Latest Posts

သြဇီမှာ အထာကျကျလျှောက်လည်နေတဲ့ ယွန်းဝတီလွင်မိုးရဲ့ အမိုက်စားပုံရိပ်တွေ



သရုပ်ဆောင်လွင်မိုးရဲ့ ချစ်မဝတဲ့ သမီးကြီးယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေကလည်း ခေးလေးယွန်းဆိုပြီး အချစ်ပိုနေကြရသူလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမကိုအရမ်းချစ်တဲ့ ခင်ပွန်းရယ်၊ အရုပ်လေးလို ချစ်စရာကောင်းတဲ့ သားသားလေး Liam (လွင်ထက်) လေးရယ်နဲ့အတူ ကိုယ်ပိုင်မိသားစုဘဝလေးကို ပုံဖော်တည်ဆောက်ထားတဲ့ ယွန်းဝတီလွင်မိုးကတော့ အိမ်ထောင်ရှင်မတစ်ဦးအနေနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာပါ

။ လတ်တလောမှာတော့ ခေးလေးယွန်းက သြဇီမှာ အလန်းစားဖက်ရှင်နဲ့လျှောက်လည်နေတဲ့ သူမရဲ့အမိုက်စား ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။
ချစ်ပရိသတ်တွေအတွက် ယုံကြည်မှုအပြည့်နဲ့  အရမ်းဂေါ်နေတဲ့ ယွန်းဝတီလွင်မိုးရဲ့ အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ယွန်းဝတီလွင်မိုးကတော့ “hii I’m going out tonight” ဆိုပြီး သူမရဲ့အလှပုံရိပ်လေးတွေကို ဝေမျှပေးထားတာပါ။ ကလေးတစ်ယောက်ရဲ့ မိခင်ဆိုတာကို မေ့သွားရလောက်အောင် အမိုက်စားဝတ်စုံလေးနဲ့ လှချင်တိုင်းလှနေတဲ့ ယွန်းဝတီလွင်မိုးလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။
ပရိသတ်တွေအရမ်းချစ်ကြတဲ့ ယွန်းဝတီလွင်မိုးလေးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ရက်နေ့က ချစ်ရသူနဲ့ လက်ထပ်ပွဲကို ခမ်းခမ်းနားနားကျင်းပခဲ့တာဖြစ်ပြီး သားသားလေး Liam ကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့မှာ မွေးဖွားသန့်စင်ခဲ့တာပါ။ အခုလက်ရှိမှာတော့ ယွန်းဝတီလွင်မိုးက သြဇီမှာကျောင်းတက်နေတယ်လို့ သိရပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ ခေးလေးယွန်းကို ချစ်ရင် share သွားကြဖို့ မမေ့နဲ့ဦးနော်။



Credit  \\  original