Latest Posts

ဗိုလ်တထောင်ဆိပ်ကမ်းမှာ လူ(၅၀၀)စာ အိမ်ချက်ဘဲဥပဲကုလားဟင်း လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ ဖွေးဖွေး


နိုင်ငံကျော် မင်းသမီးချောလေး ဖွေးဖွေးက ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ သူမရဲ့ ထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် အနုပညာသက်တမ်း ၁၀ နှစ်အတွင်းမှာ အကယ်ဒမီဆုကြီး သုံးဆုတိတိကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။ ဖွေးဖွေးက အခုလက်ရှိမှာလည်း သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေလျက်ရှိပါတယ်။
မနက်ဖြန် သြဂုတ်လ(၉)ရက်နေ့ကတော့ ဖွေးဖွေးရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သူမရဲ့ မွေးနေ့လေးမှာ ကောင်းမှူကုသိုလ်တွေနဲ့ အလှူတွေ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။


ဖွေးဖွေးက သူမရဲ့မွေးနေ့အလှူအဖြစ် ဗိုလ်တထောင်ဆိပ်ကမ်းမှာ ကုန်ထမ်းလုပ်သားတွေကို အိမ်ချက် သီးစုံပဲကုလားဟင်းနဲ့ ထမင်းတွေ ဝေငှပြီး အလှူလုပ်သွားမှာ ဖြစ်ပါတယ်။
ဖွေးဖွေးက ” ဗိုလ်တထောင်ဆိပ်ကမ်းမှာ အိမ်ချက်စေတနာအပြည့်ဘဲဥသီးစုံပဲကုလားဟင်း စတုဒီသာ အတွက် ဒီနေ့ထဲကအိမ်မှာလာကူနေကြတဲ့ Fan အချစ်ထက်ပိုတဲ့ အချစ်များ 💗 & Thx to my supportive family …👨‍👩‍👧‍👦 Me still on my way back to yangon from Maw La Myaing 🤩🤩🤩” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ မျှဝေထားပါတယ်။

ဖွေးဖွေးကိုချစ်တဲ့ ပရိသတ်တွေကလည်း ဖွေးဖွေးရဲ့ အလှူလေး အထမြောက်ဖို့အတွက် လုပ်အားဒါနပြုကြတာ အရမ်းကို ချစ်စရာကောင်းတာပဲနော်။ မွေးနေ့ရှင်လေး ဖွေးဖွေးလည်း ဒီထက်မက အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Rowena Source: Phway Phway’s fb\Credit -original