Latest Posts

ဘိုမရုပ်လေးနဲ့တူပြီး အရမ်းချစ်စရာကောင်းတဲ့ အေသင်ချိုဆွေသမီးလေးကို လက်ကမချနိုင်အောင် အချစ်တွေပိုနေတဲ့သုသု


မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်တစ်ဦးအဖြစ်လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ ညီညီမောင် (စမ်းချောင်း) ခေါ် သုသုကိုတော့ ပရိသတ်တွေက ရင်းနှီးနေပြီးသားဖြစ်မယ် ထင်ပါတယ်။ သုသုက ပျော်ပျော်နေတတ်ပြီး အများကို ရယ်မောပျော်ရွှင်ရအောင် ဟာသလေးတွေတင်ဆက်ပေးလေ့ရှိတာကြောင့် အားလုံးကချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အောင်မြင်မှုများစွာရရှိနေတဲ့ သုသုက ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးခဲ့ရပြီ ဖြစ်ပါတယ်။



ပရိသတ်တွေနဲ့ အနုပညာရှင်တွေရဲ့အချစ်တော်လေးဖြစ်တဲ့ သုသုက အားလုံးနဲ့ခင်မင်ရင်းနှီးစွာ ဆက်ဆံတတ်သူပဲ ဖြစ်ပါတယ်။ ကလေးတွေကိုလည်း ချစ်တတ်တဲ့ သုသုတစ်ယောက် ဒီနေ့မှာတော့ အေသင်ချိုဆွေသမီးလေးရဲ့ မွေးနေ့ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဘိုမရုပ်လေးနဲ့တူပြီး အရမ်းချစ်ဖို့ကောင်းတဲ့ အေသင့်ရဲ့သမီးလေးကိုတော့ သုသုက လက်ကမချနိုင်အောင် အချစ်တွေပိုနေခဲ့တာ ဖြစ်ပါတယ်။



သုသုက ” IVY မွေးနေ့ပွဲရောက် ဖွားဖွားသု ” ဆိုပြီး Ivy လေးနဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ သုသုနဲ့ Ivy လေးတို့နှစ်ယောက်ကိုကြည့်ပြီး ပရိသတ်တွေတောင် ကြည်နူးနေရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သုသုနဲ့ Ivy လေးရဲ့ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။


Source: Nyi Nyi Maung;Credit-“Myanmarload