Latest Posts

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ စိုင်းစိုင်းနဲ့အတူတူ လက်ရာမြောက်တဲ့ ဇာတ်ကားတစ်ကားကိုဖန်တီးနေတဲ့ ကျော်သူ



မြန်မာနိုင်ငံရဲ့ ပထမဆုံးStar Awardမှာ အကောင်းဆုံး ဒါရိုက်တာဆုကိုရရှိထားတဲ့ ရုပ်ရှင်မင်းသားကြီးတစ်ဖြစ်လည်း ကျော်သူဟာ လတ်တလောမှာ ရုပ်ရှင်ကားရိုက်တွေဆက်လို့နေခဲ့ပါတယ်နော်။ သူရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ဒီနှစ်ထဲမှာဆိုရင်အတော်လည်းများနေပြီဖြစ်ပြီးတော့ တစ်ကားနဲ့တစ်ကားမတူတဲ့ရသတွေနဲ့ ထူးထူးခြားခြားအနုပညာပြချက်တွေကိုလည်း ထည့်သွင်းထားပါတယ်နော်။



သရုပ်ဆောင်ပိုင်းမှာလည်း အကယ်ဒမီဆုကို ပိုင်ဆိုင်ထားတဲ့ ဂန္တဝင်မင်းသားကြီးတစ်လတ်ဖြစ်ပြီးတော့ ဒါရိုက်တာပိုင်းမှာလည်း ထူးခွန်လွန်းတဲ့ ကျော်သူဟာ အခုတစ်ခါမှာတော့ အဆိုပိုင်းကော သရုပ်ဆောင်ပိုင်းမှာပါ နိုင်ငံကျော်တစ်ယောက်ဖြစ်လို့နေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့

အသဲစွဲ စိုင်းစိုင်းနဲ့အတူတူ “ပိတောက်ကတဲ့ ဂီတ”ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုဖန်တီးလျက်ရှိပါတယ်နော်။ တကယ့်ပါရမီရှင်နှစ်ယောက် အပင်ပန်းခံပြီး ဖန်တီးထားကြတဲ့ဇာတ်ကားလေးဖြစ်တာမို့ ရလဒ်ကတော့ မျှောင့်လင့်ထားတာထက်ကိုပိုမယ်ဆိုတာအသေအချာပါပဲနော်။





တိုင်းချစ်ပြည်ချစ် ဒါရိုက်တာမင်းသားကြီးကျော်သူကတော့ ” ယနေ့ ပြင်ဦးလွင်မြို့တွင်ရိုက်ကူးနေသော “ပိတောက်ကတဲ့ဂီတ”ရုပ်ရှင်ဇာတ်ကားကြီးအား ဒါရိုက်တာ မီးပွါး၊စိုင်းစိုင်းခမ်းလှိုင်နှင့်ကျွန်တော်တို့ အနုပညာညီအစ်ကိုများ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ဖေးဖေးမမ ဖြင့်အကောင်းဆုံးဖြစ်အောင်ဖန်တီးနေကြပါပြီ။

“ဆိုပြီးတော့သာ ပရိတ်သတ်တွေကို အသိပေးထားခဲ့ပါတယ်နော်။ ကဲ… အခုတော့ စိုင်းစိုင်းနဲ့ ဦးကျော်သူတို့နှစ်ယောက် စိတ်နှစ်ကိုယ်နှစ်နဲ့ ပီပီပြင်ပြင်ဖန်းတီးနေကြတဲ့ ဇာတ်ဝင်ခန်းအချို့ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Credit  \\  original