မြန်မာပြည်ရဲ့ ဆိုးဝါးနေတဲ့ ဆေးဝယ်ရောင်း စနစ်ကို ဘာဖြစ်လို့ အခုထိ မပြင်နိုင်ရသေးတာလဲ?
မနေ့ညက ဆေးဆိုင်မှာဆေးသွားဝယ်တာ အမျိုးသမီးတစ်ယောက် ဝယ်ပြီးဆေးကို လာ ပြန်လဲနေတယ်။ curum syrup ကလေးတွေအတွက် ထုတ်ထားတဲ့ ပိုးသတ်ဆေးရည်။ ဆေးက သူဝယ်နေကြ တံဆိပ်မဟုတ်လို့နဲ့တူတယ်။ မတိုက်ချင်ဘူး အဲတံဆိပ်မရှိဘူးလား ကလေးက ဆေးမတည့်တာ ရှိလို့။ ဆေးဆိုင်ကတော့ တံဆိပ်မတူပေမယ့် ပါဝင်တဲ့ ဆေးအမျိုးအစား တူကြောင်း တိုက်လို့ရကြောင်း ပြောပြတယ်။
အမျိုးသမီးက အော်မန်တင် မရှိဘူးလား အေဖစ် မရှိဘူးလား နဲ့ ထပ်မေးပြန်ရော။ ကိုယ်ကတော့ ဘေးက နားထောင်နေ လိုက်တယ်။ မရှိဘူး အမ အေဖစ်က စီဖီဇင်း အုပ်စု ထဲကဟာ ဆိုပြီး ဆေးဆိုင်က ပြန်ရှင်းပြတယ်။ နောက် ဆေးဆိုင် ကနေ ဘာဖြစ်လို့ တိုက်တာလဲမေးတော့ ကလေးက ချောင်းဆိုးနေလို့။ အဲတံဆိပ်နဲ့ဆေး က တိုက်နေကြ ခု တူတူပဲဆိုရင် ဒီဆေးပဲတိုက်တော့မယ် ဆိုပြီး ဆေးဆိုင်ပြင်က ဆိုင်ကယ်ပေါ်ထိုင်နေတဲ့ သူ့ယောက်ျားကို ဒါပဲရတယ်။ ဒါပဲ ပြန်တိုက်တာ ပေါ့ ဆိုပြီး ထွက်သွားရော။
အဲချိန်တွေ့လိုက်တာက ကလေးက အသက် ၃ – ၄ နှစ်အရွယ်။ ဆိုင်ကယ်နောက် မှာ ခွထိုင်ပြီး သူ့အဖေ ခါးဖက်ထား တယ်။ ကိုယ်လည်း ဆေးဝယ်နေတုန်း ဝင်ပြောချင်ပေမယ့် မျက်ခုံးပင့် အံ့သြရုံ မ တပါး ဘာမှ မတတ်နိုင်။ ကိုယ့် နည်းတူ ဘေးမှာ တခြားဆရာဝန်တစ်ယောက်လည်း ဆေးဝယ်နေတယ်။ သူလည်း နှုတ်ဆိတ်လို့။ ကလေး အတွက်ပဲ စိတ် မကောင်း ဖြစ်တယ်။
ပြင်းထန်တဲ့ ပိုးသတ်ဆေးတွေ အလွယ်တကူဝယ်လို့ ရနေတဲ့ အတွက် အဲ့ကလေးလို ကလေးတွေ အတွက် ဆေးယဉ်ပါး တာတွေ မလိုအပ်ပဲ ပိုးသတ်ဆေး အမြင့်တွေသောက်ရတဲ့ ဒဏ်တွေ ဆေးကုသတဲ့ ဆရာဝန်တွေ အတွက် ပိုးသတ်ဆေး ရွေးရာမှာ အခက်တွေ့စေနိုင်တာတွေ ဆရာဝန် လူနာ လူနာရှင်အတွက် ဘယ်သူ့ အတွက်မှ ကောင်းကျိုး မပေးတဲ့ ဒီလို ဆေးဝယ်ရောင်း စနစ်ကို ဘာကြောင့် ထိထိရောက်ရောက် မကိုင်တွယ်သေးတာလဲ။ လုပ်လို့ ရနိုင်ရက်နဲ့ ဒီတိုင်းလွတ် ထား ကြတယ်ဆိုရင် ကြီးမားတဲ့ ကျင့်ဝတ် ချိုးဖေါက်မှု ပဲ။
လုပ်ကိုင်ဆောင်ရွက်ရမယ့် အဖွဲ့အစည်း ဌာနဆိုင်ရာတွေ ရှိတယ် ထင်တာပဲ။ ခု ဆေးဝယ်သွားတာက လူလတ်တန်းစား well educated ပုံစံပဲ။ သူ့ရဲ့ ဆေးပညာ နဲ့ဆိုင်တဲ့ လူထု တွေသိရမယ့် အသိကတော့ သူ့ကလေးအတွက် အန္တရာယ်ပဲ။ ဒီလိုလူတန်းစား တွေတောင် ဒီလိုဆိုရင် အခြေခံလူတန်းစားတွေကတော့ မှင်ဆေး စပ်ဆေးနဲ့ ညားနေကြတာ ဆန်းတာမှ မဟုတ်တာ။
Htet Naing Lynn (လေးစားမှုဖြင့် ခရက်ဒစ်)