Latest Posts

“အိပ်မက်ကာရံ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးကြမယ့် နေတိုး၊ လွှမ်းပိုင်နဲ့ နီနီခင်ဇော်



ပရိသတ်တွေချစ်ကြတဲ့ မင်းသားချောနေတိုးက အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်ခဲ့ပြီး အခုအချိန်ထိ ပရိသတ်အခိုင်အမာနဲ့ လျှမ်းလျှမ်းတောက် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ နေတိုးက မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားအဖြစ် ရပ်တည်နေပြီး ရုပ်ရှင်ဇာတ်ကား အများအပြားကိုလည်း ရိုက်ကူးနေလျက်ရှိပါတယ်။

နေတိုးက ဒီတစ်ခေါက်မှာလည်း အဆိုတော်နှစ်ဦးဖြစ်တဲ့ လွှမ်းပိုင်နဲ့ နီနီခင်ဇော်တို့နဲ့အတူတူ “အိပ်မက်ကာရံ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာခင်မှာ ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

“အိပ်မက်ကာရံ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်း မိုးနီလွင်နဲ့ နီနီခင်ဇော်တို့က ရေးသားထားပြီး ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပုံဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နေတိုးက လက်ရှိမှာတော့ ကျော်ကျော်ဗို၊ ရွှေထူး၊ ထူးအောင်၊ အေးမြတ်သူတို့နဲ့အတူတူ “စစ်ကား” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေလျက် ရှိပါတယ်။

နေတိုး၊ နီနီခင်ဇော်နဲ့ လွှမ်းပိုင်တို့ သုံးယောက်လုံးကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက်ကတော့ ရင်ခုန်စရာသတင်းကောင်းပါပဲ။ ဒီ “အိပ်မက်ကာရံ” ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။RowenaSource: 7th sense creation\Credit -origina