Latest Posts

“အသက် ၃၅ နှစ်ရောက်လို့မှ ဆင်းရဲနေသေးရင် သင်ညံ့လို့” ဆိုတဲ့ ဂျက်မား

တရုတ်နိုင်ငံမှ ဘီလီယံနာတစ်ဦးဖြစ်သူ ဂျက်မားဟာ သာမာန်ဘဝကနေ နိုင်ငံတကာမှ သူ့နာမည်ကို ကြားဖူးတဲ့ထိ အောင်မြင်တဲ့ အင်တာနက်ခေတ် သူကြွယ်တစ်ယောက်ဖြစ်လာခဲ့တာပါ။ပန်းခင်းလမ်းကို လျှောက်လှမ်းခဲ့ရသူ မဟုတ်တဲ့အတွက် အခြားကြွယ်ဝလိုသူတွေအတွက် သူ့မှာ အကောင်းဆုံး ကိုယ်တွေ့ အတွေ့အကြုံတွေရှိနေမှာ အမှန်ပါပဲ။

ဂျက်မားကတော့ ဆင်းရဲမြဲ ဆင်းရဲနေခြင်းရဲ့ အကြောင်းရင်းက ရည်မှန်းချက် ခိုင်ခိုင်မာမာ မရှိလို့လို့ ဆိုပါတယ်။ “အလီဘာဘာကို မတည်ထောင်ခင်က ကျွန်တော့် မိတ်ဆွေ ၂၄ ယောက်ကို အိမ်ကိုခေါ်ပြီး စီးပွားရေး အခွင့်အလမ်းအတွက် ဆွေးနွေးခဲ့တယ်။

ကျွန်တော့် အကြံကို နှစ်နာရီကြာအောင် သူတို့ကို ထုတ်ပြောပြပြီးတာတောင် သူတို့ နားမလည်နိုင်သေးဘူး – ကျွန်တော်ကိုယ်တိုင်ကလည်း ဒီထက်ပိုပြီး ရှင်းလင်းအောင် ပြောပြခဲ့သင့်တာပေါ့။နောက်ဆုံး ၂၄ ယောက်မှာ ၂၃ ယောက်က ဒီအကြံကို စွန့်လွှတ်လိုက်ဖို့ ပြောခဲ့တယ်။ မင်းက အင်တာနက်အကြောင်းမှနားမလည်ပဲနဲ့ ၊ မင်းမှာ ငွေအရင်းအနှီးမှ မရှိတာ စသဖြင့် အကြောင်းပြချက်များစွာနဲ့ပေါ့” လို့ သူက ပြန်ပြောပြခဲ့ပါတယ်။

အဲ့ဒီထဲက (ဘဏ်ဝန်ထမ်းလည်းဖြစ်တဲ့) မိတ်ဆွေတစ်ယောက်တည်းကပဲ သူ့ကို တစ်ခုခုကို စမ်းသပ်ကြည့်ချင်ရင် ကြိုးစားကြည့်သင့်ကြောင်းနဲ့ မအောင်မြင်ရင်လည်း ခါတိုင်းလို တစ်ကနေ ပြန်စရမယ့် ဘဝကို ပြန်ရောက်ရုံပဲလို့ အားပေးခဲ့ပါတယ်။

အဆိုပါညမှာ ဂျက်မားဟာ မိတ်ဆွေတွေရဲ့ စကားကို အပြန်ပြန်အလှန်လှန် စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူလုပ်ချင်တာကို စမ်းလုပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်။သူဟာ မိသားစုနဲ့ မိတ်ဆွေတွေအားလုံး တားနေတဲ့ကြားထဲက Alibaba အွန်လိုင်းဝန်ဆောင်မှုကို စတင်လိုက်ပါတယ်။

ဒီလိုစတင်လိုက်တာဟာ အင်တာနက်ရဲ့ ဖွံ့ဖြိုးလာနိုင်တဲ့ဈေးကွက်ကို တွက်ချက်မိလို့ မဟုတ်ဘဲ လုပ်ငန်းတစ်ခုကို လုပ်ကိုင်တာဟာ အောင်မြင်တာပဲဖြစ်ဖြစ် ဆုံးရှုံးရတာပဲဖြစ်ဖြစ် အတွေ့အကြုံကောင်းတော့ ရတာပဲ ဆိုတဲ့သဘောနဲ့ ဖြစ်တယ်လို့ နောက်ပိုင်းမှာ ပြန်ပြောပြခဲ့ပါတယ်။

ဂျက်မားက လူတွေဟာ အကြောင်းလေးခုကြောင့် အောင်မြင်မှုကို လွဲချော်တတ်ကြတယ်လို့ ဆိုပြီး အဆိုပါ အရာတွေကတော့ အခွင့်အလမ်းကို မျက်တောင်မွှေးတဆုံးသာကြည့်ခြင်း၊ အခွင့်အလမ်းမှ ရနိုင်တဲ့ အမြတ်အစွန်းကို လျှော့တွက်ခြင်း၊ နားလည်မှုလွဲမှားခြင်း နားမလည်ခြင်း၊ လျှင်မြန်စွာ မပြုမူနိုင်ခြင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ယနေ့မှာတော့ ဂျက်မားဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးအင်တာနက်အခြေခံ ကုမ္ပဏီလုပ်ငန်းစု Alibaba ရဲ့ တည်ထောင်သူဖြစ်နေပါပြီ။ ဒါ့အပြင် တရုတ်ပြည်မရဲ့ စွန့်ဦးလုပ်ငန်းရှင်တွေထဲမှာ Forbes မဂ္ဂဇင်းပေါ် ဖော်ပြခံရတဲ့ ပထမဆုံးသူနဲ့ ဘီလီယံနာစာရင်းထဲ အရောက်ဝင်နိုင်ခဲ့တဲ့ ပထမဆုံးသူလည်း ဖြစ်ပါတယ်။Credit-original