Latest Posts

ထီအမြဲပေါက်နေတဲ့အကြောင်းပြောပြလာတဲ့ ရတနာမိုင်


ရတနာမိုင်ဟာဆိုရင် မိုင်လေးမိုင်လေးနဲ့ပရိသတ်တွေဝိုင်းချစ်ရတဲ့ အဆိုတော်လေးဖြစ်ပြီး ချစ်စရာကောင်းတဲ့သီချင်းလေးတွေနဲ့ ပရိသတ်ကို ဖမ်းစားတတ်သူတစ်ဦးပါ။ရတနာမိုင်က မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ မထင်မှတ်ထားလောက်အောင် လတိုင်းကံတွေကောင်းပြီး ထီပေါက်နေတဲ့အကြောင်းပြောပြသွားခဲ့ပါတယ်။

ရတနာမိုင်က ထီတစ်သိန်းဆုနှစ်ဆုပေါက်ထားတဲ့အကြောင်း “တစ်သိန်းဆုက နှစ်စောင်ထိုးတာ နှစ်စောင်လုံးက တစ်သိန်းဆုတွေပေါက်သွားတယ်။ လတိုင်းပဲ လတိုင်း ငါးသောင်းစီကတော့ တွတ်တွေဝင်နေတာပဲဆိုတော့ ဘယ်တော့များ ဆုကြီးပေါက်မလဲတော့မသိဘူးပေါ့နော်။

ဆုကြီးကိုလည်းလိုချင်တာပေါ့နော်။ပြောရမယ်ဆိုရင်။ တစ်သိန်းငါးသောင်း တစ်သိန်းငါးသောင်းနဲ့ပဲညားနေတာဆိုတော့ ဘာသာရေးကိုပဲ ဖိလုပ်ဖြစ်ပါတယ်။ ထီပေါက်ရင်တော့ လုပ်ချင်တဲ့ဟာလေးတွေအများကြီးပဲပေါ့။ ဒါပေမယ့် ကိုယ့်ကံက အဲဒီလောက်ပဲရှိလို့လည်းဖြစ်ပါလိမ့်မယ်”လို့ ပြောထားပါတယ်။

အံ့သြစရာကောင်းလောက်အောင် ထီက လတိုင်းပေါက်နေတာလို့လည်း “ဒီလမှ တစ်သိန်းဆု ကျန်တဲ့လတွေတုန်းကဆို ငါးသောင်းငါးသောင်းငါးသောင်းနဲ့ပဲသွားနေတာဆိုတော့ အံ့သြစရာကြီး အဲ့လို လတိုင်း၊ ဘာသာရေးကတော့ နေ့တိုင်းလုပ်ဖြစ်ပါတယ်။ အချိန်ရရင်ရသလောက်လေး။

လမ်းသွားလမ်းလာပဲဖြစ်ဖြစ် အိမ်မှာ ပဌာန်းတွေရွတ်တာတို့၊မဟာသမယသုတ်လေးတွေရွတ်တာတို့ ဂုဏ်တော်ကိုးပါးကိုရွတ်ပွားနေတာတို့ အဲဒါ့တော့အမြဲတမ်းလုပ်ဖြစ်ပါတယ်။ ဟုတ်”လို့ ပြောပြထားပါတယ်။သီလရှင်ဝတ်ဖို့လည်းရှိတဲ့အကြောင်း “အစတုန်းကတော့ ညီမက မွေးနေ့မှာဝတ်မယ်ဆိုပြီးစီစဉ်ထားတာ။ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မေမေဖေဖေတို့ကလည်းပြောတယ်။

မဝတ်နဲ့ဦးတဲ့ အလုပ်တွေက လက်ခံထားတာ စာချုပ်ချုပ်ထားတာတွေက ဒီလထဲမှာရှိတယ်ဆိုတော့ ဝတ်မယ်ဆိုရင် သင်္ကြန်အပြီးလောက်မှာ လွတ်လွတ်ကျွတ်ကျွတ်ဝတ်၊လွတ်လွတ်ကင်းကင်းဝတ်တဲ့ ဘာအလုပ်မှမရှိတဲ့အချိန်ကျမှပေါ့နော်။ အစတုန်းကတော့ ဝတ်မယ်ဆိုပြီးဆုံးဖြတ်ထားပေမယ့် သင်္ကြန်အပြီးမှ အဓိဌာန်အနေနဲ့ ဝတ်ဖြစ်မယ်ပေါ့နော်”လို့ ပြောထားပါတယ်။Credit -original