Latest Posts

ဓာတ္ပံုတစ္ပံုေၾကာင့္ တစ္နုိ္င္ငံလံုးက စိန္ေခၚတာခံလုိက္ရတဲ့ ပိုင္တံခြန္


ပိုင္တံခြန္ဟာ လြန္ခဲ့တဲ့နွစ္အေတာ္ၾကာကတည္းက ပရိသတ္ေကာင္မေလးေတြအသည္းစဲြ ျဖဴဖတ္ျဖဴေလ်ာ္နဲ႔ ခ်စ္ဖို႔ေကာင္းျပီး sweet ျဖစ္တဲ့ ေမာ္ဒယ္ေကာင္ေလးတစ္ေယာက္ျဖစ္ခဲ့တယ္ဆိုရင္မမွားပါဘူး။ အခုေတာ့ အသက္နွစ္ဆယ္ေက်ာ္လာျပီျဖစ္တဲ့ ပုိင္တံခြန္က ဗလအဖုအထစ္ေတြနဲ႔ တက္တူးေတြနဲ႔ ဆံပင္အရွည္ၾကီးနဲ႔ မိန္းကေလးေတြအရူးအမူးခ်စ္ရတဲ့ ေမာ္ဒယ္သရုပ္ေဆာင္တစ္ဦးျဖစ္လို႔ေနပါျပီ။ျမန္မာနုိင္ငံတင္မကပဲ အိ္မ္နီးခ်င္းနုိင္ငံေတြမွာပါ ေရပန္းစားေက်ာ္ၾကားေနတဲ့ ပုိင္တံခြန္က မၾကာေသးမီက ထုိင္းနုိင္ငံမွာ Fan Meeting သြားလုပ္ခဲ့ပါတယ္။

အခုေနာက္ပုိင္းမွာ ပုိင္တံခြန္ပံုေတြတင္လိုက္တိုင္း International Fans ေတြရဲ႕ သည္းသည္းလႈပ္တဲ့ comment ေတြကုိျမင္ရမွာျဖစ္ျပီး အဲဒီ comment ေတြထဲမွာ ထုိင္းက ပရိသတ္ေတြကေတာ့ အကဲဆံုး အသည္းဆံုးလို႔ဆိုရမွာပါ။ ပိုင္တံခြန္ကလည္း ထုိင္းစကားသင္ျပီး ထိုင္းလိုေတြနႈတ္ဆက္လို႔ ထုိင္းက ပရိသတ္ေတြရဲ႕အသည္းကုိပုိျပီးေျခြယူတတ္သူေလးျဖစ္ပါတယ္။ ပိုင္တံခြန္က ေလာေလာဆယ္ေတာ့ ထုိင္းမွာ အနုုပညာအလုပ္ေတြလုပ္ေနျပီး ရက္အနည္းငယ္ၾကာဦးမွာျဖစ္တယ္လို႔ သိရပါတယ္။ ပုိင္တံခြန္က မၾကာေသးမီက ထုိင္းက ေဟာ္တယ္မွာ အနားယူေနရင္းဓာတ္ပံုတစ္ပံုတင္ထားခဲ့ျပီး အဲဒီဓာတ္ပံုဟာ ပရိသတ္ေတြၾကားမွာ ဟိုးေလးတေက်ာ္ျဖစ္သြားခဲ့တယ္ဆိုရမွာပါ။
ပုိင္တံခြန္တင္လုိက္တဲ့ ဓာတ္ပံုက ေဟာ္တယ္က အသည္းပံုေရခ်ဳိဳးကန္ထဲမွာ ထုိင္ေနျပီး နွင္းဆီပြင့္ဖတ္ေလးေတြက ရင္အုပ္ေပၚက တက္တူးေတြမွာ ဟိုတစ္ဖတ္ဒီတစ္ဖတ္တင္ေနတာကုိ အသည္းယားစဖြယ္ဆြဲေဆာင္ညိဳ႕ငင္မႈအျပည့္ရွိေနတာကုိျမင္ရမွာပါ။ ခႏၶာကုိယ္ေအာက္ပုိင္းကုိေတာ့ ေရခ်ိဳးကန္ထဲက ဆပ္ျပာျမွုဳပ္ေတြနဲ႔ မလံု႔တလံုဖံုးထားတာကုိေတြ႕ရပါတယ္။ အဲဒီဓာတ္ပံုေၾကာင့္ ပုိင္တံခြန္က တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ႕ ေၾကာက္ခမန္းလိလိစိန္ေခၚမႈၾကီးေတြကုိခံေနရပါတယ္။ အဲဒါကေတာ့ “သတၱိရွိရင္ ခုခ်က္ခ်င္းမတ္တပ္ထရပ္လုိက္”ဆိုတဲ့ စိန္ေခၚစကားေတြပါ။ ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ပိုင္တံခြန္ကုိေခ်ာ့တစ္ခါေျခာက္တစ္လွည့္နဲ႔ မတ္တပ္ရပ္ဖို႔ျမဴဆြယ္ေျပာဆုိေနၾကေပမယ့္ ပုိင္တံခြန္က မတ္တပ္ရပ္တဲ့ပံုကုိ မတင္လာခဲ့ေသးပါဘူး။အခ်ိဳ႕ပရိသတ္ေတြကလည္း ပိုင္တံခြန္ကုိ “ပံုမူရင္​းကညီမဆီိမွာပါ သူ႔phအားသြင္​းထားလို႔ညီမph နဲ့႐ိုက္​​ေပးထားတာပါ။ မတ္တပ္ရပ္တဲ့ပံုလိုခ်င္ရင္ ညီမဆီလာခဲ့ပါ”လို႔ ဝင္ျပီး comment ေပးထားတာေတြလည္းေတြ႕ရပါတယ္။ ပိုင္တံခြန္ပုိ႔စ္ေအာက္မွာ ပရိသတ္ေတြက စည္းစည္းလံုးလံုးနဲ႔ေပ်ာ္ေနၾကတာကို ပိုင္တံခြန္လည္း ေက်နပ္မွာအမွန္ပါပဲ။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပုိင္တံခြန္ကုိခ်စ္ၾကလား။ ထုိင္းမွာ အနုပညာေတြသြားလုပ္ေနတဲ့ ပိုင္တံခြန္ကုိေရာလြမ္းေနၾကျပီလား။ ေျပာခဲ့ၾကပါဦး။Credit  -original

UNICODE

ဓာတ်ပုံတစ်ပုံကြောင့် တစ်နိုင်ငံလုံးက စိန်ခေါ်တာခံလိုက်ရတဲ့ ပိုင်တံခွန်
ပိုင်တံခွန်ဟာ လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက ပရိသတ်ကောင်မလေးတွေအသည်းစွဲ ဖြူဖတ်ဖြူလျော်နဲ့ ချစ်ဖို့ကောင်းပြီး sweet ဖြစ်တဲ့ မော်ဒယ်ကောင်လေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုရင်မမှားပါဘူး။ အခုတော့ အသက်နှစ်ဆယ်ကျော်လာပြီဖြစ်တဲ့ ပိုင်တံခွန်က ဗလအဖုအထစ်တွေနဲ့ တက်တူးတွေနဲ့ ဆံပင်အရှည်ကြီးနဲ့ မိန်းကလေးတွေအရူးအမူးချစ်ရတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်လို့နေပါပြီ။မြန်မာနိုင်ငံတင်မကပဲ အိမ်နီးချင်းနိုင်ငံတွေမှာပါ ရေပန်းစားကျော်ကြားနေတဲ့ ပိုင်တံခွန်က မကြာသေးမီက ထိုင်းနိုင်ငံမှာ Fan Meeting သွားလုပ်ခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ ပိုင်တံခွန်ပုံတွေတင်လိုက်တိုင်း International Fans တွေရဲ့ သည်းသည်းလှုပ်တဲ့ comment တွေကိုမြင်ရမှာဖြစ်ပြီး အဲဒီ comment တွေထဲမှာ ထိုင်းက ပရိသတ်တွေကတော့ အကဲဆုံး အသည်းဆုံးလို့ဆိုရမှာပါ။ ပိုင်တံခွန်ကလည်း ထိုင်းစကားသင်ပြီး ထိုင်းလိုတွေနှုတ်ဆက်လို့ ထိုင်းက ပရိသတ်တွေရဲ့အသည်းကိုပိုပြီးခြွေယူတတ်သူလေးဖြစ်ပါတယ်။ ပိုင်တံခွန်က လောလောဆယ်တော့ ထိုင်းမှာ အနုပညာအလုပ်တွေလုပ်နေပြီး ရက်အနည်းငယ်ကြာဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ပိုင်တံခွန်က မကြာသေးမီက ထိုင်းက ဟော်တယ်မှာ အနားယူနေရင်းဓာတ်ပုံတစ်ပုံတင်ထားခဲ့ပြီး အဲဒီဓာတ်ပုံဟာ ပရိသတ်တွေကြားမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်ဆိုရမှာပါ။

ပိုင်တံခွန်တင်လိုက်တဲ့ ဓာတ်ပုံက ဟော်တယ်က အသည်းပုံရေချိုးကန်ထဲမှာ ထိုင်နေပြီး နှင်းဆီပွင့်ဖတ်လေးတွေက ရင်အုပ်ပေါ်က တက်တူးတွေမှာ ဟိုတစ်ဖတ်ဒီတစ်ဖတ်တင်နေတာကို အသည်းယားစဖွယ်ဆွဲဆောင်ညို့ငင်မှုအပြည့်ရှိနေတာကိုမြင်ရမှာပါ။ ခန္ဓာကိုယ်အောက်ပိုင်းကိုတော့ ရေချိုးကန်ထဲက ဆပ်ပြာမြှုုပ်တွေနဲ့ မလုံ့တလုံဖုံးထားတာကိုတွေ့ရပါတယ်။ အဲဒီဓာတ်ပုံကြောင့် ပိုင်တံခွန်က တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ကြောက်ခမန်းလိလိစိန်ခေါ်မှုကြီးတွေကိုခံနေရပါတယ်။ အဲဒါကတော့ “သတ္တိရှိရင် ခုချက်ချင်းမတ်တပ်ထရပ်လိုက်”ဆိုတဲ့ စိန်ခေါ်စကားတွေပါ။ ပရိသတ်တော်တော်များများက ပိုင်တံခွန်ကိုချော့တစ်ခါခြောက်တစ်လှည့်နဲ့ မတ်တပ်ရပ်ဖို့မြူဆွယ်ပြောဆိုနေကြပေမယ့် ပိုင်တံခွန်က မတ်တပ်ရပ်တဲ့ပုံကို မတင်လာခဲ့သေးပါဘူး။

အချို့ပရိသတ်တွေကလည်း ပိုင်တံခွန်ကို “ပုံမူရင်းကညီမဆီမှာပါ သူ့phအားသွင်းထားလို့ညီမph နဲ့ရိုက်ပေးထားတာပါ။ မတ်တပ်ရပ်တဲ့ပုံလိုချင်ရင် ညီမဆီလာခဲ့ပါ”လို့ ဝင်ပြီး comment ပေးထားတာတွေလည်းတွေ့ရပါတယ်။ ပိုင်တံခွန်ပို့စ်အောက်မှာ ပရိသတ်တွေက စည်းစည်းလုံးလုံးနဲ့ပျော်နေကြတာကို ပိုင်တံခွန်လည်း ကျေနပ်မှာအမှန်ပါပဲ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပိုင်တံခွန်ကိုချစ်ကြလား။ ထိုင်းမှာ အနုပညာတွေသွားလုပ်နေတဲ့ ပိုင်တံခွန်ကိုရောလွမ်းနေကြပြီလား။ ပြောခဲ့ကြပါဦး။Credit  -original