“ျမန္မာနိုင္ငံရဲ႕ ပထမဆံုး 3Dသမိုင္းရုပ္ရွင္ဇာတ္ကားၾကီးမွာ ပါ၀င္သရုပ္ေဆာင္ခြင္႕ရခဲ႕တဲ႕ ျမတ္သူသူဇင္”
ျမတ္သူသူဇင္ကေတာ႔ MRTV-4ကထုတ္လႊင္႕ျပသခဲ႕တဲ႕ “ပ်ားရည္အိုင္” ဇာတ္လမ္းတြဲကေန ျမညိဳေလးဆိုျပီး ပရိသတ္ရင္ထဲကို ၀င္ေရာက္လာခ့ဲတဲ႕သူေလးပါ။သူမကိုခ်စ္တဲ႔ ပရိသတ္ေတြက သူမရဲ႕ နာမည္အရင္းထက္ ျမညိဳေလးဆိုျပီး ခ်စ္စႏိုးနဲ႔ေခၚၾကတာပဲျဖစ္ပါတယ္။ ရိုးသားျဖဴစင္မႈ မာန္မာနမရွိဟန္ေဆာင္မႈကင္းတဲ႕ သူျဖစ္တဲ႕ ျမတ္သူသူဇင္ကေတာ႕ သူမကို အားေပးခ်စ္ခင္တဲ႕ ပရိသတ္ေတြကို ရင္းရင္းနွီးနွီးနဲ႕ ျပန္လည္ဆက္ဆံတဲ႕ ခ်စ္စရာေကာင္းတဲ႕ သူေလးပဲျဖစ္ပါတယ္။
သူမ၀ါသနာပါတဲ႕ အနုပညာအလုပ္ေတြကို တစိုက္မတ္မတ္နဲ႕ ၾကိဳးၾကိဳးစားစားလုပ္ကိုင္လာတာေၾကာင္႕ အခ်ိန္တိုတိုအတြင္းပရိသတ္အမ်ားအျပားရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားနိုင္ခဲ႕တာျဖစ္ျပီး လတ္တေလာမွာလည္း ျမန္မာနိုင္ငံရဲ႕ ပထမဦးဆံုး 3Dသမိုင္းရုပ္ရွင္ဇာတ္ကားၾကီးျဖစ္တဲ႕ “ၾကီးျမတ္ေသာ ျမန္မာ”ရုပ္ရွင္ဇာတ္ကားၾကီးမွာပါ ပါ၀င္သရုပ္ေဆာင္ခြင္႕ရရွိခဲ႕ပါေသးတယ္။
ျမတ္သူသူဇင္ဟာ ဒီဇာတ္ကားၾကီးမွာ ပါ၀င္သရုပ္ေဆာင္ခြင္႕ရရွိခဲ႕တာက သူမဘ၀အတြက္ အမွတ္တရတစ္ခုျဖစ္တာေၾကာင္႕ “ၾကီးျမတ္ေသာျမန္မာ ဘဝအတြက္အမွတ္တရတခုပါ။ျမန္မာႏိုင္ငံရဲ႕ ပထမဆံုး 3D သမိုင္း႐ုပ္ရွင္ကားႀကီးမွာ ပါဝင္ခြင့္ရခဲ့တဲ့အတြက္ အရမ္းေက်နပ္ဂုဏ္ယူမိပါတယ္။ ေရြးခ်ယ္ေပးခဲ့တဲ့ Forever Group ကိုလည္း အရမ္းေက်းဇူးတင္မိပါတယ္ရွင္။”လို႕ ေက်နပ္ဂုဏ္ယူမိေၾကာင္းနဲ႕ ေက်းဇူးတင္ေၾကာင္းကို သူမရဲ႕ လူမႈကြန္ရက္စာမ်က္နွာကေနေဖာ္ျပထားတာပဲျဖစ္ပါတယ္။ျမတ္သူသူဇင္ကိုခ်စ္တဲ႕ ပရိသတ္ၾကီးေတြအတြက္ကိုလည္း က ဂုဏ္ယူစြာနဲ႕ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
Source : Myat Thu Thu Zin,Credit -original
UNICODE
“မြန်မာနိုင်ငံရဲ့ ပထမဆုံး 3Dသမိုင်းရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ မြတ်သူသူဇင်”
မြတ်သူသူဇင်ကတော့ MRTV-4ကထုတ်လွှင့်ပြသခဲ့တဲ့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲကနေ မြညိုလေးဆိုပြီး ပရိသတ်ရင်ထဲကို ဝင်ရောက်လာခဲ့တဲ့သူလေးပါ။သူမကိုချစ်တဲ့ ပရိသတ်တွေက သူမရဲ့ နာမည်အရင်းထက် မြညိုလေးဆိုပြီး ချစ်စနိုးနဲ့ခေါ်ကြတာပဲဖြစ်ပါတယ်။ ရိုးသားဖြူစင်မှု မာန်မာနမရှိဟန်ဆောင်မှုကင်းတဲ့ သူဖြစ်တဲ့ မြတ်သူသူဇင်ကတော့ သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေကို ရင်းရင်းနှီးနှီးနဲ့ ပြန်လည်ဆက်ဆံတဲ့ ချစ်စရာကောင်းတဲ့ သူလေးပဲဖြစ်ပါတယ်။
သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့ ကြိုးကြိုးစားစားလုပ်ကိုင်လာတာကြောင့် အချိန်တိုတိုအတွင်းပရိသတ်အများအပြားရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပြီး လတ်တလောမှာလည်း မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး 3Dသမိုင်းရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ကြီးမြတ်သော မြန်မာ”ရုပ်ရှင်ဇာတ်ကားကြီးမှာပါ ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့ပါသေးတယ်။
မြတ်သူသူဇင်ဟာ ဒီဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရရှိခဲ့တာက သူမဘဝအတွက် အမှတ်တရတစ်ခုဖြစ်တာကြောင့် “ကြီးမြတ်သောမြန်မာ ဘဝအတွက်အမှတ်တရတခုပါ။မြန်မာနိုင်ငံရဲ့ ပထမဆုံး 3D သမိုင်းရုပ်ရှင်ကားကြီးမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက် အရမ်းကျေနပ်ဂုဏ်ယူမိပါတယ်။ ရွေးချယ်ပေးခဲ့တဲ့ Forever Group ကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်ရှင်။”လို့ ကျေနပ်ဂုဏ်ယူမိကြောင်းနဲ့ ကျေးဇူးတင်ကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။မြတ်သူသူဇင်ကိုချစ်တဲ့ ပရိသတ်ကြီးတွေအတွက်ကိုလည်း ဂုဏ်ယူစွာနဲ့ဖော်ပြပေးလိုက်ပါတယ်နော်။Source : Myat Thu Thu Zin,Credit -original