Latest Posts

ဆရာတော်ကြီးရဲ့ အကြားအမြင်နဲ့ ထီပေါက်မယ်ဆိုပြီး လိမ်တဲ့သူတွေကို ဂျင်းပြန်ထည့်ခြင်း(ရုပ်သံ)


ဆရာတော်ကြီးရဲ့ အကြားအမြင်နဲ့ ထီပေါက်မယ်ဆိုပြီး လိမ်တဲ့သူတွေကို ဂျင်းပြန်ထည့်ခြင်း(ရုပ်သံ)

ဒီနေ့ မနက်စောစော ယောက်ျားနဲ့ အပြင်သွားတုန်းကားပေါ်မှာဖုန်း တစ်call ဝင်လာတယ် ကိုယ်လဲကိုင်လိုက်ရော  ထီထိုး ထားလား ဘာညာ ကအစချီတယ်  (ဒီအသံကို ထီအကြောင်းအရာနဲ့ဘဲလူလိမ်တစ်ယောက် ဖုန်းဆက်လိမ်တဲ့ ဗီဒီယို ဖိုင်တစ်ခုမှာကြားဖူးတာရယ် စိတ်ဝင်တစားကြည့်ဖူးတာရယ်ကြောင့်) ကိုယ်နဲ့တော့ လာတွေ့ဘီဆိုပြီးလက်က အလိုလို record နှိပ်ထားလိုက်တယ်။


သူဘယ်လောက်လိမ်နိုင်မလဲပေါ့ ဒီလိုကလိမ်ကကျစ်တွေကို တတ်နိုင်သလောက် ပြန်နှိပ်ကွပ်ချင်တာရောကြောင့်  ပါးစပ် ထဲတွေ့ရာလိပ်စာ နဲ့နာမည် ပေးပြီး သူပြောတာ  သည်းခံနားထောင် အချိန်ဆွဲထားလိုက်တယ်  လူလိမ်တွေနော် ပိပိရိရိ နဲ့လိမ်နေကြတာ ကိုယ်တွေက  ဂျင်းမဟုတ်ဘူးဆိုတာ သက်သေပြလိုက်တယ်။

အရသာအရှိဆုံးက သူပြောတာတွေကို စိတ်ရှည်လက်ရှည် ဘောပင်ကိုင်မှတ်ပြီး ဖော်လိုလိုက်နေတော့ အဟုတ်ထင် သူ့ဂွင်ဝင်ပြီဆိုပြီး ဝမ်းသာအားရ wave money မှာပြေးစောင့်နေတာဘဲ။ ၃မိနစ်တခါလောက် သမီးအဆင်ပြေလား လွှဲပြီးဘီလားနဲ့ ပိုင်ပြီထင် အူမြူးပြီးဆက်နေတာ  ကိုယ်ကလဲ ဟုတ်ကဲ့အိမ်သော့ခတ်နေဘီ ခုလာနေပြီ ခုလွှဲတော့မယ်နဲ့ ထိုင်ခွီနေကြတာ

ဗဟုသုတနားထောင်ကြည့်ကြပါ အစအဆုံး တဖိုင်က သူကဂျင်းထည့်ထားတာ၊ တဖိုင်က ကိုယ်က ပြန်ဂျင်းထည့်လိုက် ကြောင်း ပြန်ချေပထားတာ  စွေ့စွေ့တော့ ခုန်သွားတယ် ဆဲလဲဆဲသွားသလို မက်ဆေ့ လဲပို့သေးတယ် ကိုယ်တွေတော့ တနေ့လုံးဖွင့်ကြည့်ပြီးရီနေရတယ် တကယ်…

သူက ဂျင်းထည့်တဲ့ ဗီဒီယိုဖိုင်


ကိုယ်က ပြန်ဂျင်းထည့်တဲ့ ဗီဒီယိုဖိုင်


MaPhyo Phyo (လေးစားမှုဖြင့် ခရက်ဒစ်)