Latest Posts

“သူစိမ်းအိမ်” ရုပ်ရှင် ရိုက်ကူးတုန်းက ထိခိုက်မိခဲ့တဲ့ ဒဏ်ရာတွေကို ပြသလိုက်တဲ့ ဖွေးဖွေး



ပရိသတ်တွေကြားမှာ တော်တော်လေးအောင်မြင်ခဲ့တဲ့ “ည” ရုပ်ရှင်ကို ဖန်တီးထားတဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြီး သိပ်မကြာခင်မှာပဲ ပရိသတ်တွေရဲ့သဘောကျမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ” သူစိမ်းအိမ် ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိက သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ဖွေဖွေးက ရုပ်ရှင်ရိုက်တုန်းတကယ်ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အကြောင်းကို လူမှုကွန်ယက်မှာ ချပြလိုက်တာ တွေ့ရပါတယ်။ တကိုယ်လုံးကို ညိုမဲတွေစွဲပြီး ဖွေးစိန်လေး တော်တော်ကြိုးစားခဲ့ရတာပါနော်။
ချစ်ပရိသတ်တွေအတွက်သွေးပျက်ဖွယ်ကောင်းလှတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဒဏ်ရာတွေရတဲ့အထိ ကြိုးစားခဲ့ရတဲ့ ဖွေးစိန်လေးရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဦးလွင်မိုးလက်နဲ့ ကုတ်မိသွားလို့ နှာခေါင်းပေါ်မှာ ဒဏ်ရာ ရသွားတဲ့အပြင်၊ လက်တစ်ခုလုံးလည်း ညိုမဲတဲ့အထိ သရုပ်ဆောင်ခဲ့တဲ့ ဖွေး…။


ဖွေးဖွေးကတော့ “သူစိမ်းအိမ် အမှတ်တရ ရှိစေခဲ့တဲ့ ဒဏ်ရာလေးတွေ…❣ေ ကျနပ်သယ် အားရတယ် ထိ တယ် ^__________^ 🧟‍♀️💪💪💪1 year Ago memory my darling ❤” ဆိုပြီး သူစိမ်းအိမ် ရုပ်ရှင်ရိုက်ကူးတုန်းက အမှတ်တရတွေကို ဝေမျှပေးထားတာပါ။


ဇာတ်ကားကို စတင်မရိုက်ခင်ကတည်းက Rehearsal အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ သရုပ်ဆောင်တွေ အကုန်လုံးကိုခေါ်ပြီး အိမ်ထဲမှာ သေချာလေ့ကျင့် ပြင်ဆင်ထားတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒီထက်ပိုပြီး အောင်မြင်မှုတွေရရှိဦးမှာ မလွဲမသွေပါပဲ။

မိုမိုလေးချစ်ပရိသတ်တွေလည်း ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးထားပြီး ဖွေးစိန်လေးတို့  အကောင်းဆုံး သရုပ်ဆောင် ထားတဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို သွာရောက်အားပေကြည့်ရှုကြဖို့ မမေ့ပါနဲ့နော်။

Credit  \\  original