်ဘူးလေ။ ဘာလို့လည်း ဆိုတော့ ကျွန်တော့ အကြောင်းအမ သိနေတာပဲ။ ဘယ်သူတွေဘယ်လိုပဲပြောပြော အထင်နဲ့ပြောကြတာလေ။ အဲ့ဒါကြောင်မို့ အမကောင့်ကနေ တစ်ခုခုတင်ပေးလိုက်ရင်ရှင်းသွားမယ်လေ။

ကျွန်တော် တင်ပေးလို့လည်း မရဘူးလေ။ အဲ့လို မဟုတ်ဘူးဆိုတာ ရှင်းပြလိုက်ရင်ရပြီလေ။ အဲ့လောက်ကြီးလည်း လိုက်ဖြေရှင်းစရာလိုတဲ့ ကိစ္စမဟုတ်ဘူးလေလို့ သားဂန်းကပြောသွားခဲ့ပါတယ်။

သူ့ကို မပြောဘူး မပြောဘူးဆိုတာက အားနာနေတာသူ့ကို ဘေဘီကလည်းကိုယ့်ဘာကို ရှည်ပြီး Comment ကို ဘယ်လိုပေးလိုက်မိမှန်းမသိဘူးပေါ့နော်။ ဒီလို ဆုံကြိုက်သွားလိမ့်မယ်လို့ကိုယ့်ကိုကိုယ်လည်း မယုံဘူး။

ကိုယ်က ဘာရယ်ညာရယ်မဟုတ်ဘူး သမကာလျှံကာလုပ်လိုက်တာ။ဒါပေမယ့် သူတို့အတွက်က သတင်းတစ်ခု ဖြစ်သွားပြီးတော့ Caption ရေးပြီးတင်လိုက်တော့ သူ့ကို နစ်နာမှုရှိတယ်။ အဲ့တော့ သူ့ကိုကိုယ်က အားနာနေတာ။

ပြောရင်ကောင်းမလား စဉ်းစားရင် မောင်ရေ စိတ်မဆိုးနဲ့နော် ပြောစရာရှိလို့ ဆိုပြီး အခုလေးတင်ပြောလိုက်တာ မကို မဆူနဲ့နော်လို့။ အမရှည်ပြီး ရေးလိုက်မိတာ နောက်မရေးတော့ဘူးလို့။
ကျွန်တော်ကတော့ ရှင်းရှင်းလေးပဲ စိတ်တိုရင် သူများကို မလုပ်ဘူး ကိုယ့်ကိုကိုယ်ပဲ လုပ်လိုက်မှာ ရှင်းရှင်းလေးပဲ။ တခြားတော့ မလုပ်ချင်ဘူလို့ သားဂန်းက ပြောသွားခဲ့ပါသေးတယ်။

ဟုတ်တယ် အမသူ့ကို ဘယ်လောက်ပဲ ဒေါသထွက်အောင်လုပ်လုပ် သူကအမြဲတမ်းအမကို ဘာမှမလုပ်ဘူး။

တကယ်လို့ သူအမကို ဒေါသထွက်ရင်တောင် သူ့ဘာသူ နံရံကို လက်သီးနဲ့ထိုးတာတို့ပဲလုပ်တာ။ ဘယ်တော့မှ အော်တောင် မပြောဘူး။ အမသာ အော်တာ ဆူတာ ဆုံးမတာပါလို့ ချစ်စနိုးပြောခဲ့ကြပါတယ်။

ချစ်သူနှစ်ယောက်ကြားမှာ အနှောက်ရှိနေတယ်လို့လည်း မဟုတ်ပါဘူး။ ချစ်ကြပါတယ် ချစ်လို့ပဲ စိုးရိမ်စိတ်နဲ့ ပြောတာပဲရှိပါတယ်။ မထင်ထားဘူး သားဂန်းအဲ့လိုလား ဆိုပြီးပြောကြတယ်။ တကယ်အဲ့လို မဟုတ်ပါဘူး။ ထားဝယ်သားလေ ရိုးသားပါတယ်လို့ ရီရီမောမော ပြောခဲ့ပါတယ်။

နောက်ပိုင်း အပြင်လည်း မသွားဖြစ်ဘူး။ ခရီးတွေလည်းသိမ့်မသွားဖြစ်တော့ ပုံတွေမတင်ဖြစ်တာပါ။ ပိုက်ဆံစုနေကြတာပါ။ ဘာလို့လည်း ဆိုတော့ ဘေဘီတို့က အိမ်လည်းဆောက်နေတယ်။

အလုပ်တွေလည်းရှိနေတယ်။ ပြီးတော့ သူ့အခွေထွက်ဖို့လည်းရှိတယ်လေ။ ခရီးသွားတာက ဘာပဲဖြစ်ဖြစ် ပိုက်ဆံကုန်တယ်လေ။ ဘေဘီတို့ ဘဝတွေ ဘဝတွေအများကြီးရှိတယ်လေအဲ့ဒါကြောင့် ပိုက်ဆံစုနေရတာပါ။

ခရီးကို သွားချင်တိုင်းသွားလို့ ရတဲ့ထဲမှ မပါဘူး။ ပိုက်ဆံကို သူ့ဟာနဲ့သူ စီးတဲ့ရေ ဆည်တဲ့ကသင်း ဖြစ်အောင် လုပ်နေရတဲ့ အတွက်ကြောင့်ပါ။ ခရီးတစ်ခုသွားရင် အနည်းဆုံး လေးငါးဆယ်သိန်းကတော့ ကုန်တာဆိုတော့။ အဲ့ပိုက်ဆံလေးတွေစုတယ်။

အိမ်လေးလည်းပြီး၊ မင်္ဂလာလည်း ဆောင်ပြီး၊ သူ့အခွေလေးလည်း ထွက်ပြီးရင် ခရီးတွေ ဘာတွေသွား။ နှစ်ယောက်အတူတူ ပရဟိတလေးလုပ်မယ်လို့လည်း စ်ီစဉ်ထားပါတယ် လို့ ဘေဘီမောင်က မင်္ဂလာ စကား ပြောသွားခဲ့ပါတယ်။Credit -original