Latest Posts
UNICODE
မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် သံတမန်အဖြစ် မိတ်ကပ်မထက် အားခန့်အပ်
နိုင်ငံကျော် မိတ်ကပ်ပညာရှင် မထက် ဟာဆိုရင် အနုပညာရှင်တွေကို ခြယ်သပြင်ဆင်ပေးပြီး မြန်မာနိုင်ငံရဲ့ အလှဖန်တီရှင်များထဲမှာ ထင်ပေါ်ကျော်ကြားသူတစ်ဦးပါ။ချစ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် သံတမန်အဖြစ် မထက် ကို ခန့်အပ်တဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မထက်ဟာဆိုရင် LGBT လောကထဲမှာ အမျိုးသမီး တစ်ဦးလို အမြဲလှပနေတဲ့ နာမည်ကြီး သူတစ်ဦးပါ။ အမျိုးသမီးတစ်ဦးလို ပြေပြစ်လှပတဲ့ Body ကို ပိုင်ဆိုင်ထားတာကြောင့်လည်း သူမကို ချစ်တဲ့ သူတွေများနေတာပဲ ဖြစ်ပါတယ်။
အလှအပနဲ့ ပတ်သက်ပြီး ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံတဲ့ သူမက ဒီတစ်ခါမှာတော့ မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် သံတမန်အဖြစ်ခန့်အပ်ခြင်းခံလိုက်ရတဲ့ အကြောင်းကို ခုလိုပြောထားပါတယ်။
မထက်က ” မြန်မာယူနီကုဒ်စံစနစ်သို့ကူးပြောင်းရေးလုပ်ငန်းစဉ်များ စတင်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး… မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းရေးလုပ်ငန်းစဉ်များအတွက် သံတမန်များထဲမှ သံတမန်တယောက်အဖြစ် ပါဝင်လှုတ်ရှားခွင့်ရမည့်အတွက် အရမ်းကိုဝမ်းသာဂုဏ်ယူမိပါတယ်♥️👍” ဆိုပြီးပြောထားပါတယ်။
မထက်က သံတမန်များထဲမှ သံတမန်တယောက်အဖြစ် ပါဝင်လှုတ်ရှားခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်နေတာပဲ ဖြစ်ပါတယ်။
မိတ်ကပ်မထက် ရဲ့ မြန်မာယူနီကုဒ်စံစနစ်ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် သံတမန်အဖြစ် ခန့်အပ်ခံရတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။Credit-original