Latest Posts

မွန်ပြည်နယ်ရေဘေးအတွက် ကိုယ်တိုင်လမ်းပေါ်ထွက်အလှူခံရာမှ အလှူငွေ ၂၃၅၀၀၀၀ ကျပ်ရရှိခဲ့တဲ့ မျိုးစန္ဒီကျော်


ဝါရင့် သရုပ်ဆောင်တစ်ဦး မျိုးစန္ဒီကျော်ဆိုရင် ယနေ့တိုင် ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိနေတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

သူမဟာ အနုပညာဘက်တွင် သာ ထူးချွန်အောင်မြင်သူတစ်ဦးမဟုတ်ပဲ စီးပွားရေးဘက်မှာလည်း စီမံခန့်ခွဲ ဦးစီးဦးဆောင် လုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နိုင်ငံရှိ တစ်ချို့ပြည်နယ်တွေမှာ ရေဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ရေဘေးသင့်သူများ ကူညီနိုင်ရေးအတွက် သရုပ်ဆောင် မျိုးစန္ဒီကျော် ဦးစီးတဲ့ အလှူခံအဖွဲ့က အင်တိုက်အားတိုက်ဆောင်ရွက်

နေတာကို တွေ့ရပါတယ်။ ဒီအကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပြီး
ရေဘေးသင့်ဒေသများကိုသွားရောက်လှူဒါန်းရန်အတွက် M&S Fashion Shop Family စာနာကူညီရေးအဖွဲ့ မှ မနက်ပိုင်းမှာ စိန်ဂေဟာ စင်တာ လှည်းတန်းနဲ့ ညနေပိုင်းမှာလသာလမ်းမှရွှေဆိုင်တွေနဲ့လမ်းတလျှောက် မှာရှိတဲ့ ခုနှစ်ရက်သားသမီးများကို သွားရောက်အလှူခံခဲ့ကြတာ စုစုပေါင်း အလှူငွေ ၂၃၅၀၀၀၀ ကျပ်ရရှိပါတယ် တနေကုန် နေပူခံခြေထောက်ညောင်းခံ အပင်ပန်းခံရကျိုးနပ်ပါတယ်

အနုပညာသမားတွေက နာမည်သာနုတာပါနော် အားလုံးအပင်ပန်းခံနိုင်ကြတယ် ကိုဘိုကြီး ၊ ဒေါင်းဝေ ၊ ကိုမိုးပေါ် ၊ နှံပြည်စုတ် ၊ သူဇာပွင့်၊ မေသင်္ကြန်နဲ့ ချစ်ခင်ရတဲ့ မဝါ ၊ မောင်လေးဖြိုးပိုင်နဲ့ M&S Fashion Shop မှ ဝန်ထမ်းညီမလေးတွေ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်

ကျွန်မတို့ဆိုင်ကိုလာလှူကြတဲ့ ဆန်အိတ်များ အဝတ်အထည်များနဲအနယ်နယ်အရပ်ရပ်မှငွေများ အဝတ်အထည်များနဲဆေးဝါးများလှူကြတဲ့အလှူရှင်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ် ကျွန်မတို့ပြုတဲ့ကုသိုလ်ကို သာဓုခေါ်နိုင်အောင်တင်ပေးတာပါရှင်

ဒီအကြောင်းကို သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပြီး လှူဒါန်းပေးသူတွေကို ကျေးဇူးတင်ကြောင်း ပြောဆိုထားတာ တွေ့ရပါတယ်။

ဒါကြောင့် နှလုံးလှတဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်နဲ့ သူ့အဖွဲ့ရဲ့ ဆောင်ရွက်မှုလေးတွေကို သာဓု ခေါ်နိုင်စေရန်အတွက် တင်ပြလိုက်ပါတယ်နော်။source-Myo Sandy Kyaw\Credit-original