Latest Posts

ကွန်တိန်နာ သယ်လို့ မရတဲ့ ကားတွေကို ကွန်တိန်နာ မတင်ခိုင်းကြပါနဲ့



ကွန်တိန်နာ သယ်လို့ မရတဲ့ ကားတွေကို ကွန်တိန်နာ မတင်ခိုင်းကြပါနဲ့၊ အခုလိုမျိုး ဖြစ်နိုင်လို့ပါ။

ကွန်တိန်နာပုံး ပြုတ်ကျတယ်ဆိုတာ ကွန်တိန်နာတင်တဲ့ ယာဉ်မဟုတ်လို့ ပြုတ်ကျတာပါ။ ကွန်တိန်နာတင်တဲ့ ယာဉ် မဟုတ်တဲ့ ကားတွေဟာ Lock pin ချိတ်မပါလို့  ဒီတိုင်း တင်ယုံဆိုယုံပဲ တင်လာတာပါ။ ဒီလိုကားမျိုးတွေကို ခွင့်မပြုသင့် တော့ပါဘူး။ Tin Maung Hlaing (လေးစားမှုဖြင့် ခရက်ဒစ်)


မော်တော်ယာဉ်နဲ့ ပတ်သက်တဲ့ ဥပဒေတွေ ပြင်သင့်ပြီ

အခုပုံပါဖြစ်စဉ်ကိုကြည့် ကွန်တိန်နာယာဉ်မောင်းရဲ့ ပေါ့ဆမှုကြောင့် ကွန်တိန်နာပုံး ပြုတ်ကျတယ် တက္ကစီကားလေးပေါ် ပိတယ် ကားလေးယာဉ်မောင်းဘာမှမထိခိုက်ဖူးလို့ ကြားရတယ်။ ဒါပေမယ့် ကားလေးကတော့ လုံးဝသုံးလို့မရတော့အောင် ပျက်ဆီးသွားပြီ

အဲဒီအမှုကို ဥပဒေအရ ရဲကတော့ ၂၇၉ ယာဉ်မဆင်မခြင်မောင်း နဲ့ဖွင့်ရမှာပဲ ၊ လူဒဏ်ရာရတယ် (သာမန်) ဆို ၃၃၇ ၊ လူဒဏ်ရာရတယ် (ပြင်းထန်) ဆိုရင် ၃၃၈ ၊ လူသေသွားရင် ၃ဝ၄ (က) ပေါ့ ဒါပဲရှိတယ် မော်တော်ယာဉ်နဲ့ပက်သက်တဲ့ ဥပဒေ ပြဌာန်းချက်တွေအရ ၃ဝ၄ (က) ကအမြင့်ဆုံးပဲ အပြစ်ဒဏ်ချရင် အလွန်ဆုံး ၃ နှစ်ပေါ့။


ဒါပေမယ့် သူ့ရဲ့ပေါ့ဆမှုကြောင့် ပျက်ဆီးသွားတဲ့ကားပိုင်ရှင်တွေ အရမ်းနစ်နာပါတယ်….အရင်လို လုံးချိန်းလဲ ချိန်းမရ တော့ဘူး အရည်ကြို အပ်ရုံပဲ ရတော့မယ်။ အခုပုံပါ ဖြစ်စဉ်ကိုကြည့် “ပျက်ဆီးသွားတဲ့ ကားပိုင်ရှင်တွေက တရားခံကို လျော်ကြေးတောင်းမယ် သူ့ကား တန်ဖိုးလိုချင်မှာပဲ တရားခံကားသမားဖက်က မပေးနိုင်ဘူး အမှုဖွင့်လေ ၂၇၉ လူ/ကား နေ့ချင်းအာမခံရတယ် တရားရုံးမှာဒဏ်ငွေနဲ့ပြီးတယ် ” ဆိုတာမျိုးပြောလာမှာပဲ။

ဖြစ်သင့်တာက ခေတ်နဲ့လျော်ညီတဲ့ မော်တော်ယာဉ်ဥပဒေတွေ ပြင်ဆင်ရေးဆွဲသင့်တယ်။ မဆင်မခြင်မောင်းလို့ အခြားကို တိုက်မိခိုက်မိရင် ပျက်ဆီးဆုံးရှုံးမှုကို လျော်ကြေးပေးရမယ် မပေးရင် ထောင်ချမယ် ဆိုတာမျိုး ဖြစ်သင့်တယ် အခုလို ဒဏ်ငွေနဲ့ ပြီးနေတာမျိုးမဖြစ်သင့်တော့ဘူး လို့ယူဆပါတယ်….

မြတ်သူဟိန်း (လေးစားမှုဖြင့် ခရက်ဒစ်)