Latest Posts

ဇာတ်လမ်း သရုပ်ဆောင် ဒါရိုက်တာ အဖြစ် အလုပ်လုပ်ရမှာမို့ ပျော်နေတဲ့ ယုန်လေး


lအဆိုတော်ဘဝကနေ ဒါရိုက်တာဘဝရောက်တဲ့ အထိ ကူညီပေးခဲ့ကြတဲ့ ကျေးဇူးရှင်အားလုံးကို ကျေးဇူးတင်စကားပြောရင်း သူဖြစ်ချင်တဲ့အကြောင်းအရာတွေကို လဲ ယုန်လေးက ဖွင့်ဟပြောပြလာပါတယ်။သူက မကြာခင်မှာ media 7 နဲ့အတူ ရုပ်ရှင်ကားတွေ ရိုက်ကူးတော့မှာ လို့လဲ သူကပြောခဲ့ပါတယ်။ သူပြောခဲ့တဲ့ အကြောင်းအရာတွေကို အသေးစိတ်ပြန်လည်ရေးသားဖော်ပြလိုက်ပါတယ်နော်။
” ကျွန်တော်ကို ငယ်ငယ်ထဲက မွေးစားခဲ့ပြီး ပြည့်စုံအောင် ထားပေးခဲ့တဲ့ ကြီးကြီး ဘဘ က အမြဲတန်း ကျေးဇူးသိတတ်ရမဲ့ဆိုတာကိုသေချာသင်ပေးခဲ့တယ် ။

ကျွန်တော် ကူညီတာထက်သူတို့ ပိုကူညီတတ်တယ် ။ပြောချင်တာက ကျွန်တော်ကို ဂီတလမ်းပေါ် စလျောက်လို့ရအောင် ထုပ်ပေးခဲ့တဲ့ ကိုကျော်ဇင်သိန်း . မစံပယ် Geo Petro ကိုရန်ခိန် . အခုထိ ဘုရားရှိခိုး ဆုတောင်းရင်ပါပြီးသား ရုပ်ရှင်လောကမှာ DVD အဖြစ်စထုပ်ပေးခဲ့တဲ့ ဦးသိန်းဇော် Lucky Bossကိုယ့်သမိုင်းစရိုက်ပေးခဲ့တဲ့ ကိုညို ကိုသားညီပြီးတော့ ကိုလူသား ”

” ပျော်ပြီးရင်းပျော် ကျွန်တော်ခေါင်းဆောင်ကားမို့လို့ဆိုပြီး အလကားနီးပါးလာရိုက်ပေးကျတဲ့ ကိုခင်လိုင် . တီဂွမ်း . ရတနာမိုင် . ကြက်ဖ .ပန်းအိ . ကိုကြာစေ့ .ကိုသီဟ တင်သန်း တို့ကိုလည်း ကျေးဇူးတွေသတိရလျက်။ဒေါ်သင်းသင်းခိုင် ကျောက်စိမ်းနန်းတော်(Scorpion Gang ကအစ်ကိုတွေနဲ့ Not the Last . ပြီးတော့ ကိုအောင်ကြီး ချစ်လို့ အရူးကြီးလို့ခေါ်တာ စိတ်ဆိုးသေး 🤣)”

” အတွေ့ကြုံ ရအောင်ဆိုပြီး ဗီဒီယို ၂ကားခေါ်ရိုက်ပေးတဲ့ ကိုခန့်စည်သူ . ကျောင်းတုန်းက သူငယ်ချင်းတွေက ကျွန်တော့်ကို ခန့်စည်ယုန် တဲ့ 🤣🤣🤣 ရုပ်ရှင်ကားကြီး အခုလိုတော်တော်များများ မရိုက်သေးတဲ့အချိန်မှာသေချာမသိသေးတဲ့ ကျွန်တော်လို လူတစ်ယောက်ကို လုပ်ပိုင်ခွင့်အပြည့်ပေးခဲ့တဲ့ကိုNaing Tun (ပေါက်ကြီး) သူ့ကို ကျွန်တော်တာဝန်မကျေသေးဘူး လုပ်ပိုင်ခွင့်အပြည့်ပေးခဲ့တဲ့ကားကို အခုထိရုံပေါ်ရောက်အောင် မရုန်းနိုင်သေးဘူး ”

” ပြီးတော့ OG 2 စဖြစ်တာ သူငယ်ချင်း Zip ရဲ့ စရံသိန်းတစ်ရာကြောင့် ပိုက်ဆံမလောက်တဲ့ အချိန်မှာ မင်းလုပ်တာ အားပေးတယ်ယုံတယ် ချကွာ ဆိုပြီး ဝင်ကူတာ ကိုစိန်ထွေး Royal Hero OG3 . Special Force လည်းသူပဲ ထုံးစံတိုင်း ပိုက်ဆံတွေမလောက်တဲ့ အချိန်ထပ်ထည့်ခိုင်းတာ မငြီငြူပဲ သိန်း ၄ရာလောက်ကို ၅မိနစ် မပြောခဲ့ရဖူး ကိုငယ် ကိုလူမော်🙏🙏🙏”
” OG 2 နဲ့ နေရာလေး နည်းနည်းရလာတဲ့အချိန်ရုပ်ရှင်လောကထဲက ဘယ်ထုပ်လုပ်သူမှ ဒါရိုက်တာလုပ်ရိုက်ဆိုပြီး မယုံကြည်တဲ့ အချိန်မှာ ရုပ်ရှင်လောက ထဲက Special 9 ကိုစိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးတာ ကိုဖိုးဝ မမူ ( New Phoe wa ) Special 9 ပြီးတော့ ( သတိအန္တရာယ်ရှိသည် )(Original Gangster 4 ) (MAFIA City ) ကိုစိတ်ကြိုက်ထပ်လုပ်ပိုင်ခွင့်ပေးတာ မစန္ဒာ ( Power King ) သူတို့ကျေးဇူးတွေကြောင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ခွင့်ရလာတယ် ။ ဒီလောကထဲက မဟုတ်တဲ့ ၄တိုက်နဲ့လဲ ဇာတ်လမ်း သရုပ်ဆောင် ဒါရိုက်တာ အဖြစ် ရိုက်ဖို့သေချာပါပြီ ရက်ပဲပြန်ညှိနေတာပါ ”


” ခါတိုင်းဆို ကျွန်တော်သူငယ်ချင်း မြင့်မြတ်အရှိန်ကြောင့် အခု ကျွန်တော်ကိုပဲ တည်ပြီး လာကမ်းလှမ်းတဲ့ အတွက်အရမ်းပျော်ပါတယ် ။ မြင့်မြတ်ကူညီ ခဲ့လိုလည်း ဒီလိုတွေ လုပ်ခွင့်ရတော့မှာပါ ။ ကျွန်တော်ကောင်ကြီး မြင့်မြတ်ကိုလည်း ဘုရားရှိခိုးတိုင်းမေတ္တာပို့ပြီးသားပါ။

🙏🙏🙏 အခု ကျွန်တော်တို့ ရုပ်ရှင်လောကထဲမှာ ရိုက်ချင်တဲ့ တိုက်ပေါ့နော် ၃တိုက်ရှိသေးတယ်။ ငယ်ငယ်ထဲက ရုပ်ရှင်ဆို မအေးဝင်း စီစဉ်သည် ကရင်းနီးပြီးသားလေ🤣😁”


”အဆိုတော်တွေခေါ်ရိုက်တော့ မရှက်တန်း ဝန်ခံတာ ငါ့များ ခေါ်ရိုက်လောက်မလား မသိဘူးဆိုပြီး ကြိတ်ပြီးရင်ခုန်ဖူးပါတယ် 🤣။ အဲ့အချိန်ထဲက ရုပ်ရှင်တွေ ဘယ်သူ့မှ မရိုက်တဲ့အချိန် ရုံတင်စရာကားတွေမရှိမှာဆိုးလို့ တောက်လျောက်ရိုက်ပေးခဲ့တာ Lucky Seven ကိုအုန်းဝင်း ချီးကျူးတဲ့ အတွက်ပျော်ပါတယ် ။
စကားလေး နဲ့ ယုန်လေးကို ငါတို့တည်ရင်တည်ရတော့မှာနော် ပြောတဲ့စကားကို တစ်ဆင့်ကြားရတဲ့ ရိုက်တာမရိုက်တာဘာမှမဖြစ်ဖူး ကြားကြားချင်း ပျော်ပါတယ်။နောက်တိုက်က အောင်တိုင်းကျော် OG မိခင်တပ်ရင်း Anubis လို ကားမျိုးကို အဲ့အချိန်မှာဖန်တီးခဲ့တယ် ။

ကျွန်တော်လည်း မကြည့်ဖူးဘူး ။ ကားကောင်းတာမကောင်းတာထက် လူမင်း နေတိုး မြင့်မြတ် ဝတ်မူံရွှေရည် ရွှေမူံ အပြင်ဆင်တွေလည်း Fine . . .မြင့်မြတ် အကယ်ဒမီရတဲ့ ကျွန် ။ Original Gangster 1 ကိုအသက်သွင်းပေးခဲ့တဲ့ အတွက် ငရဲ သီချင်းတွေဆိုလို့ပြန်ရလာတယ်။ ရုပ်ရှင်ဘက် ပိုပြီးအားတက်လာတယ် ။ OG Team တစ်ခု လုံး အလုပ်တွေဆက်ခဲ့တယ် ”
” သတိအန္တရာယ်ရှိသည် ကို ချီးကျူးပြီး ဟိုနေ့က ဇာတ်လမ်း ဒါရိုက်တာအဖြစ် အောင်တိုင်းကျော် တိုက်နဲ့ အလုပ်လုပ်ဖို့ကမ်းလှမ်းတော့ အရမ်းပျော်သွားပါတယ် ။ 😍 နောက်တိုက်က ခင်မင်တဲ့ အရင်းနီးဆုံးထဲက တစ်ယောက် Media 7 ကိုကိုရွှေ ဘာကြောင့်လဲတော့ မသိဘူး ။

ဒီတိုင်းခင်တာကြာပြီ ဘာအလုပ်မှ မလုပ်ဖူးဘူး ။ကိုယ်လည်း အဆင်မပြေတဲ့ အချိန်တုန်းက စိတ်မကောင်း တစ်ခါတစ်လေ ဖြစ်မိတယ် ။ငါနဲ့ ဒီလောက်ရင်းတာ သူ့တို့ စီစဉ်တဲ့ အထဲ အမြဲ ငါမပါဘူးပေါ့ ။ ဖြည့်တွေးပါတယ် . ငါကရိုင်းတာကိုခွေးစိတ်တစ်ချက်တစ်ချက် ဖောက်တက်တော့ အလုပ်မှာမလိုလားအပ်တဲ့ ပြသာနာ ဖြစ်မှာဆိုးလို့ထင်ပါတယ် ဆိုပြီး နေလာတာ ”
” လွန်ခဲ့တဲ့ ၁၀ရက်လောက်က Media 7 နဲ့အလုပ်လုပ်ဖို့ ဇာတ်လမ်း သရုပ်ဆောင် ဒါရိုက်တာ အဖြစ် ရိုက်ဖို့ လာပြောပြီဆိုတော့ ပျော်ပြီလေ ။ဘယ်သူနဲ့ လုပ်လုပ် အကောင်းဆုံးပဲ ဖြစ်အောင်လုပ်ဖို့ မောင်းတင်ထားပါတယ် ။
အလုပ်ဆိုတာတော့ ပိုလုပ်ရရင် လူတိုင်းပျော်တာပေါ့ ရေရှည်ပျော်နေဖို့ကတော့ လုပ်နိုင်တဲ့ လစ်မစ်လေးကိုပဲ အကောင်းဆုံးလုပ်ဖို့ သေသေသပ်သပ် ကျစ်ကျစ်လစ်လစ် လုပ်ဖို့ ဆုံးဖြတ်ထားပါတယ် ။ ငယ်ငယ်ထဲက သမ္မတ ရုံမှာ ရုပ်ရှင်ကို ဇာတ်လမ်း ဒါရိုက်တာ သရုပ်ဆောင်အဖြစ်တင်ခွင့်ရမယ်ဆိုတာ အိမ်မက်တောင် မမက်ဖူးပါဘူး ။
မင်္ဂလာ Group မှ ဦးဇော်မင်း ဦးသိန်းဆိုင်ကိုမြတ်ခိုင်စိုး အောင်သူမိုး ဦးစောတို့ကြောင့်လည်းအခုလို ရပ်တည်ခွင့်ရတာပါ ”” အခုလိုတွေ လူအများယုံကြည်လာအောင် လုပ်ခွင့်ပေးခဲ့တဲ့ ကိုနိုင် မချယ် , ကိုစိန်ထွေး ,ကိုဖိုးဝ မမူ , မစန္ဒာ တို့ကိုလည်း တစ်သက်လုံးကျေးဇူးမမေ့ပါ ဘုရားရှိခိုးတိုင်းလည်းအမြဲ မေတ္တာပို့ပြီးသားပါ ။🙏🙏🙏 ပရိတ်သတ်များ ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အမြဲတန်း အသစ်အသစ်တွေအတွက်ကြိုးစားသွားပါမယ်လို့ ဂတိပေးပါတယ် 🙏🙏🙏 ” လို့ဆိုပြီး ရေးသားခဲ့ပါတယ်။ယုန်လေးရဲ့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော် ။ ဖတ်ရှု့ပေး တဲ့  ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit- original